ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန်ပြည်ထောင်စု
  • တရုတ်
  • ဂရိ
  • အိန္ဒိယ
  • အီတလီ
  • ကမ္ဘာချီ ပြဿနာတစ်ရပ်
    နိုးလော့!—၂၀၀၂
  • ဘဝကို လူတို့အရှုံးပေးရသည့်အကြောင်း
    နိုးလော့!—၂၀၀၂
နိုးလော့!—၂၀၁၃
န ၈/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် စစ်မှုထမ်းဟောင်း အယောက် ၂၀ ကျော်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့က ထောက်ပံ့နေတဲ့ စစ်မှုထမ်းဟောင်းတွေထဲက အယောက် ၉၅၀ ခန့်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လစဉ် ကြံစည်နေကြတယ်။

တရုတ်

“ရပ်ဝေးမှာ အလုပ်သွားလုပ်တဲ့ အသက် ၃၀ အောက် အမျိုးသမီးထက်ဝက်လောက်က လက်မထပ်ခင် ကိုယ်ဝန်ရနေကြတယ်။ လွန်ခဲ့တဲ့မျိုးဆက်တစ်ဆက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရေအတွက်က တစ်ဟုန်ထိုးတိုးများလာတယ်။” (China Daily) “လက်မထပ်ဘဲ အတူနေထိုင်တာကို ပိုလက်ခံလာကြတယ်” လို့ တရုတ်အသိုင်းအဝိုင်းက ဆိုတယ်။

ဂရိ

ဂရိမှာ ၁၉၇၄ ခုနှစ်ကတည်းက နိုင်ငံကနေ အမြစ်ပြတ်ချေမှုန်းလိုက်တဲ့ ငှက်ဖျားရောဂါဟာ တစ်ကျော့ပြန်ခေါင်းထောင်လာတယ်။ စီးပွားရေးကပ်ဆိုက်မှုနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးအသုံးမပြုတော့တာက ဒီရောဂါပြန်ပေါ်လာခြင်းရဲ့ တရားခံဖြစ်တယ်လို့ ဆိုကြတယ်။

အိန္ဒိယ

စစ်တမ်းတစ်ခုအရ လူမှုအဖွဲ့အစည်းတွေ လျင်မြန်စွာ ပြောင်းလဲလာပေမဲ့လည်း ၇၄ ရာခိုင်နှုန်းဟာ အချင်းချင်း ချစ်ကြိုက်လို့ယူတာထက် မိဘစီစဉ်ပေးတာကိုပဲ ပိုသဘောကျတယ်လို့ ဖော်ပြတယ်။ ၈၉ ရာခိုင်နှုန်းက အိမ်ခွဲမနေဘဲ မိသားစု တစ်စုတစ်စည်းတည်းနေတာကို ပိုသဘောကျတယ်။

အီတလီ

“ဥရောပမှာရော အမေရိကမှာပါ ချာ့ချ်က စိတ်ကုန်စရာကောင်းတဲ့အရာ ဖြစ်နေပြီ။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေက ခေတ်နောက်ကျနေပြီ၊ ချာ့ချ်တွေကတော့ ကြီးပါတယ်၊ ဒါပေမဲ့ တက်တဲ့သူမရှိသလောက်ပဲ။ ချာ့ချ်ရဲ့ အုပ်ချုပ်မှုစနစ်ကလည်း ရှုပ်ထွေးတယ်၊ ကျွန်တော်တို့ရဲ့ ထုံးတမ်းတွေနဲ့ ဝတ်ရုံကြီးတွေကလည်း ဟိတ်ကြီးဟန်ကြီးဖြစ်လွန်းတယ်။ ချာ့ချ်က အနှစ် ၂၀၀ နောက်ကျကျန်ခဲ့ပြီ။”—Corriere della Sera သတင်းစာမှာပါတဲ့ ကာဒီနယ်ဘုန်းတော်ကြီး ကာလို မာရီးယာ မာတီနီ နဲ့ တွေ့ဆုံမေးမြန်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ