ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၃၄ စာ. ၁၆၈-၁၇၂
  • ဆီလျော်သောဥပမာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆီလျော်သောဥပမာများ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • သွန်သင်ပေးတဲ့ ပုံဥပမာများ
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • “ဥပမာကင်း၍ ဟောပြောတော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၃၄ စာ. ၁၆၈-၁၇၂

သင်ခန်းစာ ၃၄

ဆီလျော်သောဥပမာများ

၁၊ ၂။ ဥပမာများသည် ဟောပြောချက်တစ်ခုကို မည်သို့အကျိုးပြုကြောင်း အကျဉ်းချုပ်ဖော်ပြပါ။

၁ ဟောပြောသူသည် ဥပမာများကိုအသုံးပြုသည့်အခါ ပရိသတ်စိတ်ထဲတွင် အဓိပ္ပာယ်ရှိသောရုပ်လုံးများကို အမှန်ပင်စွဲမှတ်စေသည်။ ဥပမာများသည် စိတ်ဝင်စားမှုကိုနှိုးဆွပေးပြီး အရေးကြီးသောအချက်များကို ပေါ်လွင်စေသည်။ တွေးတောဆင်ခြင်မှုအဆင့်ဆင့်ကို လှုံ့ဆော်ပေးပြီး ယူဆပုံအသစ်ကို သဘောပေါက်လက်ခံနိုင်ရန် သာ၍လွယ်ကူစေသည်။ ကောင်းစွာရွေးချယ်ထားသော ဥပမာများသည် ပညာသားပါသောဆုံးဖြတ်ပြောဆိုမှုကို စိတ်လှုပ်ရှားရိုက်ခတ်မှုနှင့်တွဲပေးသည်။ ယင်းကြောင့် များသောအားဖြင့် ရိုးရိုးကလေးပြောဆိုရုံဖြင့် မစွမ်းဆောင်နိုင်သည့်သတ္တိမျိုးဖြင့် အကြောင်းအရာကို စိတ်ထဲစွဲမှတ်စေသည်။ သို့သော် ဆီလျော်သောဥပမာများဖြစ်မှသာလျှင် ထိုသို့ဖြစ်လိမ့်မည်။ ဥပမာများသည် သင့်ဟောပြောချက်နှင့် ဆီလျော်ရမည်။

၂ တစ်ခါတစ်ရံ ဥပမာအသုံးပြုပြီး စိတ်စွန်းကွက်ခြင်း သို့မဟုတ် ဘက်လိုက်ခြင်းကို ရှောင်တိမ်းနိုင်သည်။ အငြင်းပွားစေသော အယူဝါဒတစ်ခုကို မတင်ပြမီ ဆန့်ကျင်ပြောဆိုချက်များကို ယင်းကဖယ်ရှားပေးနိုင်သည်။ ဥပမာ၊ သင်ဤသို့ပြောဆိုနိုင်၏– “ဒဏ်ပေးတဲ့အနေနဲ့ ဘယ်ဖခင်မှ သူ့သားလက်ကို မီးဖိုပူပူပေါ် တင်ထားမှာမဟုတ်ဘူး။” “ငရဲ” အယူအဆကို မဆွေးနွေးမီ ဤသို့သောဥပမာကိုအသုံးပြုခြင်းက မှားယွင်းသောဘာသာတရား၏ “ငရဲ” အယူအဆကို ရှေ့နောက်မညီသောအရာ ချက်ချင်းဖြစ်သွားစေရာ ယင်းကိုလွယ်ကူစွာ ဖယ်ထုတ်လိုက်သည်။

၃–၆။ ဥပမာများကို အဘယ်မှထုတ်ယူနိုင်သနည်း။

၃  ဥပမာများသည် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ ၎င်းတို့ကို ဥပမေယျများ၊ ပုံပမာများ၊ ခြားနားချက်၊ ယှဉ်ပြိုင်ချက်၊ တင်စားချက်များ၊ ကိုယ်ပိုင်အတွေ့အကြုံများ၊ စံနမူနာများဖြစ်နိုင်သည်။ သက်ရှိ သို့မဟုတ် သက်မဲ့ဖန်ဆင်းရာများနှင့် သက်ဆိုင်နိုင်သည်။ ပရိသတ်တွင်ရှိသူများ၏ အလုပ်အကိုင်များ၊ လူတို့၏ဝသီ သို့မဟုတ် စရိုက်များ၊ အိမ်တွင်းပစ္စည်းများ သို့မဟုတ် အိမ်များ၊ သင်္ဘောများ စသည့် လူ့လက်ရာများပေါ်တွင် အခြေပြုနိုင်သည်။ သို့သော် ဟောပြောသူ ကြိုက်နှစ်သက်သောဥပမာဖြစ်၍မဟုတ်ဘဲ အခြေအနေ၊ အကြောင်းအရာနှင့်ဆီလျော်သောကြောင့် ရွေးချယ်ခြင်းဖြစ်သင့်သည်။

၄ သတိပေးချက်မှာ ဟောပြောချက်တွင် ဥပမာများ မများလွန်းစေပါနှင့်။ ယင်းတို့ကို အသုံးပြုပါ။ သို့သော် အသုံးလွန်မသွားစေပါနှင့်။

၅ ဥပမာများကို သင့်တော်စွာအသုံးပြုခြင်းသည် အတတ်ပညာတစ်ခုဖြစ်သည်။ သို့ပြုရန် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိဖို့လိုသည်။ သို့သော် ၎င်းတို့၏ထိရောက်မှုကိုကား ပြော၍မကုန်နိုင်ချေ။ ဥပမာများကိုအသုံးပြုတတ်ရန် ဥပမာများကို အကဲဖြတ်တတ်ရမည်။ စာဖတ်သည့်အခါ အသုံးပြုသွားသော ဥပမာများကို သတိပြုပါ။ အရာဝတ္တုများကို ကြည့်ရှုသည့်အခါ ခရစ်ယာန်အသက်တာနှင့် ဓမ္မအမှုတို့ဖြင့် အကဲဖြတ်ပါ။ ဥပမာ၊ ပန်းအိုးတစ်အိုးရှိ ခြောက်သွေ့ ညှိုးနွမ်းနေသောပန်းတစ်ပွင့်ကိုတွေ့သောအခါ “မိတ်သဟာယသည် အပင်နှင့်တူပြီး ဝေဆာနေဖို့ ရေလောင်းပေးရမည်” ဟုအကဲဖြတ်နိုင်သည်။ ယနေ့လူအချို့သည် လကို အာကာသခရီးအရသာ အကဲဖြတ်တတ်ကြသည်။ ခရစ်ယာန်များမူကား ယင်းကို ဘုရား၏လက်ရာတော်၊ ကိုယ်တော့်ဖန်ဆင်းခြင်းတို့အဝင် ဂြိုဟ်တစ်ခု၊ ထာဝစဉ်တည်မြဲသောဒြပ်ဝတ္ထု ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် အကျိုးပြု၍ ဒီရေအတက်အကျကို ဖြစ်ပေါ်စေသည့်အရာတစ်ခုအဖြစ် ရှုမြင်တတ်ကြသည်။

၆ ဟောပြောချက်တစ်ခုပြင်ဆင်ရာတွင် ဥပမာရိုးရိုးကလေးများကို ချက်ချင်းသတိမရနိုင်လျှင် ကင်းမျှော်စင်အသင်း၏ စာပေများတွင် ဆက်နွှယ်သောအကြောင်းအရာကို ရှာယူပါ။ ထိုတွင် ဥပမာများ အသုံးပြုမပြု သတိပြုပါ။ ဟောပြောချက်ပါ သော့ချက်စကားလုံးများနှင့် သင့်စိတ်ထဲပေါ်လာသည့် ရုပ်လုံးများကို စဉ်းစားကြည့်ပါ။ ယင်းတို့ကိုအခြေခံ၍ ဖွဲ့စည်းတည်ဆောက်ပါ။ သို့သော် သင်သတိရသင့်သည်ကား မဆီလျော်သောဥပမာကိုအသုံးပြုခြင်းသည် ဥပမာများမပါခြင်းထက် ပိုဆိုး၏။ စကားပြောသွန်သင်ချက်စာရွက်တွင် တင်ပြထားသည့် “အကြောင်းအရာနှင့်ဆီလျော်သောဥပမာများ” အကြောင်းကို ဆင်ခြင်သည့်အခါ ယင်းနှင့်ပတ်သက်၍ စိတ်စွဲလမ်းရမည့် ကဏ္ဍများစွာရှိသည်။

၇–၉။ ဥပမာရိုးရိုးကလေးများသည် အဘယ်ကြောင့် အလွန်ထိရောက်ရသနည်း။

၇ ရိုးရိုးလေး။ ဥပမာရိုးရိုးကလေးတစ်ခုသည် ပို၍မှတ်မိလွယ်သည်။ ရှုပ်ထွေးပွေလီသည့်အတွက် အကျိုးလျော့နည်းစေမည့်အစား ဥပမာရိုးရိုးကလေးက အချေအတင်ပြောဆိုမှုလမ်းကြောင်းကို ပံ့ပိုးပေး၏။ ယေရှု၏ဥပမာများသည် များသောအားဖြင့် စကားလုံးအနည်းငယ်သာဖြစ်၏။ (ဥပမာ၊ မဿဲ ၁၃:၃၁-၃၃; ၂၄:၃၂၊ ၃၃ ရှု။) ရိုးရိုးကလေးဖြစ်ဖို့ရန် ပညာရပ်ဝေါဟာရကို နားလည်စေရမည်။ ဥပမာတစ်ခုကို အကျယ်တဝင့်ရှင်းပြစရာလိုလျှင် အပိုဖြစ်ပါသည်။ ယင်းကို ဖယ်ထုတ်လိုက်ပါ။ သို့မဟုတ် ရိုးရှင်းအောင် ပြုပြင်လိုက်ပါ။

၈ ယေရှုသည် ကြီးသောအရာများကို ရှင်းပြရန် ငယ်သောအရာများကိုသုံးကာ ခက်သောအရာများကိုရှင်းရန် လွယ်သောအရာများကိုသုံးတော်မူသည်။ ဥပမာတစ်ခုကို တစ်ချီတည်းနှင့် အကြောင်းအချက်များစွာ မတင်ပြဘဲ အလွယ်တကူ မြင်ယောင်စေသင့်သည်။ လိုရင်းဖြစ်ပြီး ရုပ်လုံးပေါ်သင့်သည်။ ဤသို့သောဥပမာများကို လွယ်လင့်တကူ အဓိပ္ပာယ်လွဲကောက်စရာအကြောင်းမရှိပါ။

၉ ဥပမာတစ်ခုသည် ပုံဖော်ပြရန်ရည်ရွယ်သည့်အကြောင်းအရာနှင့် ကိုက်ညီမှသာလျှင် အကောင်းဆုံးဖြစ်၏။ အချို့ဥပမာ၏ပုံပန်းသည် မဆီလျော်လျှင် ၎င်းကိုအသုံးမပြုခြင်းက ပိုကောင်းပေမည်။ တစ်ဦးတစ်ယောက်က ထိုမဆီလျော်သည့်ကဏ္ဍများကို စဉ်းစားမိရာ ထိရောက်မှုပျောက်သွားနိုင်သည်။

၁၀၊ ၁၁။ ဥပမာများ၏သက်ဆိုင်ပုံကို ရှင်းလင်းစွာဖော်ပြရန် အဘယ်ကြောင့်အရေးကြီးကြောင်း ဖော်ပြပါ။

၁၀ သက်ဆိုင်ပုံကို ရှင်းလင်းခြင်း။ ဥပမာတစ်ခု၏သက်ဆိုင်ပုံကို မရှင်းပြလျှင် အချို့သဘောပေါက်သော်လည်း သဘောမပေါက်သူ များစွာရှိလိမ့်မည်။ ဟောပြောသူသည် မိမိစိတ်ထဲတွင် ဥပမာကို ရှင်းလင်းစွာစွဲမှတ်ထားပြီး ၎င်း၏ရည်ရွယ်ချက်ကို သိရပါမည်။ ဥပမာ၏တန်ဖိုးကို ရိုးရိုးရှင်းရှင်းပြောပြရမည်။ (မဿဲ ၁၂:၁၀-၁၂ ရှု။)

၁၁ ဥပမာတစ်ခုကို နည်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်သည်။ ဥပမာတစ်ခုကိုမတင်ပြမီ သို့မဟုတ် တင်ပြပြီးနောက် ရိုးရိုးကလေးဖော်ပြသောမူတစ်ခုကို အတည်ပြုရန် ယင်းကိုအသုံးပြုနိုင်သည်။ ဥပမာကဖော်ပြသော အချေအတင်ပြောဆိုချက်၏ အကျိုးရလဒ်များကို ခိုင်လုံစေရာတွင် အသုံးပြုနိုင်သည်။ သို့မဟုတ် အချေအတင်ပြောဆိုချက်နှင့် ဥပမာမှ ဆင်တူချက်များကို ဂရုပြုစေရာတွင်လည်း သက်ဆိုင်ပုံကို ဖော်ပြနိုင်သည်။

၁၂–၁၄။ ဆီလျော်သောဥပမာဖြစ်သည်ဟု ဆုံးဖြတ်နိုင်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

၁၂ အရေးကြီးသောအချက်များကို လေးနက်စေခြင်း။ ဥပမာတစ်ခု စိတ်ထဲပေါ်လာသောကြောင့်နှင့် ယင်းကိုအသုံးမပြုပါနှင့်။ ဟောပြောချက်၏အဓိကအချက်များကို သိရန်စိစစ်လေ့လာပြီး ယင်းတို့ကိုပေါ်လွင်စေရန် ဥပမာကိုရွေးချယ်အသုံးပြုပါ။ အချက်ငယ်များတွင် ကြီးကျယ်သောဥပမာများကို အသုံးပြုလျှင် အဓိကအချက်များအစား အချက်ငယ်များကိုသာ ပရိသတ်က မှတ်ထားပေလိမ့်မည်။ (မဿဲ ၁၈:၂၁-၃၅; ၇:၂၄-၂၇ ရှု။)

၁၃  ဥပမာသည် အချေအတင် တင်ပြချက်ကို မြုပ်မသွားစေသင့်ပါ။ ပရိသတ်၏စိတ်တွင် ဥပမာ ပေါ်လာနိုင်သော်လည်း ယင်းပေါ်လာသည်နှင့် ထင်ရှားစေလိုသောအချက်ပါ ပေါ်လာသင့်သည်။ သို့မဟုတ်လျှင် ဥပမာက ပို၍ပေါ်လွင်ထင်ရှားနေပေမည်။

၁၄ ဟောပြောချက်ကိုပြင်ဆင်၍ ဥပမာများရွေးချယ်ရာ၌ အလေးအနက်ဖော်ပြရမည့်အချက်များနှင့် ဥပမာ၏တန်ဖိုးကို ယှဉ်ပြီးချိန်ဆပါ။ ဤအချက်များကို ပို၍ခိုင်လုံစေသလော။ ၎င်းတို့ကို ပေါ်လွင်စေသလော။ ၎င်းဥပမာသည် အချက်များကို နားလည်ရန်နှင့် မှတ်မိစေရန် လွယ်ကူစေသလော။ ထိုသို့မဟုတ်လျှင် ယင်းသည် ဆီလျော်သောဥပမာမဟုတ်ပါ။

**********

၁၅၊ ၁၆။ ဥပမာများသည် ပရိသတ်နှင့် အဘယ်ကြောင့်ဆီလျော်သင့်ကြောင်း ရှင်းပြပါ။

၁၅ ဥပမာများသည် အကြောင်းအရာနှင့်ဆီလျော်ရုံမက သင့်ပရိသတ်နှင့်လိုက်ဖက်ရန် ၎င်းကိုပြုပြင်ပေးရမည်။ သွန်သင်ချက်စာရွက်တွင် ယင်းကို “ပရိသတ်နှင့် သင့်လျော်သောဥပမာများ” ဟူ၍သီးသန့်ဖော်ပြထားသည်။ ဗာသရှေဘနှင့် ဒါဝိဒ်ပြုသောအပြစ်ကို ဆုံးမပေးရန် နာသန်တာဝန်ရသောအခါ ဆင်းရဲသားတစ်ဦးနှင့် သူ၏တစ်ကောင်တည်းသောသိုး ဥပမာကို နာသန်ရွေးချယ်အသုံးပြုခဲ့သည်။ (၂ ရာ. ၁၂:၁-၆) ဤဥပမာသည် လိမ္မာပါးနပ်ရုံမက သိုးထိန်းဖြစ်ခဲ့ဖူးသော ဒါဝိဒ်နှင့်လည်း သင့်လျော်ပါသည်။ သူသည် ဆိုလိုချက်ကို ချက်ချင်းသိသွားသည်။

၁၆ အသက်ကြီးသူ ပိုများသောပရိသတ်တွင် လူငယ်အကြိုက်သာဖြစ်မည့်ဥပမာများကို မသုံးသင့်ပါ။ သို့သော် ကျောင်းသားတစ်စုအတွက်မူ ဤကဲ့သို့သောဥပမာများသည် အံကိုက်ဖြစ်ပေမည်။ တစ်ခါတစ်ရံ ပရိသတ်ထဲရှိ အသက်ကြီးသူနှင့် ငယ်ရွယ်သူ၊ ယောက်ျားနှင့်မိန်းမကဲ့သို့သော ဆန့်ကျင်ဘက်ရှုထောင့်နှစ်မျိုးမှ ဥပမာများကို အသုံးပြုနိုင်ပါသည်။

၁၇–၁၉။ ဥပမာများကို ပရိသတ်နှစ်သက်ရန် ယင်းတို့ကို အဘယ်နေရာမှ ထုတ်ယူနိုင်မည်နည်း။

၁၇ အကျွမ်းတဝင်ရှိသောအခြေအနေများမှ ဆွဲယူခြင်း။ အနီးတစ်ဝိုက်ရှိအရာများမှ ဥပမာများသုံးမည်ဆိုလျှင် သင့်ပရိသတ်အတွက် အကျွမ်းဝင်ပေလိမ့်မည်။ ယေရှု ဤသို့ပြုခဲ့သည်။ ရေတွင်းနားမှ အမျိုးသမီးကို ယေရှုစကားပြောခဲ့ရာ၌ သူ၏အသက်ပေးနိုင်သောအရည်အချင်းကို ရေနှင့်နှိုင်းယှဉ်တော်မူခဲ့၏။ ထူးခြားသောအရာတို့မှမဟုတ်ဘဲ အသက်တာတွင် တွေ့ ကြုံရသောအသေးအဖွဲအရာတို့မှ ထုတ်နုတ်ယူခဲ့သည်။ ကိုယ်တော်၏ဥပမာများသည် ပရိသတ်ရှိသူတို့၏စိတ်ထဲတွင် လွယ်လင့်တကူပုံပေါ်စေသည်၊ သို့မဟုတ် သူတို့အသက်တာမှ ကိုယ်ပိုင်အတွေ့အကြုံတစ်ခုခုကို ချက်ချင်းသတိရစေသည်။ သွန်သင်ပေးဖို့ရန် ဥပမာများကို ကိုယ်တော်အသုံးပြုတော်မူခဲ့သည်။

၁၈ ယနေ့လည်း ထို့အတူဖြစ်သည်။ အိမ်ရှင်မများသည် စီးပွားရေးလောကအကြောင်း သိနားလည်မည်ဖြစ်သော်လည်း သူတို့၏နေ့စဉ်အသက်တာဘဝတွင် ကြုံတွေ့နေရသောအဖြစ်အပျက်များ၊ သူတို့၏သားသမီးများ၊ သူတို့၏အိမ်မှုရေးရာများနှင့် အိမ်တွင်းပစ္စည်းများမှ ဥပမာများဆွဲယူ အသုံးပြုခြင်းသည် ပိုသင့်တော်ပေမည်။

၁၉ ရပ်နယ်ဒေသနှင့်ဆိုင်သောအရာများကိုအခြေခံသော ဥပမာများသည်လည်း အလွန်ထိရောက်ပါသည်။ ရပ်နယ်ဒေသသတင်းများ အစရှိသည့် အရပ်သားများအကျွမ်းဝင်သော နောက်ဆုံးအဖြစ်အပျက်များသည် လျောက်ပတ်မည်ဆိုလျှင် သင့်တော်ပါလိမ့်မည်။

၂၀–၂၂။ ဥပမာများအသုံးပြုရာ၌ ရှောင်ရှားရမည့်အရာအချို့ကို ဖော်ပြပါ။

၂၀ တင့်တယ်လျောက်ပတ်ခြင်း။ အသုံးပြုသော မည်သည့်ဥပမာမဆိုသည် ကျမ်းစာဆွေးနွေးမှုနှင့် ဆီလျော်သင့်သည်။ စာရိတ္တနှင့်ပတ်သက်သည့် ဥပမာများသည် “မဖွယ်မရာ” မဖြစ်သင့်သည်ကား ရှင်းနေပါသည်။ အဓိပ္ပာယ်နှစ်မျိုးထွက်နေ၍ အလွဲကောက်ယူစေမည့် ဥပမာများဖြစ်နေမည်ဆိုလျှင် အသုံးမပြုပါနှင့်။ လိုက်နာသင့်သည်ကား ဤမူဝါဒကောင်းဖြစ်သည်– ဒွိဟပွားက ခြွင်းချန်ကြ။

၂၁ အထူးသဖြင့်လူသစ်များကို မလိုအပ်ဘဲ ထိခိုက်မည့် ဥပမာများကို အသုံးမပြုသင့်ပါ။ ထို့ကြောင့် သင်ဆွေးနွေးတင်ပြသည့်အကြောင်းနှင့် မသက်ဆိုင်သော အယူဝါဒဆိုင်ရာ၊ သို့မဟုတ် အငြင်းပွားစရာကိစ္စများကို မဖော်ပြသင့်ပါ။ ဥပမာ၊ သင့်ဟောပြောချက်တွင် အဓိကဆွေးနွေးစရာမဟုတ်လျှင် သွေးသွင်းခြင်း၊ သို့မဟုတ် အလံအလေးပြုခြင်း စသည့်ဥပမာများကို အသုံးပြုမည်မဟုတ်ပါ။ တစ်ဦးတစ်ယောက်သည် ထိမိလဲပြီး တွန့်ဆုတ်သွားနိုင်သည်။ သို့သော် သင့်ဟောပြောချက်တွင် ယင်းကိစ္စများကို ဆွေးနွေးစရာအကြောင်းပေါ်လျှင်မူ တစ်မျိုးဖြစ်သည်။ ထိုအခါ ၎င်းကိုပရိသတ်လက်ခံနိုင်ရန် ယင်းအကြောင်းများကို ဆင်ခြင်သုံးသပ်ခွင့်ရရှိပေမည်။ သို့သော် သင်အသုံးပြုသောဥပမာများက သင်ဆွေးနွေးတင်ပြနေသည့် အရေးကြီးသောသမ္မာတရားကို သင့်ပရိသတ် စိတ်စွန်းကွက်သွားစေသည်အထိ သင်ဟောပြောသောအကြောင်းအရာ၏ရည်ရွယ်ချက်ကိုမအောင်မြင်ဘဲ မဖြစ်စေပါနှင့်။

၂၂ ထို့ကြောင့် သင့်ဥပမာများကို ရွေးချယ်ရာတွင် ပိုင်းခြားတတ်သောဉာဏ်ကို အသုံးပြုပါ။ ၎င်းတို့သည် သင့်တော်ပါလေစေ။ သင်ဟောပြောသောအကြောင်းအရာနှင့်ဖြစ်စေ၊ သင့်ပရိသတ်နှင့်ဖြစ်စေ ဆီလျော်မည်ဆိုလျှင် သင့်လျော်ပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ