ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၉
  • နောဧသင်္ဘောတစ်ခု ဆောက်တဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောဧသင်္ဘောတစ်ခု ဆောက်တဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောဧသင်္ဘော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ‘စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာသူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • နောဧ—ဘုရားသခင်နှင့်အတူလျှောက်လှမ်းခဲ့သူ ထံမှ လူတိုင်းသင်ယူနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၉
နောဧနဲ့ သူ့မိသားစု တိရစ္ဆာန်တွေနဲ့ အစားအစာတွေကို သင်္ဘောထဲသွင်းနေ

ပုံပြင် ၉

နောဧသင်္ဘောတစ်ခု ဆောက်တဲ့အကြောင်း

နောဧမှာ မယားတစ်ယောက်၊ သားသုံးယောက်ရှိတယ်။ သူ့သားတွေရဲ့နာမည်က ရှေမ၊ ဟာမ၊ ယာဖက်လို့ခေါ်သတဲ့။ သားတစ်ယောက်စီမှာ မိန်းမတစ်ယောက်စီရှိတယ်။ ဒါကြောင့် နောဧအိမ်ထောင်မှာ မိသားစု ရှစ်ယောက်ရှိတယ်ပေါ့။

ဘုရားသခင်က နောဧကို ထူးဆန်းတဲ့ အလုပ်တစ်ခုလုပ်ခိုင်းတယ်။ နောဧကို သင်္ဘောကြီးတစ်ခု ဆောက်ခိုင်းတယ်။ သင်္ဘောကြီးပုံလိုဖြစ်ပေမဲ့၊ ဧရာမသေတ္တာရှည်ကြီးနဲ့ ပိုတူတယ်။ ‘သုံးထပ် ဖြစ်အောင်ဆောက်ပါ၊ အခန်းတွေ ဖွဲ့ပါ ’ ဆိုပြီးဘုရားသခင် မိန့်မှာတယ်။ အခန်းတွေကတော့ နောဧနဲ့သူ့မိသားစု၊ တိရစ္ဆာန်နဲ့ သူတို့လိုအပ်တဲ့ အစားအသောက်တွေ အတွက်ပေါ့။

သင်္ဘောထဲရေမဝင်အောင် ဆောက်ပါလို့လည်း နောဧကို ဘုရားသခင်မှာတယ်။ ပြီးတော့ ‘ငါဟာရေလွှမ်းမိုးဘေးကြီးလွှတ်ပြီး တစ်ကမ္ဘာလုံးကို ဖျက်ဆီးမယ်။ သင်္ဘောထဲမှာမရှိတဲ့လူတိုင်း သေရလိမ့်မယ်’ ဆိုပြီးပြောတယ်။

နောဧနဲ့ သူ့သားတွေက ယေဟောဝါစကားကိုနားထောင်ပြီး သင်္ဘောကို စတင်ဆောက်လုပ်ကြတာပေါ့။ ဒါပေမဲ့ တခြားလူတွေကျတော့ ဟားတိုက်ပြီးရယ်ကြတယ်။ ဆိုးချည်းပဲ ဆိုးနေကြတယ်။ ဘုရားသခင်ဘာလုပ်တော့မယ်ဆိုပြီး နောဧပြောတဲ့အခါ ဘယ်သူမှ မယုံကြဘူးကွဲ့။

မကြာခင်မှာ ရေလွှမ်းမိုးဘေးကြီးရောက်လာမယ့်အကြောင်း နောဧဟောပြောတဲ့အခါ လူတွေ လှောင်ပြောင်ကြ

သင်္ဘောကကြီးတော့ အကြာကြီးပဲဆောက်ခဲ့ရတာပေါ့။ နှစ်ပေါင်းများစွာကြာပြီးလို့ နောက်ဆုံးမှာတော့ ပြီးသွားတာပေါ့။ ခုတစ်ခါ ဘုရားသခင်က တိရစ္ဆာန်တွေကို သင်္ဘောထဲဆောင်ခဲ့ဆိုပြီး နောဧကိုခိုင်းပြန်တယ်။ တချို့တိရစ္ဆာန်တွေကို အထီး၊ အမတစ်ကောင်စီ၊ တစ်စုံစီ ဆောင်ခဲ့တဲ့။ တချို့တိရစ္ဆာန်တွေကျတော့ ခုနစ်ကောင်စီဆောင်ခဲ့တဲ့။ ငှက်အမျိုးအားလုံးကိုလည်း ဆောင်ခဲ့တဲ့။ နောဧလည်း ဘုရားသခင်မှာတဲ့အတိုင်းလုပ်တယ်။

အဲဒီနောက်၊ နောဧနဲ့ သူ့မိသားစုလည်း သင်္ဘောထဲကိုဝင်ကြတယ်။ နောက်တော့ ဘုရားသခင်က တံခါးကိုပိတ်လိုက်တယ်။ ဘင်္ဘောထဲမှာ နောဧနဲ့ သူ့မိသားစုက စောင့်နေကြတာပေါ့။ မင်းတို့လည်း သူတို့နဲ့အတူ သင်္ဘောထဲမှာစောင့်နေတယ်လို့ စိတ်ကူးကြည့်။ ဘုရားသခင်ပြောတဲ့အတိုင်း တကယ်ကိုပဲ ရေကြီးလွှမ်းမိုးလာမလား။

ကမ္ဘာဦး ၆:၉-၂၂; ၇:၁-၉။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ