ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၈ စာ. ၁၄
  • ဘုရားသခင့်ရန်သူများကား မည်သူတို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ရန်သူများကား မည်သူတို့နည်း
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင့်ရန်သူကို သိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • စာတန်
    နိုးလော့!—၂၀၁၃
  • မာရ်နတ်ကား မည်သူနည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၈ စာ. ၁၄

အခန်း ၈

ဘုရားသခင့်ရန်သူများကား မည်သူတို့နည်း

ဘုရားသခင်၏အဓိကရန်သူမှာ စာတန်ဖြစ်သည်။ သူသည် ယေဟောဝါအားဆန့်ကျင်ပုန်ကန်သော နာမ်ဝိညာဉ်သတ္တဝါတစ်ပါးဖြစ်၏။ စာတန်သည် ဘုရားသခင်အားဆက်၍ဆန့်ကျင်နေပြီး လူသားများကို အကြီးအကျယ်ဆင်းရဲခြင်းဝေဒနာခံစေသည်။ စာတန်သည် ဆိုးယုတ်သူဖြစ်၏။ သူသည် လိမ်လည်သူနှင့် လူသတ်သမားဖြစ်သည်။—ယောဟန် ၈:၄၄။

နတ်ဆိုးများ

အခြားနာမ်ဝိညာဉ်သတ္တဝါများသည် ဘုရားသခင်အားဆန့်ကျင်ပုန်ကန်ရာတွင် စာတန်နှင့်ပူးပေါင်းခဲ့ကြသည်။ ကျမ်းစာကသူတို့ကို နတ်ဆိုးများဟုခေါ်သည်။ နတ်ဆိုးများသည် စာတန်ကဲ့သို့ပင် လူသားများ၏ရန်သူများဖြစ်ကြ၏။ သူတို့သည် လူတို့ကိုထိခိုက်နစ်နာစေလိုကြသည်။ (မဿဲ ၉:၃၂၊ ၃၃; ၁၂:၂၂) ယေဟောဝါသည် စာတန်နှင့်သူ၏နတ်ဆိုးတို့ကို ထာဝရဖျက်ဆီးပစ်ပါလိမ့်မည်။ သူတို့၌ လူသားတို့ကို အမင်္ဂလာဖြစ်စေရန် အချိန်တစ်ခဏသာကျန်တော့သည်။—ဗျာဒိတ် ၁၂:၁၂။

အသင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်လိုလျှင် စာတန်သင့်အားပြုလုပ်စေလိုရာကို မပြုရပါ။ စာတန်နှင့်နတ်ဆိုးများသည် ယေဟောဝါအားမုန်းကြသည်။ သူတို့သည် ဘုရားသခင့်ရန်သူများဖြစ်ကြပြီး သင့်ကို ဘုရားသခင့်ရန်သူဖြစ်စေလိုကြသည်။ သင်သည်—စာတန် သို့မဟုတ် ယေဟောဝါ—မည်သူ့ အလိုနှင့်တွေ့လိုသည်ကို ရွေးချယ်ရမည်။ ထာဝရအသက်ရလိုပါက ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ဖို့ သင်ရွေးချယ်ရပေမည်။ လူတို့ကိုလှည့်ဖြားဖို့ စာတန်၌နည်းပရိယာယ်များစွာရှိ၏။ လူအများစုမှာ သူ၏လှည့်စားမှုကိုခံနေရကြသည်။—ဗျာဒိတ် ၁၂:၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ