ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၉၇
  • ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရင်က မြည်းကလေးစီးပြီး ဂျေရုဆလင်မြို့ထဲ၀င်လာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • လူနာတွေကို ယေရှုကုသပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မြည်းတစ်ကောင် စကားပြောတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လို ပြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၉၇
ယေရှု မြည်းကလေးကို စီးလာတဲ့အခါ လူအုပ်က သစ်ခက်တွေနဲ့ ဝှေ့ယမ်းကြိုဆိုကြ

ပုံပြင် ၉၇

ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း

မျက်မမြင်နှစ်ယောက်ကို ကုလို့မကြာခင်မှာပဲ ယေရှုဟာ ယေရုရှလင်မြို့အနားက ရွာကလေးတစ်ရွာကိုရောက်သွားတယ်။ တပည့်တော်နှစ်ယောက်ကိုခေါ်ပြီး ‘ရွာထဲကိုသွားကြ၊ မြည်းကလေးတစ်ကောင်ကို တွေ့ရမယ်။ ကြိုးဖြေပြီး ငါ့ဆီကိုဆွဲခဲ့’ ဆိုပြီးမှာလိုက်တယ်။

မြည်းကလေးကိုသူ့ဆီ ဆွဲလာကြတဲ့အခါ ယေရှုက မြည်းကလေးပေါ်တက်ထိုင်လိုက်တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ယေရုရှလင်မြို့ထဲကိုစီးသွားတယ်။ မြို့အနားရောက်တဲ့အခါ လူအုပ်ကြီးတစ်အုပ် သူ့ကိုလာကြိုတယ်။ သူတို့ထဲကအများစုဟာ အပေါ်အင်္ကျီတွေကိုချွတ်ပြီး လမ်းပေါ်မှာခင်းပေးကြတယ်။ ပြီးတော့ ‘ယေဟောဝါနာမတော်နဲ့ ကြွလာတဲ့ဘုရင်မင်းကြီး၊ ဘုရားသခင်ရဲ့ကောင်းချီးခံရပါစေ’ ဆိုပြီးကြွေးကြော်ကြတယ်။

ရှေးအချိန်တုန်းက ဣသရေလဘုရင်တွေ နန်းတက်ပြီဆိုရင် ယေရုရှလင်မြို့ ထဲကို မြည်းကလေးစီးပြီး လူတွေရှေ့မှာလှည့်ပြတဲ့ဓလေ့ရှိတယ်။ ယေရှုလည်း ဒီလိုပဲလုပ်နေတယ်လေ။ ဒီလူတွေကလည်းယေရှုကို ဘုရင်အနေနဲ့လိုလားကြတာကို ပြကြတယ်။ ဒါပေမဲ့ လူတိုင်းယေရှုကို မကြိုက်ဘူး။ ယေရှုဗိမာန်တော်ကိုရောက်တဲ့အချိန်မှာ ဖြစ်ပျက်တဲ့အချက်အလက်တွေကို ကြည့်ရုံနဲ့သိနိုင်တယ်။

ဗိမာန်တော်မှာ ယေရှုက မျက်မမြင်နဲ့ခြေလက်မသန်တဲ့ လူတွေကိုကုပေးတယ်။ ဒါကို ကလေးတွေမြင်တော့ ယေရှုကိုအော်ဟစ်ပြီးချီးမွမ်းကြတယ်။ အဲဒါကို ယဇ်ပုရောဟိတ်တွေကြားတော့ စိတ်ဆိုးပြီး ယေရှုကိုပြောတယ်။ ‘ကလေးတွေ ဘာပြောနေကြသလဲ ခင်ဗျားကြားလား’ တဲ့။

‘ကြားပါတယ်၊’ “ကလေးတွေနှုတ်ခမ်းကနေ ချီးမွမ်းစကားထွက်လာရအောင် ဘုရားသခင်ဖန်တီးမယ်” ဆိုတဲ့စကားကိုကျမ်းစာထဲမှာ တစ်ခါမှမဖတ်ဖူးဘူးလား’ ဆိုပြီးပြန်ပြောလိုက်တယ်။ ဒါနဲ့ကလေးတွေလည်း ဘုရားသခင်ရဲ့ဘုရင်မင်းမြတ်ကို ဆက်ပြီးချီးမွမ်းကြတာပေါ့။

အဲဒီကလေးတွေလို တို့လည်းဖြစ်ချင်တယ်။ မဖြစ်ချင်ကြဘူးလား။ ဘုရားသခင့်နိုင်ငံတော်အကြောင်းမပြောဖို့ တချို့လူတွေက တို့ကိုတားချင်တားမယ်။ ဒါပေမဲ့ လူတွေအတွက် ဘုရားသခင်လုပ်ပေးမယ့် မွန်မြတ်တဲ့အရာတွေကို တို့တစ်တွေဆက်ပြီးပြောသွားမယ်။

ယေရှုကမ္ဘာပေါ်မှာရှိတုန်းက ဘုရင်အနေနဲ့စပြီးအုပ်ချုပ်ဖို့ အချိန်မတန်သေးဘူး။ ဘယ်တော့ အုပ်ချုပ်မလဲ။ ယေရှုတပည့်တော်တွေက ဒါကိုသိချင်ကြတယ်။ နောက်တစ်ခန်းမှာ ဒီအကြောင်းကိုတို့ဖတ်ရမယ်။

မဿဲ ၂၁:၁-၁၇; ယောဟန် ၁၂:၁၂-၁၆။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ