ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • br78 စာ. ၃-၅
  • သူတို့မည်သူများနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့မည်သူများနည်း
  • နှစ်ဆယ်ရာစု ယေဟောဝါသက်သေများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့၏အမည်
  • သူတို့ မည်သူများနည်း
    ယေဟောဝါသက်သေများ သူတို့မည်သူများနည်း သူတို့ဘာကိုယုံကြည်ကြသနည်း
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဘုရားသခင့်နာမတော် နှင့် “ဓမ္မသစ်ကျမ်း”
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • ယေဟောဝါ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
နှစ်ဆယ်ရာစု ယေဟောဝါသက်သေများ
br78 စာ. ၃-၅

သူတို့မည်သူများနည်း

ယေဟောဝါသက်သေများကို သင်ပိုမိုသိကျွမ်းလာရန်သူတို့ဆန္ဒရှိပါသည်။ သူတို့ကိုသင်၏လုပ်ဖော်ဆောင်ဖက်များ၊ အိမ်နီးနားချင်းများ၊ သို့မဟုတ် နေ့စဉ်ဘဝလုပ်ငန်းတစ်ခုခု၌ပါဝင်သူများအဖြစ် သင်တွေ့မြင်နိုင်သည်။ လမ်းပေါ်တွင်လမ်းသွားလမ်းလာများအား သူတို့၏မဂ္ဂဇင်းများဝေငှနေသည်ကို သင်တွေ့ဖူးမည်။ သို့မဟုတ် သင့်အိမ်တံခါးဝတွင် သူတို့နှင့်ခဏစကားပြောဖူးမည်။

အမှန်မှာ ယေဟောဝါသက်သေတို့သည် သင်နှင့်သင့်ကောင်းကျိုးကို စိတ်ဝင်စားသူများဖြစ်ကြသည်။ သူတို့သည်သင့်မိတ်ဆွေများဖြစ်လိုကြသည်။ သူတို့အကြောင်း၊ သူတို့၏ယုံကြည်ချက်များ၊ သူတို့၏အဖွဲ့အစည်း၊ လူသားများအပေါ်နှင့် ကျွန်ုပ်တို့အားလုံးနေထိုင်ကြသော ဤကမ္ဘာအပေါ် သူတို့၏အမြင်ကို သင့်အားပြောပြလိုကြသည်။ ဤရည်ရွယ်ချက်ပြည့်ဝဖို့ ဤဘရိုရှာကို သင့်အတွက်ထုတ်ဝေလိုက်ပါသည်။

အများအားဖြင့်ယေဟောဝါသက်သေတို့သည် အခြားသူတို့နှင့်တူကြပါသည်။ သူတို့မှာစီးပွားရေး၊ ကာယရေး၊ စိတ်လှုပ်ရှားမှုပြဿနာများရှိကြပါသည်။ သူတို့သည် စုံလင်သူများ၊ မှုတ်သွင်းခံရသူများ၊ သဲလဲစင်များမဟုတ်သည့်အတွက် တစ်ခါတစ်ရံအမှားများပြုမိတတ်ကြသည်။ သို့သော်သူတို့၏အတွေ့အကြုံများနှင့် ကျမ်းစာကိုဝီရိယရှိရှိလေ့လာခြင်းတို့မှ သင်ခန်းစာယူကြပြီး လိုအပ်သောပြုပြင်ပြောင်းလဲမှုပြုကြသည်။ သူတို့သည်ဘုရားသခင်၏အလိုတော်ကို ထမ်းဆောင်ရန်မိမိကိုယ်ကိုဆက်ကပ်အပ်နှံထားကြသူများဖြစ်ပြီး၊ ထိုအတိုင်းအသက်ရှင်ရန် ကြိုးစားနေကြသူများဖြစ်သည်။ သူတို့လုပ်ကိုင်ဆောင်ရွက်မှုအားလုံးတွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်လမ်းညွှန်မှုကိုရှာဖွေကြသည်။

သူတို့အတွက်အရေးကြီးသည့်အရာမှာ သူတို့၏ယုံကြည်ချက်များသည် လူ့မှန်းဆချက် သို့မဟုတ် ဘာသာရေးအယူအဆများအပေါ်အခြေမခံဘဲ ကျမ်းစာကိုသာအခြေခံရန်ဖြစ်သည်။ မှုတ်သွင်းခံရ၍ တမန်တော်ပေါလုပြောခဲ့သည့်စကားများအတိုင်း ပေါလုကဲ့သို့ သူတို့သဘောထားကြသည်။ “လူခပ်သိမ်းတို့သည်သစ္စာပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း။” (ရောမ ၃:၄၊ ယုဒသန်a) ကျမ်းစာအမှန်တရားအဖြစ်တင်ပြသော သွန်သင်ချက်များနှင့်ပတ်သက်၍မူ၊ တမန်တော်ပေါလုဟောပြောချက်ကိုကြားသည့်အခါ တုံ့ပြန်သည့်ဗေရိမြို့သားတို့၏လမ်းစဉ်ကို သူတို့အခိုင်အမာထောက်ခံကြသည်။ “. . . အလွန်ကြည်ညိုသောစေတနာစိတ်နှင့်နှုတ်ကပါဌ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှု၏။” (တမန်တော် ၁၇:၁၁) မိမိတို့သော်လည်းကောင်း၊ အခြားသူများသော်လည်းကောင်း သွန်သင်သည့်ဘာသာရေးသွန်သင်ချက်အားလုံးတို့သည် သမ္မာကျမ်းစာနှင့်ကိုက်ညီရမည်ဟူသော အစစ်ခံချက်ကိုရင်ဆိုင်သင့်ကြောင်း ယေဟောဝါသက်သေများယုံကြည်ကြသည်။ ဤသို့ပြုရန် သူတို့နှင့်ဆွေးနွေးကြည့်ဖို့ သင့်အားခေါ်ဖိတ်—⁠တိုက်တွန်း—⁠ပါသည်။

ယင်းမှယေဟောဝါသက်သေတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပါဌ်တော်အဖြစ်ယုံကြည်ကြောင်းထင်ရှားသည်။ ကျမ်းစာစောင် ၆၆ စောင်သည်မှုတ်သွင်းခံရပြီး၊ ရာဇဝင်အရလည်း တိကျမှန်ကန်ကြောင်းသူတို့ယူမှတ်ကြသည်။ ဓမ္မသစ်ကျမ်းဟုအများခေါ်သည့် ကျမ်းကိုခရစ်ယာန်ဂရိကျမ်းများဟုသူတို့ခေါ်ကြသည်။ ဓမ္မဟောင်းကျမ်းကိုမူ ဟေဗြဲကျမ်းများဟုခေါ်ကြသည်။ သူတို့သည် ဂရိနှင့်ဟေဗြဲကျမ်းစာနှစ်ခုလုံးကိုကိုးစားပြီး စကားသား သို့မဟုတ် ဇာတ်အိမ်အရပုံဆောင်သဘောဖြစ်ကြောင်း သိသာထင်ရှားသည့်အခါမှလွဲ၍ ကျန်ဖော်ပြချက်တို့ကို စာသားအတိုင်းယူမှတ်ကြသည်။ ကျမ်းစာပါပရောဖက်ပြုချက်အများမှာ ပြည့်စုံခဲ့ပြီဖြစ်ကြောင်း၊ အခြားတို့မူပြည့်စုံဆဲရှိကြောင်းနှင့် အချို့တို့မှာမပြည့်စုံသေးကြောင်း သူတို့နားလည်ထားကြသည်။

သူတို့၏အမည်

ယေဟောဝါသက်သေများ။ သူတို့ကိုယ်ကိုဤသို့ခေါ်ဆိုကြသည်။ ယေဟောဝါ၊ ကိုယ်တော်သည်ဘုရားသခင်ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို သူတို့သက်သေခံကြောင်းထင်ရှားစေသည့်အမည်ဖြစ်ပါသည်။ “ဘုရား”၊ “သခင်”၊ “ဖန်ဆင်းရှင်”၊ —⁠တို့သည် “သမ္မတ”၊ “ဘုရင်”၊ “ဗိုလ်ချုပ်”၊ တို့ကဲ့သို့ပင်—⁠ဘွဲ့နာမများသာဖြစ်ပြီး၊ အသီးသီးသောပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်နိုင်သည်။ သို့သော် “ယေဟောဝါ” မူကား ကိုယ်ပိုင်အမည်ဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားနှင့် စကြဝဠာဖန်ဆင်းရှင်ကိုရည်ညွှန်းသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းက ဆာလံ ၈၃:၁၈ ကိုဖော်ပြရာတွင် ဤအချက်ပေါ်လွင်သည်။ “ယေဟောဝါဟူ၍အမည်ရှိသောကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးအပေါ်မှာအမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကိုလူများသိကြပါစေသော။”

ယေဟောဝါ (သို့မဟုတ်ယာဝေးဟူ၍ရိုမင်ကက်သလစ်ယေရုရှလင်ကျမ်းနှင့်အခြားခေတ်ပညာတတ်များခေါ်ဆိုသည့်) နာမတော်သည် မူရင်းဟေဗြဲကျမ်း၌အကြိမ်ပေါင်း ၇,၀၀၀ နီးပါးပါရှိသည်။ ကျမ်းစာအများစုက ဤနာမတော်ကိုမသုံးဘဲ “ထာဝရဘုရား” သို့မဟုတ် “အရှင်သခင်” ဟူ၍အစားထိုးထားကြသည်။ သို့ရာတွင် ဤကျမ်းစာများ၌ပင်ယေဟောဝါ၏နာမတော်ကို မူရင်းဟေဗြဲကျမ်းများက မည်သည့်နေရာများတွင်သုံးကြောင်းပြောနိုင်သည်။ အကြောင်းမှာ ထိုနေရာများတွင်အစားထိုးသည့်စာလုံးများကို စာလုံးကြီးတို့ဖြင့်ရေးထားသောကြောင့်ဖြစ်သည်။ ခေတ်သစ်ဘာသာပြန်ကျမ်းများတွင် ယေဟောဝါ သို့မဟုတ် ယာဝေးကိုအသုံးပြုထားကြသည်။ ထို့ကြောင့်ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဟေရှာယ ၄၂:၈ ကို “ငါသည်ယေဟောဝါဖြစ်၏။ ယင်းသည်ငါ၏အမည်ဖြစ်၏” ဟုဖော်ပြထားသည်။

ယေဟောဝါသက်သေတို့သည် မိမိတို့၏အမည်ကိုဟေရှာယအခန်းကြီး ၄၃ မှယူထားခြင်းဖြစ်သည်။ ထိုတွင်ကမ္ဘာကြီးကို တရားရုံးခန်းတစ်ခုနှင့်ပုံဆောင်ထားသည်။ လူမျိုးတို့၏ဘုရားများသည် မိမိကိုဖြောင့်မတ်ကြောင်းသက်သေထူရန် သို့မဟုတ် ယေဟောဝါဘက်မှသက်သေခံချက်များကို နားထောင်ပြီး အမှန်တရားကိုဝန်ခံရန်ဖြစ်သည်။ ထိုတွင်ယေဟောဝါက မိမိ၏လူမျိုးတော်အား “သင်တို့သည်ငါ့ကိုသိမှတ်ယုံကြည်၍ ငါသည်မှန်ပြီဟုနားလည်မည်အကြောင်း ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာအဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်းအဘယ်ဘုရားသခင်မျှမရှိ။ ငါတစ်ပါးတည်းသာ [ယေဟောဝါ] ဖြစ်၏။ ငါမှတစ်ပါးကယ်တင်သောအရှင်မရှိ” ဟုကြေညာတော်မူ၏။—⁠ဟေရှာယ ၄၃:၁၀၊ ၁၁။

ခရစ်တော်ယေရှုမတိုင်မီကတည်းက နှစ်ပေါင်းများစွာအတွင်း ယေဟောဝါဘုရားသခင်၏သက်သေများရှိခဲ့သည်။ ထိုသူအချို့တို့ကို ဟေဗြဲအခန်းကြီး ၁၁ တွင်မှတ်တမ်းတင်ပြီးနောက် ဟေဗြဲ ၁၂:၁ က “ထိုကြောင့်ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့” ဟုဖော်ပြထားသည်။ ယေရှုက ပိလတ်မင်းရှေ့တွင် “သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ” ဟုပြောခဲ့သည်။ ကိုယ်တော်ကို “သစ္စာရှိ၍ဟုတ်မှန်သောသက်သေ” ဟုခေါ်ထားသည်။ (ယောဟန် ၁၈:၃၇။ ဗျာဒိတ် ၃:၁၄) မိမိ၏တပည့်တော်များအား “သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” ဟုယေရှုမိန့်တော်မူခဲ့သည်။—⁠တမန်တော် ၁:၁၈။

ထို့ကြောင့်ယေရှုအားဖြင့် ယေဟောဝါ၏နိုင်ငံတော်ဆိုင်ရာသတင်းကောင်းကို ယနေ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဟောပြောနေကြသောလူပေါင်း ၄,၀၀၀,၀၀၀ ကျော်တို့သည် မိမိတို့ကိုယ်ကိုယေဟောဝါသက်သေများဟုခေါ်တွင်ရန်သင့်လျော်ကြောင်းယူမှတ်ကြ၏။

[အောက်ခြေမှတ်ချက်များ]

a ဤဘရိုရှာရှိ ကျမ်းကိုးကားချက်များကို အခြားဖော်ပြထားခြင်းမရှိလျှင် ဤဘာသာပြန်ကျမ်းမှဖြစ်သည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

သူတို့ သင့်ကို စိတ်ဝင်စားကြ

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

ဘုရားအလိုတော် ဆောင်ရန် သူတို့ဆက်ကပ်အပ်နှံထားကြ

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ကျမ်းစာသည်ဘုရားနှုတ်ကပါဌ်တော်ဖြစ်ကြောင်းသူတို့ယုံကြည်ကြ

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

တရားရုံးနှင့် ဆက်နွယ်နေသော အမည်နာမ

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

နိုင်ငံပေါင်း ၂၀၀ ကျော်တွင် သက်သေခံ ၄,၀၀၀,၀၀၀ ကျော်

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ရှေးဟေဗြဲစာပေတွင် ဘုရားသခင့်ကိုယ်ပိုင်နာမတော်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ