ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၂
  • လှလိုက်တဲ့ ဥယျာဉ်ကလေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လှလိုက်တဲ့ ဥယျာဉ်ကလေး
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • သူတို့ဘာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဥယျာဉ်ကို ကျွန်ုပ်တို့မြတ်နိုးမှု
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၂
လှပတဲ့ဧဒင်ဥယျာဉ်မှာရှိတဲ့ တိရစ္ဆာန်တွေ၊ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ ရေတံခွန်လေး

ပုံပြင် ၂

လှလိုက်တဲ့ ဥယျာဉ်ကလေး

ဒီပုံမှာပါတဲ့ ကမ္ဘာကိုကြည့်လိုက်စမ်း။ လှလိုက်တာနော်။ မြက်ခင်းနဲ့ သစ်ပင်တွေ၊ ပန်းတွေ တိရစ္ဆာန်တွေကိုကြည့်လိုက်ပါဦး။ ဆင်နဲ့ခြင်္သေ့တွေ ဘယ်မှာရှိသလဲ တွေ့လား။

ဒီလောက်လှတဲ့ဥယျာဉ် ဘယ်လိုလုပ်ဖြစ်လာသလဲသိလား။ တို့အတွက် ကမ္ဘာကို ဘုရားသခင် ဘယ်လိုပြင်ဆင်ပေးသလဲ ကြည့်ရအောင်။

ဦးဦးဆုံး၊ ကုန်းကိုမြက်ခင်းပြင်နဲ့ဖုံးလွှမ်း လိုက်တယ်လေ။ ပြီးတော့အပင်ကလေးတွေ၊ ချုံပုတ်ကလေးတွေ၊ သစ်ပင်တွေလုပ်တယ်။ ရှင်သန်ကြီးထွားနေတဲ့ အဲဒီအပင်တွေကြောင့် ကမ္ဘာကြီးဟာ ကြည့်ပျော်စရာဖြစ်လာတယ်။ ဒါတင်ဘယ်ကမလဲ။ အပင်တော်တော်များများက တို့ကိုအင်မတန်အရသာရှိတဲ့ စားစရာတွေကိုလည်းပေးတယ်။

နောက်တော့ ဘုရားသခင်က ငါးတွေကိုဖန်ဆင်းပြီး ရေထဲမှာ နေခိုင်းတယ်။ မိုးပေါ်မှာ ပျံနေအောင် ငှက်တွေကိုလည်းလုပ်တယ်။ ခွေးတွေ၊ ကြောင်တွေ၊ မြင်းတွေကိုလည်းလုပ်တယ်။ တိရစ္ဆာန်ကြီးကြီး၊ တိရစ္ဆာန် သေးသေးလေးတွေကိုလည်း လုပ်တယ်။ မင်းတို့အိမ်နားမှာ ဘာတိရစ္ဆာန်တွေရှိသလဲ။ အဲဒါတွေကို ဘုရားသခင်က လုပ်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ဖို့မကောင်းဘူးလား။

နောက်ဆုံးမှာတော့ ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသကို အထူးဖြစ်အောင်လုပ်တယ်။ အဲဒီဒေသကို ဧဒင်ဥယျာဉ်လို့ ခေါ်သတဲ့။ ပြောစရာမရှိအောင် ကောင်းတယ်။ ဘာကိုကြည့်ကြည့် လှတာချည်းပဲ။ ဘုရားသခင်က သူလုပ်ထားတဲ့ အဲဒီဥယျာဉ်လေးလို တစ်ကမ္ဘာလုံးမှာဖြစ်စေချင်တယ်ကွဲ့။

ဒါပေမဲ့ ဒီပုံကိုထပ်ပြီး ကြည့်လိုက်ပါဦး။ ဘာလိုနေတယ်ဆိုတာကို ဘုရားသခင် တွေ့သလဲသိလား။ ကြည့်ရအောင်။

ကမ္ဘာဦး ၁:၁၁-၂၅; ၂:၈၊ ၉။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ