ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • T-19 စာ. ၂-၆
  • ဤလောက ဆက်လက် တည်ရှိမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဤလောက ဆက်လက် တည်ရှိမည်လော
  • ဤလောက ဆက်လက် တည်ရှိမည်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လောကတစ်ခုနိဂုံးချုပ်​—⁠အခြားတစ်ခုအစားထိုး
  • ဤလောက၏အနာဂတ်
  • “နိမိတ်”
  • “ကပ်ကမ္ဘာကုန်” ခြင်း နီးပြီ!
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • လောကတစ်ခုကို ရေလွှမ်းမိုး ဖျက်ဆီးခဲ့တယ်—နောက်တစ်ခါ ဖျက်ဆီးဦးမလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယုံကြည်ခြင်းအားဖြင့် လောကကိုသင်အပြစ်တင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နောက်ဆုံးကာလ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ဤလောက ဆက်လက် တည်ရှိမည်လော
T-19 စာ. ၂-၆

ဤလောက ဆက်လက် တည်ရှိမည်လော

လောကနိဂုံးအကြောင်းပြောဆိုခြင်းကို ဤလူမျိုးဆက်လောက်ကြားရသည့်အခြားလူမျိုးဆက်မရှိပါ။ လူများစွာတို့က ဤလောကသည် နျူကလီးယားမီးလောင်တိုက်သွင်းခံရခြင်းအားဖြင့် နိဂုံးချုပ်မည်ကို ကြောက်လန့်နေကြသည်။ အချို့တို့က ညစ်ညမ်းမှုသည် ကမ္ဘာကိုပျက်စီးစေနိုင်မည်ဟုထင်မှတ်ကြသည်။ စီးပွားရေးဖရိုဖရဲဖြစ်ခြင်းကြောင့် လူအစုလိုက်အပြုံလိုက်စပ်ကြား တိုက်ခိုက်မှုများဖြစ်ပေါ်လာမည်ကို အချို့စိုးရိမ်လျက်ရှိကြသည်။

ဤလောကအမှန်ပင် အဆုံးတိုင်မည်လော။ ဘာကိုဆိုလိုသနည်း။ ယခင်က လောကနိဂုံးချုပ်ခဲ့ဖူးသလော။

လောကတစ်ခုနိဂုံးချုပ်​—⁠အခြားတစ်ခုအစားထိုး

မှန်ပါသည်။ လောကတစ်ခုနိဂုံးချုပ်ခဲ့ပါသည်။ နောဧခေတ်က အလွန်ဆိုးသွမ်းသည့်လောကအကြောင်းကို စဉ်းစားကြည့်ပါ။ “လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ” ခဲ့ကြောင်း သမ္မာကျမ်းစာကရှင်းပြသည်။ “ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့်လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍ ဘုရားကိုမကိုးကွယ်သောလောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏” ဟူ၍လည်း ကျမ်းစာပြောသေးသည်။​—⁠၂ ပေတရု ၂:၅၊ ၃:၆။

ထိုလောကကုန်ဆုံးခြင်းသည် ဘာကိုဆိုလိုပြီး ဘာကိုမဆိုလိုကြောင်း သတိပြုပါ။ ယင်းသည် လူသားများကုန်ဆုံးသွားခြင်းကိုမဆိုလိုပါ။ နောဧနှင့်သူ့မိသားစုသည် ကမ္ဘာချီရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့သည်။ ကမ္ဘာဂြိုဟ်နှင့် ကြယ်တာရာများစွာပါဝင်သည့် လှပသောမိုးကောင်းကင်လည်း ကပ်ကျော်ခဲ့သည်။ ‘ဘုရားတရားမဲ့သောလူများ၏လောက’၊ ဆိုးညစ်သောအစီအစဉ်စနစ်တစ်ခုသာ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးတွင် နောဧ၏သားမြေးများဆက်လက်တိုးပွားလာသဖြင့် အခြားလောကတစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုဒုတိယလောက သို့မဟုတ် အစီအစဉ်စနစ်သည် ယခုကျွန်ုပ်တို့အချိန်ကာလအထိ တည်ရှိလာခဲ့သည်။ ယင်း၏ရာဇဝင်သည် စစ်ပွဲ၊ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများဖြင့် ပြည့်နှက်နေသည်။ ဤလောကဘာဖြစ်မည်နည်း။ ဆက်လက်တည်ရှိမည်လော။

ဤလောက၏အနာဂတ်

နောဧခေတ်ကလောကဖျက်ဆီးခံရခြင်းအကြောင်းပြောပြီးနောက် ကျမ်းစာကဆက်၍ “အလားတူပင် ယခုရှိသောကောင်းကင်နှင့်မြေကြီးတို့လည်း မီးရှို့ခံရရန်အတွက်ရှိနေ၏။” (၂ ပေတရု ၃:၇၊ ကဘ) မှန်ပါသည်။ အခြားကျမ်းရေးသူတစ်ယောက်ရှင်းပြသည့်အတိုင်း “[ယနေ့တည်ရှိနေသော] လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။”​—⁠၁ ယောဟန် ၂:၁၇။

ပကတိကမ္ဘာ သို့မဟုတ် ကြယ်တာရာများရှိသောကောင်းကင်ပျောက်ဆုံးသွားမည်ကို ကျမ်းစာဆိုလိုနေခြင်းမဟုတ်ပါ။ နောဧခေတ်တွင် ယင်းတို့မပျောက်ဆုံးခဲ့သကဲ့သို့ပင်ဖြစ်သည်။ (ဆာလံ ၁၀၄:၅) ဤလောက၏ “ကောင်းကင်”၊ သို့မဟုတ် စာတန်လွှမ်းမိုးမှုအောက်ရှိအုပ်ချုပ်မှုများနှင့် ယင်း၏ “မြေကြီး”၊ သို့မဟုတ် လူ့ဘောင်အဖွဲ့အစည်းသည် မီးအားဖြင့်ဖျက်ဆီးခြင်းခံရမည်။ (ယောဟန် ၁၄:၃၀။ ၂ ကောရိန္သု ၄:၄) ဤလောက သို့မဟုတ် အစီအစဉ်စနစ်သည် ရေလွှမ်းမိုးခြင်းမတိုင်မီလောကကဲ့သို့ပင် ဖျက်ဆီးခြင်းခံရရန်သေချာသည်။ ဤလောကအဆုံးမရောက်မီကလေးတွင် ဖြစ်ပျက်မည့်အရာများကို ‘နောဧခေတ်’ ကအခြေအနေနှင့်ဥပမာပေး၍ ယေရှုခရစ်ပြောဆိုခဲ့သည်။​—⁠မဿဲ ၂၄:​၃၇-၃၉။

ထင်ရှားသည်ကား နောဧခေတ်အကြောင်းယေရှုပြောသောအခါ “ကိုယ်တော်ကြွလာခြင်းနှင့် ကမ္ဘာကုန်ခြင်းနိမိတ်ကား အဘယ်နည်း” ဟူသောတမန်တော်များ၏မေးခွန်းကို ဖြေဆိုရာရောက်သည်။ (မဿဲ ၂၄:၃၊ King James Version) ဤလောကအဆုံးသတ်မည်ကို ယေရှု၏နောက်တော်လိုက်များ သိ ခဲ့ကြသည်။ ယင်းသည် သူတို့ကိုထိတ်လန့်စေခဲ့သလော။

ယင်းနှင့်ခြားနားလျက် လောကနိဂုံးမတိုင်မီဖြစ်ပျက်မည့်အခြင်းအရာများကို ယေရှုဖော်ပြစဉ် ‘သူတို့ကိုကယ်နှုတ်မည့်အချိန်သည် နီးပြီဖြစ်သောကြောင့်’ ဝမ်းမြောက်ကြရန် ကိုယ်တော်အားပေးတော်မူခဲ့သည်။ (လုကာ ၂၁:၂၈) မှန်ပါသည်။ စာတန်နှင့်သူ၏ဆိုးသွမ်းသောစနစ်မှ ငြိမ်းချမ်းသည့်ကမ္ဘာသစ်သို့ ကယ်နှုတ်ခံရမည်ပါတကား။​—⁠၂ ပေတရု ၃:၁၃။

သို့သော် ဤလောကသည် မည်သည့်အခါ တွင်ကုန်ဆုံးမည်နည်း။ မိမိ၏ “ကြွလာခြင်းနှင့်ကမ္ဘာကုန်ခြင်း” ဆိုင်ရာအဘယ် “နိမိတ်” များကို ယေရှုပေးခဲ့သနည်း။

“နိမိတ်”

ဤနေရာတွင် ကြွလာခြင်းဟုဘာသာပြန်ဆိုသောဂရိစကားမှာ ပါရိုးစီယာ (pa·rou·siʹa) ဖြစ်ပြီး “ရောက်ရှိခြင်း” ဟုအဓိပ္ပာယ်သက်ရောက်၍ အမှန်ပင်ရောက်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် “နိမိတ်” ကိုမြင်သောအခါ မကြာမီ ခရစ်တော်ရောက်ရှိတော့မည်မဟုတ်ဘဲ ကိုယ်တော်ပြန်ရောက်လာပြီဖြစ်၍ ရောက်ရှိနေပြီဖြစ်သည်။ ယင်းက ကိုယ်တော်သည် ကောင်းကင်ဘုရင်အဖြစ် မမြင်ရသောနည်းအားဖြင့် စတင်အုပ်ချုပ်နေပြီး မကြာမီ မိမိ၏ရန်သူများကို အဆုံးတိုင်စေတော့မည်ဖြစ်သည်။​—⁠ဗျာဒိတ် ၁၂:၇-၁၂။ ဆာလံ ၁၁၀:၁၊ ၂။

“နိမိတ်” အနေနှင့် အဖြစ်အပျက်တစ်ခုတည်းကိုသာ ယေရှုပေးခဲ့ခြင်းမဟုတ်ပါ။ ကမ္ဘာ့အဖြစ်အပျက်နှင့် အခြေအနေများစွာအကြောင်း ကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ ယင်းအရာအားလုံးတို့သည် ကျမ်းရေးသူများက “နောက်ဆုံးသောကာလ” ဟုခေါ်သောအချိန်အတွင်းဖြစ်ပျက်မည်ဖြစ်သည်။ (၂ တိမောသေ ၃:၁-၅။ ၂ ပေတရု ၃:၃၊ ၄) ယေရှုကြိုတင်ပြောခဲ့သည့် “နောက်ဆုံးသောကာလ” ကိုသတ်မှတ်မည့်အရာအချို့ ဆန်းစစ်ကြည့်ပါ။

“လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မဿဲ ၂၄:၇) မျက်မှောက်ခေတ်စစ်ပွဲများလောက် ကြီးမားသည့်အတိုင်းအတာ ယခင်ကမဖြစ်ခဲ့ဖူးချေ။ သမိုင်းဆရာတစ်ဦးက “[၁၉၁၄ ခုနှစ်တွင်စတင်သော] ပထမကမ္ဘာစစ်သည် ပထမဆုံး ‘စုပေါင်း’ စစ်ပွဲဖြစ်သည်” ဟုမှတ်ချက်ချခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်သည် အဆပေါင်းများစွာသာ၍အဖျက်စွမ်းအားကြီးမားခဲ့သည်။ စစ်သည် ကမ္ဘာကိုဆက်၍ဖျက်ဆီးခဲ့သည်။ မှန်ပါသည်။ ယေရှု၏စကားများသည် ထူးခြားစွာပြည့်စုံခဲ့ပါသည်တကား။

“အစာခေါင်းပါးခြင်းဖြစ်လိမ့်မည်။” (မဿဲ ၂၄:၇) သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဖြစ်ဖွယ်ရှိသည့်ငတ်မွတ်ခေါင်းပါးမှုသည် ပထမကမ္ဘာစစ်ကြီးနှင့်ကပ်၍လိုက်ပါလာသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်တွင်လည်း ကြောက်မက်ဖွယ်ရာအငတ်ဘေးကြီးဖြစ်ခဲ့သည်။ အာဟာရချို့တဲ့မှုဘေးဒဏ်သည် ကမ္ဘာ့လူဦးရေငါးပုံတစ်ပုံထိတိုင်သက်ရောက်ပြီး နှစ်စဉ်ကလေးငယ် ၁၄ သန်းသေဆုံးစေသည်။ “အစာခေါင်းပါးခြင်း” ဖြစ်ပျက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

“ကြီးစွာသောမြေလှုပ်ခြင်းဖြစ်လိမ့်မည်။” (လုကာ ၂၁:၁၁) မြေငလျင်ဘေးဒဏ်ကြောင့် နှစ်စဉ်သေဆုံးသူဦးရေသည် ပျမ်းမျှအားဖြင့် ၁၉၁၄ ခုနှစ်မတိုင်မီရာစုနှစ်များကထက် ယင်းနောက်ပိုင်းတွင် ဆယ်ဆများပြားလာသည်။ ကြီးမားသောမြေငလျင်အချို့ကိုသုံးသပ်ကြည့်ပါ။ ၁၉၂၀ ခုနှစ်၊ တရုတ်ပြည်၊ ၂၀၀,၀၀၀ သေဆုံး။ ၁၉၂၃ ခုနှစ်၊ ဂျပန်၊ ၉၉,၃၀၀ ထိခိုက်သေဆုံး။ ၁၉၃၉ ခုနှစ်၊ တူရကီ၊ ၃၂,၇၀၀ သေကျေပျက်စီး။ ၁၉၇၀ ခုနှစ်၊ ပီရူး၊ ၆၆,၈၀၀ သေဆုံး။ ၁၉၇၆ ခုနှစ်၊ တရုတ်၊ ၂၄၀,၀၀၀ ခန့် (အချို့သတင်းနောက်ခံများအရ ၈၀၀,၀၀၀) ထိခိုက်သေဆုံး။ “ကြီးစွာသောမြေငလျင်” များဖြစ်သည်မှာ ထင်ရှားလေစွ။

“နေရာအနှံ့အပြားတွင် အနာရောဂါကပ်သင့်ခြင်းတို့ဖြစ်လိမ့်မည်။” (လုကာ ၂၁:၁၁၊ သတင်းကောင်း) ပထမကမ္ဘာစစ်ပြီးပြီးချင်း စပိန်တုပ်ကွေးကြောင့် လူပေါင်း ၂၁ သန်းခန့်သေဆုံးခဲ့ကြရသည်။ Science Digest စာစောင်က “သမိုင်းတစ်လျှောက်တွင် ပြင်းထန်၍လျင်မြန်စွာသောသေမင်းတမန်၏လည်ပတ်ရောက်ရှိခြင်းမရှိခဲ့ဖူးချေ” ဟုဖော်ပြသည်။ ထိုအချိန်မှစ၍ နှလုံးရောဂါ၊ ကင်ဆာ၊ အေအိုင်ဒီအက်စ်နှင့် အခြားသောကပ်ရောဂါများသည် လူသန်းပေါင်းများစွာကိုသေဆုံးစေခဲ့ပြီ။

“မတရားသောအမှုများပြားလိမ့်မည်။” (မဿဲ ၂၄:၁၂) ၁၉၁၄ ခုနှစ်ကတည်းကစ၍ ကျွန်ုပ်တို့ကမ္ဘာသည် ရာဇဝတ်မှုနှင့်အဓမ္မမှုကမ္ဘာဖြစ်လာခဲ့သည်။ နေ့ခင်းကြောင်တောင်ပင် လမ်းပေါ်တွင်လုံခြုံမှုမရှိဟု လူတိုင်းခံစားရသည့်နေရာများစွာရှိနေသည်။ ညအချိန်များတွင် လူတို့သည် သော့ခတ်၍ဆီးတားကာရံမှုများချထားသည့် တံခါးများနောက်ကွယ်ရှိအိမ်ထဲတွင်သာနေ၍ အပြင်သို့မထွက်ဝံ့ကြ။

နောက်ဆုံးသောကာလအတွင်းဖြစ်ပျက်မည့်အခြားအရာများစွာကိုလည်း ကြိုတင်ဖော်ပြထားသည်။ ထိုအရာအားလုံးတို့သည်လည်း ပြည့်စုံနေကြပြီဖြစ်သည်။ ယင်းက လောကအဆုံးနီးပြီဖြစ်ကြောင်းဖော်ပြသည်။ သို့သော် ဝမ်းသာစရာကား ကပ်ကျော်သူများရှိမည်ဖြစ်သည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏” ဟုပြောပြီးနောက် သမ္မာကျမ်းစာက “ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်သော သူမူကား နိစ္စထာဝရတည်၏” ဟုကတိ ပေးတော်မူသည်။​—⁠၁ ယောဟန် ၂:၁၇။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော်ကိုသင်ယူပြီး လုပ်ဆောင်ရန်လိုအပ်သည်။ သို့မှသာ ဤလောကအဆုံးကို ကျွန်ုပ်တို့ကပ်ကျော်ပြီး ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရကောင်းချီးများ၌မွေ့လျော်ကြရမည်။ ထိုအချိန်တွင် “ဘုရားသခင်သည် . . . [လူတို့၏] မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟုသမ္မာကျမ်းစာကတိပြုထားသည်။​—⁠ဗျာဒိတ် ၂၁:၃၊ ၄။

အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်။

[Picture Credit Line on page 6]

Photo Credits: Airplane: USAF photo. Child: WHO photo by W. Cutting. Earthquake: Y. Ishiyama, Hokkaido University, Japan.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ