ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၀၇
  • လက်ထပ်မင်္ဂလာပွဲပုံဥပမာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်ထပ်မင်္ဂလာပွဲပုံဥပမာ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရင်ကြီးက မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကိုဖိတ်ခေါ်ခိုင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၀၇

အခန်း ၁၀၇

လက်ထပ်မင်္ဂလာပွဲပုံဥပမာ

ပုံဥပမာနှစ်ခုဖြင့် ကျမ်းတတ်နှင့်ယဇ်ပုရောဟိတ်တို့ကို ယေရှုဖော်ထုတ်ပြီးနောက်၊ ကိုယ်တော်ကိုသူတို့သတ်လိုကြ၏။ ယေရှုမှာမူ ဥပမာတစ်ခုကို ဆက်ပြောပြန်သည်။

‘ကောင်းကင်နိုင်ငံသည် သားအဖို့ထိမ်းမြားမင်္ဂလာပွဲစီရင်သောမင်းကြီးနှင့်တူ၏။ ထိုမင်းသည် ဖိတ်ပြီးသူတို့ကိုခေါ်စေခြင်းငှာ လုလင်တို့ကိုစေလွှတ်၏။ ထိုသူတို့သည် မလာဘဲနေကြ၏။”

ယေဟောဝါသည် သားတော်ယေရှုခရစ်၏မင်္ဂလာဆောင်ပွဲကို ကျင်းပရန်ပြင်ဆင်ပေးသောမင်းကြီးဖြစ်သည်။ အဆုံး၌၊ သတို့သမီး ၁၄၄၀၀၀ ဘိသိက်ခံတပည့်များသည် ယေရှုနှင့်အတူ ကောင်းကင်တွင်စုစည်းကြမည်ဖြစ်၏။ ဘီစီအီး ၁၅၁၃ ခုနှစ်၌ပညတ်ပဋိညာဉ်ထဲသို့ခေါ်သွင်းခံရသောဣသရေလလူမျိုးသည် မင်းကြီး၏လက်အောက်ခံများဖြစ်ကြပြီး၊ “ယဇ်ပုရောဟိတ်လူမျိုး” ဖြစ်ခွင့်ရရှိခဲ့သည်။ သို့နှင့်ထိုအချိန်တွင် မင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ချက်ကို သူတို့ဦးစွာရရှိခဲ့သည်။

သို့သော် ယေရှုနှင့်သူ၏တပည့်များ (မင်းကြီး၏လုလင်) သည်နိုင်ငံတော်ဟောပြောခြင်းစတင်ခဲ့သည့် စီအီး ၂၉ ခုနှစ်ဆောင်းဦးချိန်မတိုင်မီအထိ ဖိတ်ခေါ်ခံရသူတို့အား ပထမအကြိမ်ခေါ်ခြင်းမပြုသေးပေ။ သို့သော် စီအီး ၂၉ မှ ၃၃ အထိ လုလင်များအားဖြင့် ဖိတ်ခေါ်ခံရသော်လည်း ဇာတိဣသရေလလူမျိုးတို့သည် မလာလိုကြချေ။ ထိုကြောင့် ခေါ်ဖိတ်ခံရသောလူမျိုးကို ဘုရားရှင်သည် နောက်တစ်ဖန်အခွင့်အရေးပေးကြောင်း ယေရှုဤသို့ရှင်းပြသည်။

“တစ်ဖန်အခြားလုလင်တို့ကိုစေလွှတ်၍ ‘ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသောဆူဖြိုးသောတိရစ္ဆာန်များကိုသတ်၍ပြီးပြီ။ အလုံးစုံတို့သည်အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာကြပါ’ ဟုဖိတ်ပြီးသောသူတို့အားပြောပြဟုမှာလိုက်ပြန်၏။” ယေရှု၏တပည့်များအပေါ်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းရာစီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့၌ ဤဒုတိယနှင့်နောက်ဆုံးဖိတ်ခေါ်ချက်စခဲ့၍ စီအီး ၃၆ ခုနှစ်တိုင်ဖိတ်ခေါ်ပါ၏။

သို့သော် ဣသရေလအများစုသည် ဤဖိတ်ခေါ်ချက်ကိုငြင်းပယ်ကြသည်။ “ထိုသူတို့သည် နားမထောင်ဘဲ၊ အချို့တို့သည် မိမိတို့လယ်သို့၊ အချို့တို့သည် ကုန်သွယ်ရာသို့သွားကြသည်။ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းပြုကြ၏။ မင်းကြီးကြားလျှင် အမျက်ထွက်၍စစ်ချီသဖြင့် လူအသက်ကိုသတ်သောထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကိုမီးရှို့လေ၏” ဟုယေရှုရှင်းပြသည်။ ရောမလူမျိုးအားဖြင့် ယေရုရှလင်မြို့ကိုချေမှုန်းလိုက်သည့် စီအီး ၇၀ ခုနှစ်တွင် ယင်းသို့ဖြစ်ခဲ့၍ ထိုလူသတ်သမားများအသတ်ခံခဲ့ရသည်။

ထိုကာလအတွင်း၏အဖြစ်အပျက်ကို ယေရှုဆက်ရှင်းပြ၏။ “ [မင်းကြီး] သည်လုလင်တို့ကိုခေါ်၍၊ ငါ၏မင်္ဂလာဆောင်ပွဲသည်အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်တန်သောကြောင့် လမ်းမလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကိုပွဲသို့ဖိတ်ခေါ်ကြဟုမိန့်တော်မူ၏။” ပြောသည့်အတိုင်းလုလင်တို့ပြုကြ၍ “ပွဲတော်၌အပြည့်ရှိလေသည်။”

မြို့လမ်းမများမှ ဧည့်သည်ဖိတ်ခေါ်သည့်အလုပ်ကို စီအီး ၃၆ ခုနှစ်တွင်စသည်။ ရောမတပ်မှူးကော်နေလိနှင့်သူ၏မိသားစုသည် အရေဖျားမလှီးသောတစ်ပါးအမျိုးသားတို့တွင် ဦးဆုံးစုသိမ်းခံရသူများဖြစ်သည်။ မူလဖိတ်ခေါ်ချက်ကိုငြင်းဆန်သူတို့အစားဝင်သည့် ဤတစ်ပါးအမျိုးသားများကို ၂၀ ရာစုတိုင်ဆက်လက်စုသိမ်းပါသည်။

၂၀ ရာစုအတွင်းတွင် မင်္ဂလာဆောင်ခန်းမပြည့်သွားပြီးနောက်အဖြစ်သနစ်ကို ယေရှုဤသို့ဖော်ပြသည်။ “မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကိုကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်ကိုမဝတ်သောသူတစ်ယောက်ကိုမြင်လျှင် ‘အဆွေ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်ကိုမဝတ်ဘဲ၊ အဘယ်ကြောင့်ဝင်သနည်း’ ဟုမေးတော်မူသည်ကို ထိုသူသည်မပြောနိုင်ဘဲနေ၏။ ထိုအခါမင်းကြီးသည် အခြံအရံတို့အား ‘ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာပြင်အရပ် မှောင်မိုက်ထဲသို့ယူသွားချလိုက်ကြ’ ဟုအမိန့်တော်ရှိ၏။”

မင်္ဂလာဆောင်ဝတ်စုံမရှိသောသူသည် ခရစ်ယာန်အတုများဖြစ်သည့်ခရစ်ယာန်ဘောင်ဖြစ်သည်။ ဝိညာဏဣသရေလအဖြစ်လျောက်ပတ်သူများဟု သူတို့ကိုဘုရားသခင်တစ်ခါမျှမယူမှတ်ခဲ့ချေ။ ဘုရားသခင်သည် သူတို့အားမည်သည့်အခါမျှ နိုင်ငံတော်အမွေခံများအဖြစ် ဘိသိက်မပေးခဲ့ချေ။ သို့နှင့်ဖျက်ဆီးခံရရန် ပြင်ပမှောင်မိုက်ထဲသို့ သူတို့ပစ်ချခံရလေသည်။

“ထိုသို့ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်သောသူနည်းသည်” ဟုမိန့်ဆို၍ ပုံဥပမာကိုယေရှုနိဂုံးချုပ်လေသည်။ ခရစ်တော်၏သတို့သမီးအဝင်ဖြစ်ရန် ဣသရေလလူမျိုးမှ အများအပြားကိုဖိတ်ခေါ်ခဲ့သော်လည်း ဇာတိဣသရေလအနည်းငယ်သာရွေးချယ်ခံရ၏။ ကောင်းကင်ဆုရရှိသည့် ၁၄၄၀၀၀ တို့တွင်အများစုမှာ ဣသရေလမဟုတ်သူများသာဖြစ်ကြ၏။ မဿဲ ၂၂:၁-၁၄။ ထွက်မြောက်ရာ ၁၉:၁-၆။ ဗျာဒိတ် ၁၄:၁-၃။

▪ မင်္ဂလာဆောင်ပွဲသို့ မည်သူတို့ဦးစွာဖိတ်ခေါ်ခံရသနည်း။ မည်သည့်အချိန်တွင် ဖိတ်ခေါ်ခံရသနည်း။

▪ ဖိတ်ခေါ်ခံရသူများကို မည်သည့်အချိန်တွင်စခေါ်သနည်း။ ဖိတ်ခေါ်ရသောလုလင်တို့သည် မည်သူများနည်း။

▪ ဒုတိယဖိတ်ခေါ်ခြင်းကို မည်သည့်အချိန်တွင်ကမ်းလှမ်းခဲ့သနည်း။ ယင်းနောက် မည်သူများဖိတ်ခေါ်ခံရသနည်း။

▪ မင်္ဂလာဆောင်ဝတ်စုံမဝတ်လာသူသည် မည်သူကိုပုံဆောင်သနည်း။

▪ ခေါ်တော်မူခြင်းခံရသူအများနှင့် ရွေးကောက်ခံရသူအနည်းငယ်ကား မည်သူများနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ