ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၁၂
  • ၉ ကိုယ်ပိုင်စရိုက်လက္ခဏာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၉ ကိုယ်ပိုင်စရိုက်လက္ခဏာ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ငါက ဘယ်လိုလူစားမျိုးလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ထိန်းသိမ်းကာကွယ်ထားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခရစ်ယာန်တို့—ခရစ်ယာန်ဖြစ်ရခြင်းကို ဂုဏ်ယူဝင့်ကြွားကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သင့်ရဲ့ဆယ်ကျော်သက်ကလေးနဲ့ အငြင်းမပွားဘဲ စကားပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၁၂
လူငယ်တစ်ယောက် လေဒဏ်ခံနေရတဲ့ အပင်အနား မားမားမတ်မတ် ရပ်နေစဉ်

ကိုယ်ဘယ်လိုလူစားမျိုးဖြစ်သလဲ ဆိုတာကို သေသေချာချာသိနေမယ်ဆိုရင် ပြင်းထန်တဲ့မုန်တိုင်းနဲ့တူတဲ့ ဖိအားတွေကို ခံရပ်နိုင်ပါလိမ့်မယ်

လူငယ်များအတွက်

၉ ကိုယ်ပိုင်စရိုက်လက္ခဏာ

ဆိုလိုရင်း

ကိုယ်ပိုင်စရိုက်လက္ခဏာဆိုတာ နာမည်နဲ့ အပြင်ပန်းအသွင်အပြင်ကိုပဲ ဆိုလိုတာမဟုတ်ဘူး။ စံနှုန်း၊ ယုံကြည်ချက်၊ ကိုယ်ရည်ကိုယ်သွေးတွေလည်း ပါဝင်တယ်။ ဒါကြောင့် ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာ သတ်မှတ်ပေးတဲ့ အတွင်း၊ အပြင် စရိုက်လက္ခဏာအားလုံးကို ဆိုလိုတယ်။

ဘာကြောင့် အရေးကြီးသလဲ

ကိုယ်ဘယ်လိုလူစားမျိုးဖြစ်သလဲ ဆိုတာကို သေသေချာချာသိနေမယ်ဆိုရင် ရွယ်တူတွေရဲ့ ထိန်းချုပ်မှု မခံဘဲ ကိုယ့်ယုံကြည်ချက်အတွက် ရပ်တည်မှာဖြစ်တယ်။

“လူများစွာဟာ စတိုးဆိုင်မှာ ပြထားတဲ့အရုပ်တွေနဲ့ တူကြတယ်။ အဝတ်အစားကို ကိုယ့်ဘာသာ မရွေးကြဘူး။ တခြားသူတွေက ရွေးပေးရတယ်။”—အာဒရီယန်။

“ခက်ခဲရင်တောင် မှန်ရာအတွက် ရပ်တည်တတ်လာပြီ။ သူတို့ရဲ့ အပြုအမူ၊ သူတို့နဲ့အတူ ရှိတဲ့အခါ ကျွန်မရဲ့ အပြုအမူကို ကြည့်ပြီး ဘယ်သူက မိတ်ဆွေစစ်လဲဆိုတာ ခွဲခြားနိုင်တယ်။”—ကော့တနီ။

ကျမ်းစာ အခြေခံမူ။ “ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ . . . ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရောမ ၁၂:၂။

လုပ်ဆောင်နိုင်ရာ

သင့်အားသာချက်၊ အားနည်းချက်၊ ခံယူချက်တွေကို ဆန်းစစ်ပြီး အခု ဘယ်လို လူစားမျိုးလဲ၊ ဘယ်လို လူစားမျိုး ဖြစ်ချင်သလဲဆိုတာ သိဖို့ ကြိုးစားပါ။ အောက်ပါမေးခွန်းတွေနဲ့ ဆန်းစစ်ကြည့်ပါ။

အားသာချက်။ ငါ့မှာ ဘာစွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေ ရှိသလဲ။ ငါ့ရဲ့အားသာချက်က ဘာတွေလဲ။ (ဥပမာ၊ ငါဟာ အချိန်တိကျသူလား။ ချုပ်တည်းတတ်သူလား။ အလုပ်ကြိုးစားသူလား။ ရက်ရောသူလား။) ဘာကောင်းမှုတွေ လုပ်သလဲ။

အကြံပြုချက်။ ကိုယ့်ရဲ့ကောင်းကွက်တွေကို ရှာတွေ့ဖို့ ခက်နေသလား။ မိဘ ဒါမှမဟုတ် စိတ်ချရတဲ့မိတ်ဆွေကို ကိုယ့်မှာ ဘာအားသာချက်တွေ တွေ့သလဲ၊ ဘာကြောင့်လဲဆိုတာ မေးကြည့်ပါ။

ကျမ်းစာ အခြေခံမူ။ “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလာတိ ၆:၄။

အားနည်းချက်။ ဘယ်ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ လိုနေသလဲ။ ဘယ်သွေးဆောင်မှုမျိုးကို အလျှော့ပေးတတ်သလဲ။ ဘယ်ကဏ္ဍမျိုးမှာ ပိုချုပ်တည်းတတ်ရမလဲ။

ကျမ်းစာ အခြေခံမူ။ “‘ကျွန်တော်တို့ အပြစ်မလုပ်ဘူး’ လို့ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပဲ။” —၁ ယောဟန် ၁:၈။

ခံယူချက်။ ဘယ်ကျင့်ဝတ်စံနှုန်းကို လိုက်နေသလဲ၊ ဘာကြောင့်လဲ။ ဘုရားသခင်ကို ယုံကြည်သလား။ ဘယ်အချက်တွေကြောင့် ဘုရား ရှိတယ်လို့ ယုံကြည်တာလဲ။ ဘယ်လုပ်ရပ်တွေကို မတရားမှုလို့ သတ်မှတ်သလဲ၊ ဘာကြောင့်လဲ။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ ယုံကြည်ထားသလဲ။

ကျမ်းစာ အခြေခံမူ။ “စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၂:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ