ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၈ စာ. ၁၇-၂၅
  • မြေဆီလွှာထဲတွင် အံ့ဖွယ် ပေါင်းစည်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြေဆီလွှာထဲတွင် အံ့ဖွယ် ပေါင်းစည်းခြင်း
  • နိုးလော့!—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်ရာ—အကြောင်းတရားကား အဘယ်နည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • သက်ရှိအတွက် သံသရာများ
    နိုးလော့!—၂၀၀၉
  • ဒူပေနာပေခံ ထိုရောဂါပိုးများ—ပြန်ထွန်းလာပုံ
    နိုးလော့!—၂၀၀၄
  • ရှင်သန်နေသောဂြိုဟ်
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၈
န ၈/၀၈ စာ. ၁၇-၂၅

ပုံစံပြုထားခြင်းလော

မြေဆီလွှာထဲတွင် အံ့ဖွယ် ပေါင်းစည်းခြင်း

◼ အချို့သောအပင်များနှင့် ဘက်တီးရီးယားပိုးများသည် အသက်ရှင်နိုင်ရန်အတွက် မြေဆီလွှာထဲတွင် အံ့ဖွယ်နည်းဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်ကြသည်။

စဉ်းစားဆင်ခြင်ကြည့်ပါ– နိုက်ထရိုဂျင်သည် အပင်ကြီးထွားရန်နှင့် မျိုးပွားရန်အတွက် မရှိမဖြစ်လိုအပ်သည်။ သို့သော် နိုက်ထရိုဂျင်သည် သစ်ပင်မြက်ပင်များ ၎င်းကိုအသုံးမပြုမီတွင် အမိုးနီးယားကဲ့သို့သော ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲရသည်။ ပဲမျိုးဝင်အပင်များသည် ရိုင်ဇိုးဗီးယားဟုခေါ်သော ဘက်တီးရီးယားပိုးနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကာ ထိုပြဿနာကို ဖြေရှင်းလိုက်သည်။ မတူညီသောသက်ရှိများကြား ထိုကဲ့သို့ နှစ်ဦးနှစ်ဖက်အကျိုးပြုသည့် ပူးပေါင်းလုပ်ဆောင်မှုကို စင်မ်ဘိုင်အိုစစ် (symbiosis) ဟုခေါ်သည်။

ပဲမျိုးဝင်အပင်သည် အထူးဓာတုပစ္စည်းတစ်မျိုးအားဖြင့် ဘက်တီးရီးယားပိုးအား ၎င်း၏အမြစ်များဆီသို့ ဝင်ရောက်လာရန် ဆွဲဆောင်သည်။ ဘက်တီးရီးယားပိုးနှင့် အပင်သည် ကွဲပြားသောလောကနှစ်ခု၏ အဖွဲ့ဝင်များဖြစ်ကြသော်လည်း “မရှိမဖြစ်လိုအပ်သော အင်္ဂါအသစ်တစ်ခုဖြစ်သည့် နိုက်ထရိုဂျင်ကို အပြည့်အဝဖမ်းချုပ်ပေးသော အမြစ်ဖုတည်ဆောက်ရာတွင် ၎င်းတို့သည် အတူတကွလုပ်ဆောင်ကြသည်” ဟု မဂ္ဂဇင်းတစ်စောင် (Natural History) ကဆိုသည်။ မိမိတို့၏နေအိမ်အသစ်နှင့် အလုပ်ရုံဖြစ်လာသော အမြစ်ဖုအတွင်းပိုင်းတွင် ဘက်တီးရီးယားတို့သည် အလုပ်စကြတော့သည်။ ၎င်းတို့ အဓိကအသုံးပြုသည့်ပစ္စည်းမှာ နိုက်ထရိုဂျင်ကို အမိုးနီးယားသို့ပြောင်းလဲစေသော အထူးအင်ဇိုင်းတစ်မျိုးဖြစ်သည့် နိုက်ထရိုဂျင်နေ့စ်ဟုခေါ်သော ပရိုတင်းပုံစံတစ်မျိုးဖြစ်သည်။ ၎င်းအင်ဇိုင်းများက မြေဆီလွှာထဲရှိ လေပူပေါင်းများမှ ရယူထားသော နိုက်ထရိုဂျင်ကို ပြောင်းလဲလိုက်သည်။

“ကမ္ဘာဂြိုဟ်၏ နိုက်ထရိုဂျင်နေ့စ်အားလုံးသည် ရေပုံးကြီးတစ်ပုံးစာရှိသည်” ဟု အဆိုပါမဂ္ဂဇင်းက ဆိုသည်။ ထို့ကြောင့် မော်လီကျူးတိုင်းသည် အရေးပါသည်! သို့သော် ပြဿနာတစ်ခုရှိနေသည်။ အင်ဇိုင်းသည် အောက်ဆီဂျင်ကြောင့် ပျက်စီးသွားသည်။ ဖြေရှင်းနည်းမှာ အဘယ်နည်း။ ပဲမျိုးဝင်အပင်သည် အန္တရာယ်ဖြစ်စေနိုင်သော အောက်ဆီဂျင်ကိုဖယ်ရှားပစ်သည့် အထူးပစ္စည်းတစ်ခုကို ထုတ်လုပ်ပေးသည်။

အမြစ်ဖုဝန်းကျင်မှ အမြှေးပါးလေးသည် ဘက်တီးရီးယားပိုးနှင့် အပင်ကြား အမိုးနီးယား၊ သကြားနှင့် အခြားအာဟာရများ ဖလှယ်ရာတွင် ထိန်းချုပ်ပေးသည်။ အပင်အားလုံးကဲ့သို့ပင် ပဲမျိုးဝင်အပင်သည် နောက်ဆုံး၌ သေသွားသော်လည်း အမိုးနီးယားကမူ မြေဆီလွှာထဲတွင် ဆက်လက်ရှိနေသည်။ ထို့ကြောင့် ပဲမျိုးဝင်အပင်များကို “အစိမ်းရောင်မြေသြဇာ” ဟု တော်သင့်မှန်ကန်စွာ ခေါ်ဆိုခဲ့ကြသည်။

သင် မည်သို့ထင်သနည်း။ ဘက်တီးရီးယားပိုးများနှင့် ၎င်းတို့၏အဖော် အပင်များသည် ဤမျှအံ့သြဖွယ်ရာဖြစ်ပြီး အလွန့်အလွန်ရှုပ်ထွေးလှသည့် အသက်ထောက်ပံ့မှုစနစ်ကို “တီထွင်” နိုင်ပါသလော သို့မဟုတ် ပုံစံပြုထားခြင်းဖြစ်သည် ဟူသော နောက်ထပ်သက်သေသာဓကတစ်ခုလော။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အမြစ်ဖု

[Picture Credit Lines on page 25]

Background: © Wally Eberhart/​Visuals Unlimited; inset: © Dr. Jack M. Bostrack/​Visuals Unlimited

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ