ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၁ စာ. ၃
  • ဘုရားသခင် တောင်းဆိုတော်မူရာများကို သင်တွေ့ ရှိနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် တောင်းဆိုတော်မူရာများကို သင်တွေ့ ရှိနိုင်ပုံ
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မေတ္တာရှင် ဘုရားသခင်ဆီက စာတစ်စောင်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၁ စာ. ၃

သင်ခန်းစာ ၁

ဘုရားသခင် တောင်းဆိုတော်မူရာများကို သင်တွေ့ ရှိနိုင်ပုံ

သမ္မာကျမ်းစာထဲ၌ အဘယ်အရေးကြီးသတင်း ပါရှိသနည်း။ (၁)

သမ္မာကျမ်းစာ၏အာဘော်ရှင်ကား မည်သူနည်း။ (၂)

သမ္မာကျမ်းစာကို သင်အဘယ်ကြောင့်လေ့လာသင့်သနည်း။ (၃)

၁။ သမ္မာကျမ်းစာသည် ဘုရားသခင့်ထံတော်မှ အဖိုးထိုက်လှသည့်လက်ဆောင်မွန်တစ်ခုဖြစ်၏။ မေတ္တာရှင်ဖခင်တစ်ဦးက မိမိ၏သားသမီးများကိုပေးသော စာတစ်စောင်နှင့်တူ၏။ ယင်းက ​ဘုရား​သခင်သည်မည်သူဖြစ်ကြောင်း ကိုယ်တော်၏စံနှုန်းများသည် အဘယ်အရာဖြစ်ကြောင်းစသည့် ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို ဖော်ပြ၏။ ပြဿနာများကို မည်သို့ဖြေရှင်းနိုင်ကြောင်းနှင့် စစ်မှန်သောပျော်ရွှင်မှုကို မည်သို့တွေ့ ရှိနိုင်ကြောင်းတို့ကို ရှင်းပြ၏။ ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်ဟူသည့်အကြောင်းကို သမ္မာကျမ်းစာတစ်ခုတည်းကသာ ဖော်ပြသည်။—⁠ဆာလံ ၁:၁-၃; ဟေရှာယ ၄၈:၁၇၊ ၁၈။

၂။ သမ္မာကျမ်းစာကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်မှစ၍ နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်း သီးခြားပုဂ္ဂိုလ်များဖြစ်သော လူပေါင်း ၄၀ ခန့်တို့က ရေးသားခဲ့ကြ၏။ ယင်းကို စာအုပ်ငယ် ၆၆ စောင်ဖြင့် ဖွဲ့စည်းထားသည်။ သမ္မာကျမ်းစာကိုရေးသားသူတို့သည် ဘုရားသခင်၏မှုတ်သွင်းခြင်းကိုခံရကြ၏။ သူတို့၏ကိုယ်ပိုင်ယူဆချက်များကိုမဟုတ်ဘဲ၊ ကိုယ်တော်၏ယူဆချက်များကို သူတို့ရေးသားကြသည်။ ထို့ကြောင့် မြေကြီးပေါ်ရှိ မည်သည့်လူသားမျှမဟုတ်ဘဲ ကောင်းကင်ဘုံရှိ ဘုရားသခင်သည်သာ သမ္မာကျမ်းစာ၏အာဘော်ရှင်ဖြစ်တော်မူ၏။—⁠၂ တိမောသေ ၃:၁၆၊ ၁၇; ၂ ပေတရု ၁:၂၀၊ ၂၁။

၃။ သမ္မာကျမ်းစာကို တိတိကျကျကူးရေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားရန် ဘုရားသခင်သေချာစွာပြုလုပ်တော်မူသည်။ အခြားမည်သည့်စာအုပ်ထက်မဆို သမ္မာကျမ်းစာကို ပို၍ပုံနှိပ်ထုတ်ဝေခဲ့ပြီ။ သင်ကျမ်းစာလေ့လာနေသည်ကို လူတိုင်းဝမ်းမြောက်ကြလိမ့်မည်မဟုတ်သော်လည်း ယင်းကြောင့် မရပ်တန့်လိုက်ပါနှင့်။ အသင်၏ထာဝရအနာဂတ်သည် ဘုရားသခင်ကိုသိရှိခြင်းနှင့် မည်သည့်ဆန့်ကျင်မှုအကြား၌မဆို ကိုယ်တော်၏အလိုတော်ကိုထမ်းဆောင်နေခြင်းအပေါ် မူတည်သည်။—⁠မဿဲ ၅:၁၀-၁၂; ယောဟန် ၁၇:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ