ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၃ စာ. ၁၀-၁၁
  • ယေရှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုက ဘုရားသခင်လား
  • ဘယ်အချိန်မှာ ယေရှုမွေးဖွားခဲ့သလဲ
  • ယေရှုသေဆုံးပြီးတဲ့နောက် တကယ်ပြန်အသက်ရှင်လာသလား
  • ယေရှုကို ဒီဇင်ဘာလမှာ မွေးဖွားခဲ့သလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှုကို မည်သည့် အချိန်တွင် မွေးဖွားခဲ့သနည်း
    နိုးလော့!—၂၀၀၈
  • ယေရှုခရစ် နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၁၂/၁၃ စာ. ၁၀-၁၁

သမ္မာကျမ်းစာရှုထောင့်

ယေရှု

ယေရှုက ဘုရားသခင်လား

“ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး။” —ယောဟန် ၁:၁၈။

လူတွေပြောဆိုရာ–

ယေရှုဟာ ဘုရားမဟုတ်ဘူးလို့ လူတော်တော်များများ ယုံကြည်ကြတယ်။ ဒါပေမဲ့ တချို့ကျတော့ ယေရှုဟာ ဘုရားသခင်နဲ့တန်းတူဖြစ်တယ်လို့ ဖော်ပြပုံရတဲ့ ကျမ်းချက်တွေကို ထောက်ပြကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာက ယေရှုကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်အနေနဲ့ ဒါမှမဟုတ် ဘုရားသခင်နဲ့တန်းတူဖြစ်တယ်လို့ မဖော်ပြထားပါဘူး။ အဲဒီအစား ယေရှုဟာ ဘုရားသခင်လက်အောက်မှာရှိတယ်လို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ဥပမာ၊ ယေရှုကိုယ်တိုင်ပြောခဲ့တဲ့ စကားကို သမ္မာကျမ်းစာမှာ ဒီလိုမှတ်တမ်းတင်ထားတယ်– “ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။” (ယောဟန် ၁၄:၂၈) “ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး” လို့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၁:၁၈) ယေရှုဟာ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုရင် ယေရှုကို လူအများကြီးမြင်ခဲ့ဖူးလို့ပါပဲ။

ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေလည်း ယေရှုကို ဘုရားသခင်ဖြစ်တယ်လို့ မပြောခဲ့ဘူး။ ဥပမာ၊ ခရစ်ဝင်ကျမ်းရေးသူ ယောဟန်က ဒီလိုရေးထားတယ်– “ယေရှုသည် ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်စေရန်၊ . . . ဤအရာများကို ရေးထားလျက်ရှိသတည်း။”—ယောဟန် ၂၀:၃၁။a

ဘယ်အချိန်မှာ ယေရှုမွေးဖွားခဲ့သလဲ

“သိုးထိန်းများသည် မိမိတို့၏သိုးအုပ်များကို ညအခါ ကွင်းပြင်၌ ထိန်းကျောင်းလျက်ရှိကြ၏။” —လုကာ ၂:၈။

လူတွေပြောဆိုရာ–

လူတချို့က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရစ္စမတ်ပွဲကျင်းပကြပြီး ယေရှုမွေးတဲ့နေ့လို့ ပြောကြတယ်။ တချို့ကျတော့ ဇန်နဝါရီလအစောပိုင်းမှာ ကျင်းပတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာမှာ ယေရှုကို ဘယ်နေ့၊ ဘယ်ရက်မှာ မွေးတယ်ဆိုပြီး မရေးထားဘူး။ ဒါပေမဲ့ ယေရှုမွေးတဲ့အချိန်မှာ “သိုးထိန်းများသည် မိမိတို့၏သိုးအုပ်များကို ညအခါ ကွင်းပြင်၌ ထိန်းကျောင်းလျက်ရှိကြ၏” လို့တော့ ရေးထားတယ်။ (လုကာ ၂:၈) ဒီဇင်ဘာနဲ့ ဇန်နဝါရီလရဲ့ ညအချိန်တွေမှာ သိုးထိန်းတွေဟာ ကွင်းပြင်မှာသိုးတွေကို ထိန်းကျောင်းလေ့မရှိဘူး။ ဘာဖြစ်လို့လဲ။

ဒီဇင်ဘာနဲ့ ဇန်နဝါရီလဟာ ယေရှုမွေးတဲ့ဒေသမှာ အချမ်းအေးဆုံးရာသီဖြစ်နေလို့ပါပဲ။ အဲဒီအချိန်အခါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် လူတွေဟာ “သည်းထန်စွာမိုးရွာ” တဲ့အတွက် ခိုက်ခိုက်တုန်နေတာကို တွေ့ရတယ်။ (ဧဇရ ၁၀:၉၊ ၁၃; ယေရမိ ၃၆:၂၂) အဲဒီလိုအချိန်အခါမျိုးမှာ သိုးထိန်းတွေ “ကွင်းပြင်” မှာ သိုးထိန်းလေ့မရှိကြဘူး။

ယေရှုသေဆုံးပြီးတဲ့နောက် တကယ်ပြန်အသက်ရှင်လာသလား

‘ထိုအရှင်[ယေရှု]ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူ၏။’ —တမန်တော် ၃:၁၅။

လူတွေပြောဆိုရာ–

ယေရှုအပါအဝင် ဘယ်သူမှ သေဆုံးပြီးတဲ့နောက် အသက်ပြန်ရှင်လာတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး လူတချို့ပြောကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

ယေရှုက နောက်လိုက်တွေကို မိမိဟာ ‘ဒုက္ခများစွာ ခံရမယ်။ အသတ်ခံရမယ်၊ သုံးရက်မြောက်သောနေ့မှာ ထမြောက်မယ်’ ဆိုပြီး ပြောခဲ့တယ်။ (မဿဲ ၁၆:၂၁) ယေရှု အသတ်ခံရပြီးတဲ့နောက် ရှင်ပြန်ထမြောက်လာတယ်၊ လူ ၅၀၀ ကျော်ရှေ့မှာ ကိုယ်ထင်ရှားပြတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၅:၆) အဲဒီမျက်မြင်သက်သေတွေဟာ ယေရှုရှင်ပြန်ထမြောက်တာကို အပြည့်အဝယုံကြည်ခဲ့ကြတယ်။ အဲဒီယုံကြည်ချက်အတွက် အသေခံဖို့တောင် အသင့်ရှိကြတယ်။—တမန်တော် ၇:၅၁-၆၀; ၁၂:၁၊ ၂။

ဘာကြောင့်အရေးကြီးတာလဲ–

ယေရှုရဲ့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကတိပြုထားတဲ့ မြေကြီးပရဒိသုမှာ ထာဝရအသက်ခံစားရအောင် လူသားအားလုံးအတွက် လမ်းဖွင့်ပေးတယ်လို့ သမ္မာကျမ်းမှာဖော်ပြထားတယ်။ (ဆာလံ ၃၇:၁၁၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ဒါကြောင့် ယေရှုနဲ့ အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရား သခင်ပြသတဲ့ မေတ္တာကြောင့် မြေကြီးပရဒိသုမှာ ထာဝစဉ်ပျော်ရွှင်စွာ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။—ယောဟန် ၃:၁၆; ရောမ ၆:၂၃။

a ယေရှုကို “ဘုရားသခင်၏သားတော်” လို့ ပြောတာက ဘုရားသခင်မှာ ပကတိဇနီးရှိတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဘုရားသခင်ဟာ ယေရှုကို မိမိမှာရှိတဲ့ အရည်အသွေးတွေထည့်သွင်းပြီး ကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့အတွက် သားတော်လို့ခေါ်ခြင်းဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ