ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၄ စာ. ၁၀-၁၁
  • ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • လူငယ်တို့—ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ရွယ်တူချင်းဖိအားကို ဘယ်လို ကိုင်တွယ်နိုင်မလဲ
    နိုးလော့!—၂၀၀၃
  • ရွယ်တူချင်းဖိအား—သင့်အကျိုးအတွက်ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁/၁၄ စာ. ၁၀-၁၁
ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကို စီးကရက်ကမ်းပေးနေ

မိသားစုတွေအတွက် အကူအညီ | လူငယ်များ

ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ

အခက်အခဲ

အထက်တန်းကျောင်းသားတစ်ယောက်ဟာ မိမိကိုထိန်းချုပ်ဖို့ ရွယ်တူချင်းကို ခွင့်ပြုနေ

အလယ်တန်းကျောင်းသူဘဝတုန်းက ကျွန်မကို ဘယ်သူမှ အပေါင်းအသင်းမလုပ်ချင်ကြလို့ ဝမ်းနည်းခဲ့ရတယ်။ ဒါနဲ့ အထက်တန်းကျောင်းတက်တော့ ကျွန်မရဲ့အပြောအဆိုနဲ့ပုံစံကို ခပ်မိုက်မိုက်ဖြစ်အောင် ပြောင်းပစ်လိုက်တော့လဲ သိပ်မထူးဘူး။ သူငယ်ချင်းမရှိမှာကိုကြောက်လို့ ကျွန်မကိုသဘောကျအောင် သူငယ်ချင်းတွေအကြိုက် လိုက်လုပ်ခဲ့ရတယ်။—ဂျနီဖာ၊ ၁၆ နှစ်။a

သင်လည်း ရွယ်တူတွေရဲ့ဖိအားပေးတာ ခံနေရပါသလား။ ခံနေရတယ်ဆိုရင် ဒီဆောင်းပါးက ရွယ်တူချင်းဖိအားကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ထောက်ကူပေးပါလိမ့်မယ်။

ရွယ်တူတွေရဲ့အကြိုက်ကိုပဲ လိုက်လုပ်နေရင် သင်ဟာ အသိဉာဏ်မရှိတဲ့ စက်ရုပ်လိုဖြစ်သွားပါလိမ်မယ့်။ ဘာဖြစ်လိုလဲဆိုတော့ တခြားသူတွေ သင့်ကိုထိန်းချုပ်ဖို့ သင်ခွင့်ပြုလိုက်လို့ပဲ။ အဲဒီလို အဖြစ်မခံပါနဲ့။—ရောမ ၆:၁၆။

သိထားရမယ့်အရာ

ရွယ်တူချင်းဖိအားက လူကောင်းတွေကိုတောင် မကောင်းတာတွေ လုပ်မိစေနိုင်တယ်။

“မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေ တတ်၏”။—၁ ကောရိန္သု ၁၅:၃၃။

“တစ်ခါတလေ လုပ်ရပ်တစ်ခုဟာ မှားနေတယ်၊ မလုပ်သင့်ဘူးဆိုတာသိပေမဲ့ အပေါင်းအသင်းတွေက လုပ်ဖို့ဖိအားပေးတဲ့အခါသူတို့အကြိုက် လုပ်မိသွားတယ်။”—ဒိုင်နာ။

တခြားသူဆီကမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ဆီကလည်း လာနိုင်တယ်။

“ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။”—ရောမ ၇:၂၁။

“ကျွန်မသူငယ်ချင်းတွေ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောပြောနေတဲ့အရာတွေကို သူတို့ကလုပ်ဖို့ဖိအားမပေးရင်တောင် ကျွန်မက အဲဒါကို လုပ်ချင်နေတာ။ ဒါနဲ့ ဖိအားက ကိုယ်ကိုယ်တိုင်ဆီကလာသလို ဖြစ်သွားရော။”—ဒိုင်ယာနာ။

ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်တာက ဂုဏ်ယူစရာလုပ်ရပ်တစ်ခု ဖြစ်တယ်။

“ကြည်လင်သောသြတ္တပ္ပစိတ်ကို ထိန်းသိမ်းထားလော့။”—၁ ပေတရု ၃:၁၆။

“အရင်တုန်းကတော့ ရွယ်တူချင်းဖိအားကို တွန်းလှန်ဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ အခုတော့ သူတို့တွေ ကိုယ့်ကို တစ်မျိုးထင်မှာကို တွေးမပူတော့ဘူး။ ကျွန်မရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြတ်ပြတ်သားသားလုပ်ဆောင်တယ်။ စိတ်ကြည်ကြည် လင်လင်နဲ့ အိမ်ရာဝင်ရတာကို ဘာနဲ့မှ မလဲနိုင်ဘူး။”—ခါလာ။

လုပ်ဆောင်နိုင်ရာ

ရွယ်တူချင်းတွေက မကောင်းတာလုပ်ဖို့ ဖိအားပေးလာတဲ့အခါ အောက်ပါအချက်တွေကို လုပ်ကြည့်ပါ။

အကျိုးဆက်ကို စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– “ရွယ်တူတွေရဲ့အကြိုက်ကို ငါလိုက်လုပ်နေရင် မိဘတွေ ငါ့ကိုဘယ်လိုထင်မလဲ။ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုထင်မလဲ။”—ကျမ်းစာလမ်းညွှန်ချက်၊ ဂလာတိ ၆:၇။

“ကျွန်မမိဘတွေက ဒီလိုမျိုးမေးခွန်းတွေ မေးတတ်တယ်– ‘ရွယ်တူတွေရဲ့အကြိုက် လိုက်လုပ်နေရင် သမီးဘာဖြစ်သွားမလဲ။’ ရွယ်တူတွေဖိအားပေးတာကို လျှောက်လုပ်နေရင် ကိုယ့်အနာဂတ်ကို ထိခိုက်နိုင်တယ်ဆိုတာကိုလည်း သိမြင်လာအောင် ကျွန်မမိဘတွေ ကူညီပေးတယ်။”—အိုလစ်ဗီယား။

သင့်ခံယူချက် ခိုင်မာပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီလုပ်ရပ်က မကောင်းဘူးလို့ ငါဘာကြောင့် ယူမှတ်တာလဲ။ တခြားသူပြောလို့လား၊ ငါ့ရဲ့ခံယူချက် အစစ်လား။’—ကျမ်းစာလမ်းညွှန်ချက်၊ ဟေဗြဲ ၅:၁၄။

“ငယ်ငယ်တုန်းကတော့ ရွယ်တူတွေဖိအားပေးတဲ့အခါ မလုပ်ဘူးလို့ပြောပြီး ငြင်းလိုက် တယ်။ ဒါပေမဲ့ အခုတော့ မလုပ်ရတဲ့အကြောင်းကို ရှင်းပြပေးနိုင်ပြီ။ မလုပ်ရတဲ့အကြောင်းရင်းက တခြားသူကြောင့်မဟုတ်ဘဲ ကိုယ်တိုင်ရဲ့ခံယူချက် ဖြစ်လို့ပါ။”—အနီးတာ။

ကိုယ်ရှိချင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိအောင်လုပ်ပါ။ ‘ငါဘယ်လိုလူစားမျိုး ဖြစ်ချင်သလဲ’ ဆိုပြီး သင့်ကိုယ်သင်မေးပါ။ ပြီးတဲ့နောက် သင်ကြုံနေရတဲ့ဖိအားကိုစဉ်းစားပြီး ‘ငါဖြစ်ချင်တဲ့လူစားမျိုးက ဒီလိုအခြေအနေမျိုးကြုံရင် ဘယ်လိုတုံ့ပြန်မလဲ’ ဆိုပြီးမေးပါ။—ကျမ်းစာလမ်းညွှန်ချက်၊ ၂ ကောရိန္သု ၁၃:၅။

“ကျွန်မရဲ့ကိုယ်ရည်ကိုယ်သွေးကို မကြိုက်တဲ့သူရှိပေမဲ့ ကျွန်မကတော့ကြိုက်တယ်။ အများစုကတော့ ကျွန်မရဲ့လုပ်ရပ်ကို သဘောကျကြပါတယ်။”—အဲလက်စီယာ။

ရေရှည်ကိုစဉ်းစားပါ။ သင်ဟာ ကျောင်းတက်နေတဲ့သူဖြစ်မယ်ဆိုရင် နောက်နှစ်အနည်းငယ် ဒါမှမဟုတ် နောက်လအနည်းငယ်ကြာတဲ့အခါမှာ ကျောင်းမှာ သင်အထင်ကြီးသဘောကျခဲ့တဲ့သူတွေဟာ သင် မှတ်တောင်မမှတ်မိတဲ့သူတွေ ဖြစ်သွားနိုင်တယ်။

“ကျောင်းနေဖက်တွေ အတူရိုက်ထားတဲ့ဓာတ်ပုံကို ပြန်ကြည့်တဲ့အခါ တချို့သူတွေကိုဆိုရင် နာမည်ကိုတောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကျောင်းတက်တုန်းကတော့ ကျွန်မရဲ့ခံယူချက်အတိုင်းနေဖို့ထက် သူတို့ရဲ့သဘောထားတွေက ပိုအရေးကြီးတယ်လို့ ထင်ခဲ့တာ။ တကယ့်ကို ရူးသွပ်ခဲ့တာပဲ။”—ဒေါန်၊ ယခု အသက် ၂၂ နှစ်။

ကြိုတင်ပြင်ဆင်ပါ။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားပါတယ်– “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင် . . . ပါစေ။”—ကောလောသဲ ၄:၆။

“မိဘတွေက ကျွန်မနဲ့ညီမလေး ကြုံရနိုင်တဲ့ အခြေအနေတွေကို မေးတယ်။ ပြီးတော့ အဲဒီအခြေအနေကြုံလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို သရုပ်ဆောင်ခိုင်းတယ်။ ဒါနဲ့ပဲ တကယ်ကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလာတယ်။” —ခရစ္စတင်း။

a ဒီဆောင်ပါးမှာ နာမည်တချို့ ပြောင်းထားပါတယ်။

အဓိကကျမ်းချက်များ

  • “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။”—ဂလာတိ ၆:၇။

  • “မိမိတို့၏သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထားသော ရင့်ကျက်သူများအတွက်ဖြစ်၏။”—ဟေဗြဲ ၅:၁၄။

  • “သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့။” —၂ ကောရိန္သု ၁၃:၅။

ဂျက်ဆီကာ

ဂျက်ဆီကာ

“ရွယ်တူချင်းဖိအားကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသလဲဆိုတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် အများကြီးမူတည်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု အပြည့်ရှိမယ်ဆိုရင် တခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာကို မစိုးရိမ်တဲ့အတွက် ရွယ်တူချင်းဖိအားကို အရေးမစိုက်တော့ဘူး။”

ကယ်လီ

ကယ်လီ

“ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု မရှိဘူးဆိုရင် တခြားသူပြောတဲ့အတိုင်း လိုက်လုပ်မိနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်အဝရှိမယ်ဆိုရင် သူက ကိုယ့်ကို ဘာလုပ်ဖို့ ဖိအားပေးနေတာလဲဆိုတာကို ကောင်းကောင်းခွဲခြား သိမြင်နိုင်ပြီး မှားတာလုပ်ဖို့ ဖိအားပေးနေတယ်ဆိုရင် အလွယ်တကူ ငြင်းနိုင်ပါ လိမ့်မယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ