ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၀၇ စာ. ၁၈
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗီဒီယိုဂိမ်းများကို စွဲနိုင်သလော
  • “မလုံခြုံမှုနှင့် စိတ်ဒုက္ခ” ခံစားရလေ့ရှိသည့် လူချမ်းသာများ
  • စိတ်ကျန်းမာရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း
  • ချာ့ချ်မျှော်စင်များကို အသုံးချခြင်း
  • ဂိမ်းကစားသူများ အန္တရာယ်ရှိသလော
    နိုးလော့!—၂၀၀၃
  • အီလက်ထရောနစ် ဂိမ်းတွေအကြောင်း ဘာတွေ သိထားသင့်သလဲ
    လူငယ်များအမေး
  • ပြောင်းလဲနေသော—အီလက်ထရွန်နစ် ဂိမ်းလောက
    နိုးလော့!—၂၀၀၃
  • အီလက်ထရွန်နစ်ဂိမ်းတွေကို ငါကစားသင့်သလား
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၄/၀၇ စာ. ၁၈

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ မြို့ပြများ လျင်မြန်စွာပေါ်ထွက်လာခြင်းကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းတွင် သန်း ၄၀ ခန့် ရှိသော တရုတ်လယ်သမားများသည် မိမိတို့၏လယ်မြေများကို ဆုံးရှုံးခဲ့ကြ၏။—CHINA DAILY သတင်းစာ၊ တရုတ်။

◼ ၂၀၀၅ ခုနှစ်အတွင်းတွင် ကမ္ဘာတစ်ဝန်း၌ စစ်ပွဲကြီး ၂၈ ခုနှင့် လက်နက်ကိုင်တိုက်ခိုက်မှု ၁၁ ခုဖြစ်ပွားခဲ့သည်။—VITAL SIGNS 2006-2007, WORLDWATCH INSTITUTE.

◼ တိုကျိုနည်းပညာတက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့သည် အိမ်သုံးဘက်ထရီကို အသုံးပြုထားသော ၁၂၅ ပေါင်ပင်မပြည့်သည့် အလွန်ပေါ့ပါးသော လေယာဉ်ငယ်တစ်စင်းကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည်။ လေယာဉ်သည် ၅၉ စက္ကန့်တွင် ၁,၂၈၃ ပေအမြင့်ရောက်အောင် ပျံသန်းနိုင်ခဲ့သည်။—MAINICHI DAILY NEWS သတင်းစာ၊ ဂျပန်။

◼ အသက် ၁၂ နှစ်မှ ၂၀ နှစ်ရှိ ဒတ်ချ်လူမျိုးအင်တာနက်အသုံးပြုသူများသည် အင်တာနက်ကင်မရာသုံး၍ “ကိုယ်ရေးအချက်အလက်ဆိုက်” ဟုခေါ်သောဆိုက်ကိုကြည့်ရှုစဉ်တွင် “ယောက်ျားလေး ၄၀ ရာခိုင်နှုန်းနှင့် မိန်းကလေး ၅၇ ရာခိုင်နှုန်းသည် အင်တာနက်ကင်မရာရှေ့တွင် အဝတ်အစားများချွတ်ပြရန် သို့မဟုတ် လိင်ဆက်ဆံသည့်အမူအရာများ လုပ်ပြရန် တောင်းဆိုခံရသည်ဟု သတင်းပေးခဲ့သည်။”—RUTGERS NISSO GROEP သတင်းစာ၊ နယ်သာလန်။

ဗီဒီယိုဂိမ်းများကို စွဲနိုင်သလော

“ကွန်ပျူတာဂိမ်းများ အလွန်အကျွံကစားသူများ၏ ဦးနှောက်တုံ့ပြန်မှုသည် အရက်စွဲနေသူ၊ ဆေးခြောက်စွဲနေသူများ၏ ဦးနှောက်တုံ့ ပြန်မှုနှင့်တူသည်” ဟု ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ရှာရီတေတက္ကသိုလ်ဆေးရုံမှ ဆေးစွဲခြင်း သုတေသနအဖွဲ့ခေါင်းဆောင် စိတ်ပညာရှင် ရာ့ဖ်သာလမဲန်ကဆိုသည်။ ကွန်ပျုတာဂိမ်းအလွန်အကျွံကစားခြင်းက ဒိုပါမင်ဓာတုဒြပ်ပေါင်းကို တိုး၍ထုတ်လွှတ်စေရန် လှုံ့ဆော်ပေးပြီး ယင်းက ကစားသူ၏ဦးနှောက်အတွင်းသို့ ရောက်ရှိကာ သာယာသောအာရုံကို ဖြစ်ပေါ်စေ၍ တဖြည်းဖြည်း “စွဲ” သွားနိုင်သည်ဟုယူဆရ၏။ လေ့လာမှုတစ်ခုက ဗီဒီယိုဂိမ်းကစားသူ ၁၀ ရာခိုင်နှုန်းကျော်သည် ယင်းသို့ဖြစ်နိုင်သည်ဟု ဆို၏။

“မလုံခြုံမှုနှင့် စိတ်ဒုက္ခ” ခံစားရလေ့ရှိသည့် လူချမ်းသာများ

ပေကျင်းသတင်းစာ China Daily တွင် “သန်းကြွယ်သူဌေးများသည် မလုံခြုံမှုနှင့် စိတ်ဒုက္ခများခံစားနေရသည်” ဟုဖော်ပြထား၏။ တရုတ်ပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ ယွမ်ငွေ ၂.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇၅ သန်း) ချမ်းသာသူ သန်းကြွယ်သူဌေးများကို လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့သည်။ “ဘာသာရေးယုံကြည်ချက်၊ အိမ်ထောင်ရေး၊ အသက်တာ၊ အလုပ်အကိုင်နှင့် ငွေအပေါ်ထားရှိသော” လူချမ်းသာများ၏သဘောထားကို လေ့လာခဲ့ရာ “သန်းကြွယ်သူဌေးအများစုက ငွေကို ချစ်လည်းချစ်၍ မုန်းလည်းမုန်းကြသည်” ကို သုတေသီများတွေ့ရှိခဲ့ရ၏။ ဖြေကြားသူအများစုက လူမှုရေးအဆင့်အတန်းနှင့် အောင်မြင်ပြီးမြောက်သည်ဟူသောအသိကို ထည့်မတွက်လျှင် “ငွေသည် စိတ်အနှောင့်အယှက်ဖြစ်စရာများကိုသာ ယူဆောင်လာပေးသည်” ဟုဆိုကြ၏။

စိတ်ကျန်းမာရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း

မကြာသေးမီက နိုင်ငံ ၁၄ ခုမှ ပညာရှင် ၁၀၀ ကျော်တို့သည် လယ်ယာစိုက်ပျိုးမှု၊ သင်ကြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ ပေါင်းစပ်ပါဝင်သော အတွေးအမြင်တစ်ခုဖြစ်သည့် ကျန်းမာရေးအတွက် လယ်ယာစိုက်ပျိုးခြင်းအကြောင်း လေ့လာရန် နော်ဝေးနိုင်ငံ၊ စထာဗန်ဂါမြို့တွင် တွေ့ဆုံခဲ့ကြသည်။ အဲန်အာရ်ကေ အသံလွှင့်ကုမ္ပဏီ၏အဆိုအရ နှစ်အတန်ကြာ စိတ်ရောဂါစွဲကပ်နေသူတို့သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် စတင်ပါဝင်ကြပြီးနောက် ဆေးရုံတက်စရာမလိုတော့ချေ။ ယင်းက “စိတ်ရောကိုယ်ပါ ကျန်းမာစေ၏။” နော်ဝေးနိုင်ငံမှ မိရိုးဖလာ လယ်ယာလုပ်ငန်း ၆၀၀ ကျော်တို့သည် ဤအစီအစဉ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အပိုဝင်ငွေများရရှိကြသည်။

ချာ့ချ်မျှော်စင်များကို အသုံးချခြင်း

“[အမေရိကန်မှ] နယူးအင်္ဂလန်ချာ့ချ်များသည် အလှူငွေလျော့နည်းလာသည့် ပြဿနာကိုဖြေရှင်းဖို့ ချာ့ချ်မျှော်စင်များကို ဆယ်လူလာဖုန်းစနစ်အတွက် အင်တင်နာတိုင်များထောင်ရန် မြင့်မားသောနေရာများရလိုသည့် ကြိုးမဲ့တယ်လီဖုန်းကုမ္ပဏီများသို့ အငှားချလိုက်သည်” ဟု Newsweek မဂ္ဂဇင်းကဆိုသည်။ ဆဲလ်ဖုန်းမှ သတင်းများကို လက်ခံထုတ်လွှင့်ပေးသည့် တာဝါတိုင်များထောင်ရာ၌ လူနေထိုင်ရာဒေသများတွင် ကန့်သတ်မှုများရှိပြီး နေထိုင်သူများကလည်း မိမိတို့အနီးအနားတွင် ထိုအင်တင်နာတိုင်ကြီးများကို မရှိစေလိုကြချေ။ ဆဲလ်ဖုန်းကုမ္ပဏီများသည် သူတို့၏ ပစ္စည်းကိရိယာများကို ချာ့ချ်မျှော်စင်များအတွင်းတွင် လူမမြင်နိုင်အောင် ထည့်ထားကြသည်။ ချာ့ချ်အတိုင်ပင်ခံလုပ်ငန်းတစ်ခုမှ ဥက္ကဋ္ဌတစ်ဦးက “ယခုဆိုလျှင် ချာ့ချ်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီသုံးခုမှ အင်တင်နာတပ်ဆင်ခဲ့ကာ ချာ့ချ်သည် အသုံးမပြုသောနေရာလွတ်တစ်ခုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၄,၀၀၀ ဝင်ငွေရရှိနေသည်” ဟုဆို၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ