ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၀၃
  • သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ရှင်ပြန်ထမြောက်ပြီ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “သခင့်ကို ကျွန်မ တွေ့လိုက်တယ်”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယေရှု ရှင်ပြန်ထမြောက်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သားတော်ကို ဘုရားသခင် သတိရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၀၃
ထမြောက်လာတဲ့ယေရှု တပည့်တွေကို ကိုယ်ထင်ပြ

ပုံပြင် ၁၀၃

သော့ခတ်ထားတဲ့အခန်းထဲကို ဝင်သွားတဲ့အကြောင်း

ယေရှုအလောင်းရှိခဲ့တဲ့ ဂူကနေပြီး ပေတရုနဲ့ယောဟန်တို့ ထွက်လာပြီးတဲ့နောက် မာရိတစ်ယောက်တည်းကျန်ရစ်ခဲ့တယ်။ သူငိုပါလေရော။ ပြီးတော့ အထဲကိုငုံ့ပြီးကြည့်လိုက်တယ်။ အဲဒီအခါ ရှေ့ပုံမှာပါတဲ့အတိုင်း ကောင်းကင်တမန်နှစ်ပါးကိုတွေ့လိုက်ရတယ်။ သူတို့က ‘ဘာဖြစ်လို့ငိုနေရတာလဲ’ ဆိုပြီးသူ့ကိုမေးတယ်။

မာရိက ‘ကျွန်မသခင်ကို သူတို့ယူသွားပြီ။ ကျွန်မသခင်ကို သူတို့ဘယ်မှာထားကြသလဲမသိဘူး’ ဆိုပြီးပြန်ဖြေတယ်။ အဲဒီနောက် မာရိလှည့်ပြီးကြည့်လိုက်တဲ့အခါ လူတစ်ယောက်ကိုတွေ့လိုက်တယ်။ အဲဒီလူက ‘ဘယ်သူ့ကိုရှာနေတာလဲ’ ဆိုပြီးသူ့ကိုမေးတယ်။

မာရိက အဲဒီလူကို ဥယျာဉ်စောင့်လို့ထင်တာနဲ့ ယေရှုအလောင်းကိုယူသွားတာလည်း သူပဲဖြစ်မှာ ဆိုပြီးထင်မိတယ်။ ဒါကြောင့် ‘ကျွန်မသခင်ကို ရှင်ရွှေ့လိုက်လို့ရှိရင် ဘယ်မှာထားသလဲပြောပြပါရှင်’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ တကယ်မှာတော့ အဲဒီလူကိုယ်တိုင် ယေရှုဖြစ်နေတယ်။ မာရိမမှတ်မိနိုင်တဲ့ ကိုယ်ခန္ဓာမျိုးယူထားတယ်။ ဒါပေမဲ့ ကိုယ်တော်က သူ့နာမည်နဲ့ခေါ်လိုက်တဲ့အခါ ယေရှုမှန်း မာရိသိသွားတယ်။ ဒါနဲ့တပည့်တော်တွေဆီ အပြေးအလွှားသွားပြီး ‘သခင်ကိုကျွန်မမြင်လိုက်တယ်’ ဆိုပြီးပြန်ပြောပြတယ်။

အဲဒီနောက် အဲဒီနေ့မှာပဲ တပည့်တော်နှစ်ယောက် ဧမောက်ရွာကိုသွားကြတုန်း လူတစ်ယောက်သူတို့နဲ့ပေါင်းပြီး အတူသွားတယ်။ တပည့်တော်နှစ်ယောက်က ယေရှုအသတ်ခံလိုက်ရတဲ့အတွက် သိပ်ပြီးဝမ်းနည်းနေကြတယ်လေ။ ဒါပေမဲ့ လမ်းသွားရင်းနဲ့ အဲဒီလူက ကျမ်းစာထဲကနေပြီး အမျိုးမျိုးရှင်းပြတော့ သူတို့စိတ်အများကြီးသက်သာသွားတယ်။ နောက်ဆုံးမှာတော့ ခရီးတစ်ထောက်မှာအစာစားမယ်လုပ်တဲ့အခါ အဲဒီလူဟာ ယေရှုဖြစ်မှန်းသိသွားကြတယ်။ အဲဒီနောက် ယေရှုကိုယ်ယောင်ဖျောက်သွားတယ်။ အဲဒီတပည့်နှစ်ယောက်လည်း ချက်ချင်းပဲ ယေရုရှလင်ကိုပြန်ပြီး တမန်တော်တွေကို ယေရှုအကြောင်းပြောပြတယ်။

အဲဒီအချိန်မှာပဲ ယေရှုဟာ ပေတရုကိုကိုယ်ယောင်ပြတယ်။ ဒီအကြောင်းကို ကျန်တဲ့လူတွေကြားတော့ စိတ်ထဲလှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။ ခုနကတပည့်တော်နှစ်ယောက်လည်း ယေရုရှလင်မြို့ကိုရောက်ပြီး တမန်တော်တွေကိုတွေ့ကြတဲ့အခါ သူတို့ကိုလည်းလမ်းမှာ ယေရှုကိုယ်ယောင်ထင်ရှားပြတဲ့အကြောင်းပြောပြတယ်။ အဲဒီလိုပြောနေကြတဲ့အချိန်မှာပဲ အံ့ဩစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာတယ်သိလား။

ပုံကိုကြည့်လိုက်စမ်း။ သော့ခတ်ထားတဲ့ကြားထဲ ယေရှုအခန်းထဲဝင်လာပြီး ကိုယ်ယောင်ပြနေတယ်။ တပည့်တော်တွေ ဝမ်းသာလိုက်ကြတာအရမ်းပဲ၊ စိတ်လှုပ်ရှားစရာကောင်းလိုက်တဲ့နေ့ပေါ့။ အဲဒီအချိန်အထိ တပည့်တော်တွေရှေ့ ယေရှုဘယ်နှစ်ကြိမ်ကိုယ်ယောင်ထင်ရှား ပြပြီးပြီလဲ။ ငါးကြိမ်ဟုတ်သလား။

ယေရှုကိုယ်ယောင်ပြတဲ့အခါ တမန်တော်သောမ မရှိဘူး။ ဒါကြောင့် တပည့်တော်တွေက ‘ငါတို့သခင်ကိုတွေ့တယ်ဟေ့’ ဆိုပြီးသူ့ကိုပြောပြတဲ့အခါ သောမက ငါမြင်မှယုံမယ်ဆိုပြီးပြောတယ်။ ရှစ်ရက်နောက်ပိုင်းမှာ တပည့်တွေသော့ခတ်ထားတဲ့အခန်းထဲမှာစုနေကြတဲ့အခါမှာ သောမလည်းရှိတုန်း၊ ယေရှုရုတ်ခြည်းပေါ်လာတယ်။ ခုတော့သောမ ယုံသွားပြီ။

ယောဟန် ၂၀:၁၁-၂၉; လုကာ ၂၄:၁၃-၄၃။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ