ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၀ စာ. ၁၆-၁၇
  • မှန်သောဘာသာကို ရှာတွေ့နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှန်သောဘာသာကို ရှာတွေ့နိုင်ပုံ
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • အယူမှားဘာသာကို ငြင်းပယ်လော့!
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၀ စာ. ၁၆-၁၇

အခန်း ၁၀

မှန်သောဘာသာကို ရှာတွေ့ နိုင်ပုံ

သင်သည် ဘုရားသခင့်မိတ်ဆွေတစ်ဦးဖြစ်လိုလျှင် ဘုရားသခင်နှစ်သက်လက်ခံသော ဘာသာတရားကိုလိုက်စားရမည်။ ယေရှုက “စစ်မှန်စွာဝတ်ပြုသူတို့သည်” ဘုရားသခင်အား ‘အမှန်တရား’ နှင့်အညီဝတ်ပြုရမည်ဟုဆိုသည်။ (ယောဟန် ၄:၂၃၊ ၂၄၊ ကဘ) ဘုရားသခင်အားဝတ်ပြုရန်နည်းလမ်းအမှန် တစ်ခုတည်းသာရှိ၏။ (ဧဖက် ၄:၄-၆) စစ်မှန်သောဘာသာသည် ထာဝရအသက်သို့ပို့ဆောင်ပြီး မှားသောဘာသာသည် ပျက်စီးခြင်းသို့ပို့ဆောင်သည်။—မဿဲ ၇:၁၃၊ ၁၄။

အိမ်နီးချင်းဖြစ်တဲ့ ယေဟောဝါသက်သေတစ်ယောက်ကို လူတွေ ကြည့်နေကြ

မှန်သောဘာသာလိုက်စားသူများကို အကဲခတ်ခြင်းဖြင့် ၎င်းဘာသာကိုသိရှိနိုင်၏။ ယေဟောဝါသည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်၏စစ်မှန်သောဝတ်ပြုသူများလည်း လူကောင်းများဖြစ်ကြရမည်။ ကောင်းသောလိမ္မော်ပင်တစ်ပင်သည် လိမ္မော်သီးကောင်းများကို ဖြစ်ထွန်းစေသကဲ့သို့ မှန်သောဘာသာသည် လူကောင်းများကိုဖြစ်ပေါ်စေသည်။—မဿဲ ၇:၁၅-၂၀။

ယေဟောဝါ၏မိတ်ဆွေများသည် သမ္မာကျမ်းစာကို လေးနက်စွာတန်ဖိုးထားကြ၏။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှဖြစ်ကြောင်း သူတို့သိကြသည်။ ၎င်းမိန့်ဆိုချက်များက သူတို့၏အသက်တာကိုလမ်းညွှန်ပေးရန်၊ သူတို့၏ပြဿနာများကိုဖြေရှင်းပေးရန်နှင့် ဘုရားသခင်အားသိကျွမ်းစေရန် ထောက်ကူခွင့်ပြုကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သူတို့ဟောသည်အတိုင်း လက်တွေ့ကျင့်ရန်ကြိုးစားကြသည်။

ယေဟောဝါ၏မိတ်ဆွေများသည်  တစ်ဦးကိုတစ်ဦးမေတ္တာပြကြသည်။ ယေရှုသည် ဘုရားသခင်အကြောင်းသွန်သင်ပေးခြင်း၊ ဖျားနာသူများကိုကုသပေးခြင်းဖြင့် လူတို့အားမေတ္တာပြခဲ့၏။ မှန်သောဘာသာကို လိုက်စားသူများသည်လည်း သူတစ်ပါးကိုမေတ္တာပြကြသည်။ ယေရှုကဲ့သို့ပင် သူတို့သည် ဆင်းရဲသူများ သို့မဟုတ် လူမျိုးစုမတူသူများကို အထင်မသေးကြချေ။ ယေရှုက အချင်းချင်းပြသသည့်မေတ္တာအားဖြင့် ကိုယ်တော်၏တပည့်များကို လူတို့သိကြမည်ဟုမိန့်တော်မူသည်။—ယောဟန် ၁၃:၃၅။

ဘုရားသခင့်မိတ်ဆွေများသည် ယေဟောဝါဟူသော ဘုရားသခင့်နာမတော်ကို ဂုဏ်တင်ကြ၏။ တစ်ဦးဦးက သင့်အမည်ကိုသုံးဖို့ငြင်းဆိုပါက ထိုသူသည် သင်၏ရင်းနှီးသောမိတ်ဆွေဖြစ်ပါမည်လော။ ဖြစ်မည်မဟုတ်! ကျွန်ုပ်တို့၌မိတ်ဆွေတစ်ဦးရှိလျှင် သူ့အမည်ကိုကျွန်ုပ်တို့အသုံးပြုကြပြီး ထိုမိတ်ဆွေ၏ကောင်းကြောင်းများကို သူတစ်ပါးအားပြောပြကြသည်။ ထို့ကြောင့် ဘုရားသခင့်မိတ်ဆွေများဖြစ်လိုသူတို့သည် ကိုယ်တော်၏နာမတော်ကိုအသုံးပြု၍ ကိုယ်တော့်အကြောင်းကို အခြားသူများအားပြောပြသင့်သည်။ ကျွန်ုပ်တို့ထိုသို့ပြုရန် ယေဟောဝါအလိုရှိတော်မူ၏။—မဿဲ ၆:၉; ရောမ ၁၀:၁၃၊ ၁၄။

ဘုရားသခင့်မိတ်ဆွေများသည် ယေရှုကဲ့သို့ပင် ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတို့ကိုသွန်သင်ပေးကြသည်။ ဘုရားသခင့်နိုင်ငံတော်မှာ မြေကြီးကိုပရဒိသုဖြစ်စေမည့် ကောင်းကင်အစိုးရဖြစ်သည်။ ဘုရားသခင့်မိတ်ဆွေများသည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို သူတစ်ပါးအားဝေမျှကြသည်။—မဿဲ ၂၄:၁၄။

ယေဟောဝါသက်သေများသည် ဘုရားသခင့်မိတ်ဆွေများဖြစ်ဖို့ ကြိုးစားကြ၏။ သူတို့သည် ကျမ်းစာကိုတန်ဖိုးထားကြပြီး အချင်းချင်းမေတ္တာထားကြသည်။ သူတို့သည် ဘုရားသခင့်နာမတော်ကိုအသုံးပြုကြပြီး ဂုဏ်တင်ကာ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အခြားသူများအားသွန်သင်ပေးကြသည်။ ယနေ့ မြေကြီးပေါ်တွင် ယေဟောဝါသက်သေများသည် မှန်သောဘာသာကိုလိုက်စားကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ