ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၉၅
  • ယေရှု သင်ကြားပို့ချတဲ့နည်းအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု သင်ကြားပို့ချတဲ့နည်းအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်နာတတ်ဖို့ သင်ခန်းစာ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • လူသားချင်းကို အမှန်တကယ်ချစ်တဲ့ ရှမာရိလူ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ကောင်းသော ရှမာရိလူ” ဆိုတာ ဘာကို ဆိုလိုသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကိုယ်နှင့်စပ်ဆိုင်သူ စိတ်ထားရှိ ရှမာရိ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၉၅
ရှမာရိလူကောင်းဟာ အရိုက်ခံထားရတဲ့ဂျူးလူမျိုးရဲ့ ဒဏ်ရာတွေကို ပတ်တီးစည်းပေးနေ

ပုံပြင် ၉၅

ယေရှု သင်ကြားပို့ချတဲ့နည်းအကြောင်း

တစ်နေ့မှာ ယေရှုက ကိုယ်နဲ့စပ်ဆိုင်တဲ့သူကို ချစ်ရမယ်ဆိုပြီး လူတစ်ယောက်ကိုပြောလိုက်တယ်။ အဲဒီလူက ‘ကျွန်တော်နဲ့စပ်ဆိုင်တဲ့သူဟာ ဘယ်သူလဲ’ ဆိုပြီး ယေရှုကိုမေးတယ်။ ဒီလူတစ်ခုခုကိုစဉ်းစားနေမှန်း ယေရှုသိတာပေါ့။ အဲဒီလူက ကိုယ့်လူမျိုး၊ ကိုယ်နဲ့ဘာသာတူတဲ့လူမှ ကိုယ်နဲ့စပ်ဆိုင်တဲ့သူ ဖြစ်တယ်လို့သူထင်တယ်။ ဒီတော့ သူ့ကိုယေရှုဘာပြောသလဲ ကြည့်ရအောင်။

ယေရှုဟာ တစ်ခါတလေ ပုံပြင်လေးတွေကိုပြောပြီး လူတွေကိုဆုံးမသွန်သင်တတ်တယ်။ အခုလည်း ဒီလိုပဲလုပ်တယ်။ ဂျူးလူတစ်ယောက်နဲ့ ရှမာရိလူတစ်ယောက်အကြောင်းကို သူပြောပြတယ်။ ဂျူးတွေအများအားဖြင့် ရှမာရိလူတွေကိုမကြိုက်ဘူးဆိုတာ တို့သိခဲ့ရပြီ။ ယေရှုပြောတဲ့ပုံပြင်က ဒီလိုကွဲ့။

တစ်နေ့မှာ ဂျူးတစ်ယောက် ယေရိခေါမြို့ကိုအသွား တောင်ပေါ်ကဆင်းလာတယ်။ အဲဒီအခါ ဓားပြတွေ သူ့ကိုခုန်အုပ်ပြီး သူ့ငွေတွေကိုယူလိုက်တယ်။ သူ့ကိုလည်း သေလုမြောပါးဖြစ်အောင်ရိုက်ထားကြတယ်။

နောက်တော့ ဂျူးယဇ်ပုရောဟိတ်တစ်ယောက် အဲဒီလမ်းပေါ်ရောက်လာတယ်။ အရိုက်ခံခဲ့ရတဲ့ အဲဒီလူကိုသူမြင်တယ်။ သူဘာလုပ်မယ်ထင်သလဲ။ လမ်းတစ်ဖက်ကိုကူးပြီး ခရီးဆက်သွားတယ်။ အဲဒီနောက် ဘာသာတရားသိပ်ကိုင်းရှိုင်းတဲ့လူတစ်ယောက် ရောက်လာပြန်တယ်။ သူဟာလေဝိလူတစ်ယောက်။ သူရပ်သလား၊ မရပ်ဘူးကွဲ့။ အရိုက်ခံရတဲ့လူကို ဘာမှမကူဘူးကွဲ့။ ယဇ်ပုရောဟိတ်နဲ့လေဝိလူတို့နှစ်ယောက် ခပ်လှမ်းလှမ်းမှာ လမ်းအတိုင်းသွားနေကြတာ မင်းတို့တွေ့နိုင်တယ်။

ဒါပေမဲ့ အရိုက်ခံရတဲ့လူအနားမှာ ဘယ်သူရောက်နေသလဲ ကြည့်လိုက်စမ်း။ သူဟာ ရှမာရိလူတစ်ယောက်။ ပြီးတော့ ဒီဂျူးကိုအကူအညီပေးနေတယ်။ အနာမှာဆေးထည့်ပေးတယ်။ ပြီးတော့ ဒီဂျူးကိုအနာသက်သာအောင် အနားယူနိုင်မယ့်နေရာကိုတင်သွားတယ်။

ယေရှုဒီပုံကိုပြောလို့အပြီးမှာ သူ့ကိုမေးခွန်းထုတ်ခဲ့တဲ့လူကို ‘ဒီသုံးယောက်ထဲမှာ အရိုက်ခံရတဲ့လူအပေါ် ကိုယ်နဲ့စပ်ဆိုင်တဲ့သူတစ်ယောက်ပီပီလုပ်သွားတာ ဘယ်သူဖြစ်တယ်လို့ထင်သလဲ။ ယဇ်ပုရောဟိတ်လား၊ လေဝိလူလား၊ ဒါမှမဟုတ် ရှမာရိလူလား’ ဆိုပြီးမေးလိုက်တယ်။

အဲဒီလူက ‘ရှမာရိလူဖြစ်တယ်၊ အရိုက်ခံရတဲ့လူအပေါ်မှာ သူကြင်နာခဲ့တယ်’ ဆိုပြီးပြန်ဖြေလိုက်တယ်။

ယေရှုက ‘ခင်ဗျားပြောတာမှန်တယ်၊ ဒီတော့ သွားပြီးသူ့လိုပဲသူများအပေါ်မှာ လုပ်ပါ’ ဆိုပြီးပြောလိုက်တယ်။

ယေရှုသွန်သင်တဲ့နည်းကို မင်းတို့သဘောမကျဘူးလား။ ကျမ်းစာထဲမှာ ယေရှုပြောခဲ့တာတွေကို တို့နားထောင်ရင် အရေးကြီးတဲ့အကြောင်းတွေ အများကြီးသိလာနိုင်တယ်။ ဟုတ်တယ်မဟုတ်လား။

လုကာ ၁၀:၂၅-၃၇။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ