ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၁၉ စာ. ၈၈-၉၁
  • ဘုရားသခင့် နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာ ဆက်လက်၍ ဟောပြောလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာ ဆက်လက်၍ ဟောပြောလော့
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ခွန်အားကို အားကိုးခြင်းမပြု
  • ရဲရင့်စွာ သက်သေခံခြင်း မှတ်တမ်း
  • သတင်းကောင်းကို ရဲရင့်စွာ ကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ရဲရင့်စွာဟောပြောခြင်းဖြင့် ယေရှုကိုတုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘သင်တို့သည် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ‘ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြောကြ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၁၉ စာ. ၈၈-၉၁

အခန်း တစ်ဆယ့်ကိုး

ဘုရားသခင့် နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာ ဆက်လက်၍ ဟောပြောလော့

၁။ (က) ယေရှု၏ တပည့်တော်များသည် အဘယ်သတင်းကောင်းကို ကြေညာခဲ့ကြသနည်း။ သို့ရာတွင် ဂျူးလူမျိုး အချို့က မည်သို့ တုံ့ပြန်ကြသနည်း။ (ခ) အဘယ်မေးခွန်းများ မေးနိုင်ဖွယ်ရှိသနည်း။

လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်က ဘုရားသခင့်သားတော် ယေရှုခရစ်သည် ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးမည့် မင်းလောင်းအဖြစ် ဘိသိက်ပေးခံခဲ့ရသည်။ ယေရှုသည် ဘာသာရေး ရန်သူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ကွပ်မျက်ခံရသော်လည်း ယေဟောဝါက ကိုယ်တော်အား သေရာမှ ထမြောက်စေတော်မူ၏။ ယေရှုအားဖြင့် ယခု ထာဝရအသက် ရနိုင်သည့်အလားအလာ ပွင့်လာသည်။ သို့သော် ယေရှု၏ တပည့်တော်များက ဤသတင်းကောင်းကို လူသိရှင်ကြား ကြေညာသည့်အခါ နှိပ်စက်ညှဉ်းပန်းမှု ပေါ်ပေါက်လာသည်။ သူတို့အနက် အချို့သည် ထောင်သွင်းခြင်း၊ ရိုက်နှက်ခြင်း ခံရသည့်အပြင် ယေရှုအကြောင်း မဟောမပြောရန်ပင် အမိန့်ပေးခံရကြသည်။ (တမန်တော် ၄:၁-၃၊ ၁၇; ၅:၁၇၊ ၁၈၊ ၄၀) သူတို့ မည်သို့ပြုလုပ်ကြမည်နည်း။ သင်သာဆိုလျှင် မည်သို့ပြုလုပ်ခဲ့မည်နည်း။ ဆက်လက်၍ ရဲရင့်စွာ သက်သေခံခဲ့မည်လော။

၂။ (က) ကျွန်ုပ်တို့ခေတ်တွင် အဘယ်ထူးကဲသော သတင်းကို ကြေညာရန်လိုသနည်း။ (ခ) သတင်းကောင်း ဟောပြောရန်တာဝန်ကို မည်သူတို့ ရရှိထားကြသနည်း။

၂ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့် နိုင်ငံတော်၏ဘုရင် ယေရှုခရစ်သည် ‘ကိုယ်တော့်ရန်သူတို့ အလယ်၌’ အုပ်စိုးရန် ကောင်းကင်ဘုံတွင် နန်းတင်ခံရသည်။ (ဆာလံ ၁၁၀:၂) ၎င်းနောက် စာတန်နှင့် သူ၏နတ်ဆိုးများသည် မြေကြီးသို့ ပစ်ချခံရကြသည်။ (ဗျာဒိတ် ၁၂:၁-၅၊ ၇-၁၂) လက်ရှိ ဆိုးယုတ်သည့်စနစ်၏ နောက်ဆုံးသောနေ့ရက်များ စတင်လေသည်။ ဤအချိန်ကာလ ကုန်ဆုံးသည့်အခါ စာတန့်ဩဇာအောက်ရှိ အစီအစဉ်စနစ်တစ်ရပ်လုံးကို ဘုရားသခင် ချေမှုန်းဖျက်ဆီးတော်မူမည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၂၄:၂၁) ကပ်ကျော်သူများသည် ပရဒိသု ဖြစ်လာမည့် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရအသက်ရှင်ခွင့် ရရှိကြပေမည်။ ဤသတင်းကောင်းကို သင် လက်ခံယုံကြည်ပြီဆိုလျှင် အခြားသူတို့ကိုလည်း ဝေမျှပေးလိုပေမည်။ (မဿဲ ၂၄:၁၄) သို့ရာတွင် မည်သို့သော တုံ့ပြန်မှုမျိုးကို သင် မျှော်လင့်နိုင်သနည်း။

၃။ (က) နိုင်ငံတော် သတင်းတရားကို လူတို့ မည်သို့ တုံ့ပြန်ကြသနည်း။ (ခ) အဘယ်မေးခွန်းနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရမည်နည်း။

၃ နိုင်ငံတော် သတင်းကောင်းကို သင် ကြေညာသည့်အခါ လူအချို့က ကြိုဆိုကြမည်ဖြစ်သော်လည်း အများသောသူတို့မူ စိတ်မဝင်စား အရေးမစိုက်ဘဲ နေကြပေမည်။ (မဿဲ ၂၄:၃၇-၃၉) အချို့ဆိုလျှင် ပြောင်လှောင်သရော်မည်၊ သို့မဟုတ် ဆန့်ကျင်ကန့်ကွက်ကြပေမည်။ ယေရှုက သင့် ဆွေမျိုးသားချင်းတို့အထဲမှ ဆန့်ကျင်ကန့်ကွက်မှု ပေါ်လာနိုင်သည်ဟု သတိပေးတော်မူခဲ့၏။ (လုကာ ၂၁:၁၆-၁၉) အလုပ်ခွင် သို့မဟုတ် ကျောင်း၌လည်း ဆန့်ကျင်မှု ပေါ်လာနိုင်သည်။ ကမ္ဘာ့ဒေသအချို့တွင် ယေဟောဝါသက်သေများသည် အစိုးရ၏ တားမြစ်ပိတ်ပင်ခြင်း ခံနေရကြသည်။ ဤကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်တွေ့ကြုံရသော် ဘုရားသခင့် နှုတ်ကပါဌ်တရားတော်ကို ဆက်လက် ဟောပြောလျက် ‘ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်’ သွားမည်လော။—၁ ကောရိန္သု ၁၆:၁၃။

ကိုယ့်ခွန်အားကို အားကိုးခြင်းမပြု

၄။ (က) မိမိတို့ကိုယ်ကို ဘုရားသခင်၏ သစ္စာရှိ အစေခံများဖြစ်ကြောင်း သက်သေထူရန် အခြေခံ လိုအပ်ချက်တစ်ခုမှာ အဘယ်နည်း။ (ခ) ခရစ်ယာန် အစည်းအဝေးများသည် အဘယ်ကြောင့် အလွန် အရေးကြီးသနည်း။

၄ ယေဟောဝါ၏ သစ္စာရှိ အစေခံတစ်ဦးဖြစ်ရန် အခြေခံလိုအပ်ချက်မှာ ကိုယ်တော် ပြင်ဆင်ပေးရာများကို အားထားခြင်းပင်ဖြစ်သည်။ ၎င်းတို့အနက် တစ်ခုမှာ အသင်းတော် အစည်းအဝေးများဖြစ်သည်။ အစည်းအဝေးများကို လျစ်လျူမရှုရန် သမ္မာကျမ်းစာက တိုက်တွန်းထားသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ယေဟောဝါ၏ သစ္စာရှိ သက်သေခံများအဖြစ် ဆက်လက် တည်ကြည်ခဲ့ကြသူတို့သည် ကိုးကွယ်သူချင်းတို့နှင့်အတူ အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန် အားထုတ်ကြိုးပမ်းခဲ့သူများ ဖြစ်ကြသည်။ ၎င်းအစည်းအဝေးများ တက်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကျမ်းစာအသိပညာ တိုးများလာသည်။ ၎င်းပြင်၊ လူသိများသော အမှန်တရားများကို တိုး၍ နားလည်သဘောပေါက်လာသည့်အပြင် ၎င်းတို့ကို အသုံးပြုရန် နည်းလမ်းများကိုလည်း တိုး၍ သိမြင်လာသည်။ စည်းလုံးသော ကိုးကွယ်ဝတ်ပြုမှုတွင် ခရစ်ယာန် ညီအစ်ကိုများနှင့် ပို၍ ရင်းနှီးလာပြီး ဘုရားသခင့် အလိုတော်ဆောင်ရန် ခွန်အား ရရှိလာကြသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် အသင်းတော်မှတစ်ဆင့် ညွှန်ကြားချက်ပေးလျက် ထိုဝိညာဉ်တော်အားဖြင့် ယေရှုသည် ကျွန်ုပ်တို့အလယ်၌ ရှိတော်မူ၏။—မဿဲ ၁၈:၂၀; ဗျာဒိတ် ၃:၆။

၅။ ယေဟောဝါသက်သေများသည် ပိတ်ပင်ခံရသည့်အခါ၌ အစည်းအဝေးများကို မည်သို့ကျင်းပကြသနည်း။

၅ အစည်းအဝေးအားလုံးကို သင် မှန်မှန်တက်၍ ထိုတွင် ဆွေးနွေးသွားသည့် အကြောင်းအရာများကို ကိုယ်တိုင် ကျင့်သုံးပါသလော။ တစ်ခါတစ်ရံ၊ ယေဟောဝါသက်သေများ ပိတ်ပင်ခံရသည့်အခါ၌ ကိုယ်ပိုင်နေအိမ်များတွင် အုပ်စုလေးများဖွဲ့၍ အစည်းအဝေးများ ကျင်းပရန် လိုအပ်လာတတ်သည်။ အစည်းအဝေး အချို့ကို ညဘက်၌ ကျင်းပရသောကြောင့် နေရာနှင့်အချိန် အပြောင်းအလဲ ရှိနိုင်သဖြင့် အမြဲတမ်း အဆင်ပြေမည် မဟုတ်ပေ။ သို့သော် ကိုယ့်အတွက် အဆင်မပြေမှု သို့မဟုတ် ဘေးအန္တရာယ် ရှိသည့်ကြားမှ သစ္စာရှိ ညီအစ်ကို ညီအစ်မများသည် အစည်းအဝေးတိုင်းကို တက်ရောက်နိုင်ရန် အပတ်တကုတ် ကြိုးစားကြသည်။

၆။ ယေဟောဝါကို အားထားကြောင်း ကျွန်ုပ်တို့ အဘယ်သို့ လက်တွေ့ပြကြသနည်း။ ကျွန်ုပ်တို့ ဆက်လက်၍ ဟောပြောသွားနိုင်ရန် ယင်းက မည်သို့ အထောက်အကူ ပြုနိုင်သနည်း။

၆ ဘုရားသခင့် ကူညီမစမှုကို ကျွန်ုပ်တို့ လိုအပ်ကြောင်း အသိအမှတ်ပြုလျက် ကိုယ်တော်ထံ လှိုက်လှိုက်လှဲလှဲ ဆုတောင်း၍ ပုံမှန် ချဉ်းကပ်ခြင်းဖြင့် ယေဟောဝါအပေါ် အားကိုးအားထားစိတ် တိုးတက်ကြီးထွားလာသည်။ ထိုအတိုင်း သင် ပြုလုပ်သလော။ ယေရှုသည် ကမ္ဘာပေါ်တွင် ဓမ္မအမှုတော် ထမ်းဆောင်စဉ်က အကြိမ်ကြိမ် အခါခါ ဆုတောင်းခဲ့သည်။ (လုကာ ၃:၂၁; ၆:၁၂၊ ၁၃; ၂၂:၃၉-၄၄) တံကျင်လျှို၍ ကွပ်မျက်မခံရမီည၌ ကိုယ်တော်က တပည့်တော်များအား “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့” ဟု တိုက်တွန်းခဲ့သည်။ (မာကု ၁၄:၃၈) နိုင်ငံတော် သတင်းတရားကို ဥပေက္ခာပြုသူများနှင့် ကြုံတွေ့ရသော် ကျွန်ုပ်တို့၏ ဓမ္မအမှုတွင် အရှိန်လျှော့ချရန် သွေးဆောင်ခံရနိုင်သည်။ လူတို့က ကျွန်ုပ်တို့ကို ပြောင်လှောင်မည်၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မည် ဆိုပါက ပြဿနာများကို ရှောင်ရှားရန် မဟောဘဲနေရန် သွေးဆောင်ခံရပေမည်။ သို့ရာတွင် ရဲရင့်စွာ ဆက်လက်၍ ဟောပြောနိုင်ရန် ဘုရားသခင့် ဝိညာဉ်တော်၏ ကူညီမစမှုကို စိတ်အားထက်သန်စွာ ဆုတောင်းမည်ဆိုလျှင် ထိုသွေးဆောင်မှုများကို အညံ့ခံ အရှုံးပေးခြင်းမှ ကာကွယ်ခံရမည်ဖြစ်သည်။—လုကာ ၁၁:၁၃; ဧဖက် ၆:၁၈-၂၀။

ရဲရင့်စွာ သက်သေခံခြင်း မှတ်တမ်း

၇။ (က) တမန်တော်ဝတ္ထုမှ မှတ်တမ်းသည် ကျွန်ုပ်တို့အဖို့ အဘယ်ကြောင့် အထူး စိတ်ဝင်စားစရာ ဖြစ်သနည်း။ (ခ) ထိုအကြောင်းအရာသည် ကျွန်ုပ်တို့ကို မည်သို့ အကျိုးပြုနိုင်ကြောင်း အလေးထား၍ ဤအပိုဒ်အဆုံးတွင် ပေးထားသော မေးခွန်းများကို ဖြေဆိုပါ။

၇ တမန်တော်ဝတ္ထု၌ ပါရှိသည့် မှတ်တမ်းသည် ကျွန်ုပ်တို့အားလုံးအတွက် အထူးစိတ်ဝင်စားစရာ ဖြစ်သည်။ ကျွန်ုပ်တို့ကဲ့သို့ ခံစားချက်ရှိကြသော တမန်တော်များနှင့် အခြား ကနဦး တပည့်တော်များသည် အဟန့်အတားများကို မည်သို့ ကျော်လွှားကာ ယေဟောဝါ၏ ရဲရင့်၍ သစ္စာရှိသော သက်သေခံများဖြစ်ကြောင်း မည်သို့ သက်သေထူခဲ့ကြသည်ကို ဖော်ပြထားသည်။ အောက်ပါ မေးခွန်းများနှင့် ညွှန်းထားသည့် ကျမ်းချက်များ၏ အထောက်အကူဖြင့် ထိုမှတ်တမ်း၏ တစ်စိတ်တစ်ပိုင်းကို ဆန်းစစ်ကြည့်ကြပါစို့။ ထိုသို့ဆန်းစစ်ရာတွင် သင်ဖတ်သွားသည့် အကြောင်းအရာမှ ကိုယ်တိုင်ကိုယ်ကျ မည်သို့ အကျိုးကျေးဇူး ရရှိနိုင်ကြောင်း စဉ်းစားသုံးသပ်ပါလေ။

တမန်တော်များသည် အဆင့်မြင့်ပညာ တတ်ကျွမ်းသူများ ဖြစ်ကြသလော။ သူတို့တစ်ဦးစီသည် မည်သို့သော အခြေအနေနှင့် ရင်ဆိုင်ရ ရင်ဆိုင်ရ ပင်ကိုအားဖြင့် မကြောက်တတ်သူများ ဖြစ်ကြသလော။ (ယောဟန် ၁၈:၁၇၊ ၂၅-၂၇; ၂၀:၁၉; တမန်တော် ၄:၁၃)

ဘုရားသခင့် သားတော်ရင်းကို သေဒဏ်ချမှတ်ခဲ့သည့် ဂျူးခုံရုံးရှေ့မှောက်တွင် ရဲရင့်စွာ ပြောဆိုနိုင်ရန် ပေတရုအား အဘယ်အရာက ထောက်ကူပေးသနည်း။ (မဿဲ ၁၀:၁၉၊ ၂၀; တမန်တော် ၄:၈)

ဆဲန်ဟီဒရင်ခုံရုံးရှေ့မှောက် ခေါ်သွင်းခြင်း မခံရမီ ရက်သတ္တပတ်များအတွင်း တမန်တော်များ အဘယ်အရာ ပြုလုပ်ခဲ့ကြသနည်း။ (တမန်တော် ၁:၁၄; ၂:၁၊ ၄၂)

အုပ်ချုပ်သူ အာဏာပိုင်များက တမန်တော်များအား ယေရှု၏ နာမတော်ကို အမှီပြု၍ မဟောမပြောရန် အမိန့်ပေးသည့်အခါ ပေတရုနှင့် ယောဟန်တို့က မည်သို့ ဖြေကြားခဲ့ကြသနည်း။ (တမန်တော် ၄:၁၉၊ ၂၀)

တမန်တော်များသည် လွတ်မြောက်လာပြီးနောက် မည်သူ့ထံမှ ကူညီမစမှုကို ပြန်၍ မျှော်ကိုးကြသနည်း။ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်တန့်ပေးရန် သူတို့ တောင်းလျှောက်ကြသလော။ သို့မဟုတ် အဘယ်အရာ တောင်းလျှောက်ကြသနည်း။ (တမန်တော် ၄:၂၄-၃၁)

ဆန့်ကျင်သူများက ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားစေရန် ကြိုးပမ်းကြသည့်အခါ ယေဟောဝါက အဘယ်နည်းများဖြင့် အကူအညီ ပေးတော်မူခဲ့သနည်း။ (တမန်တော် ၅:၁၇-၂၀)

တမန်တော်တို့သည် မိမိတို့ လွတ်မြောက်ရသည့် အကြောင်းရင်းကို နားလည်ကြောင်း မည်သို့ ပြသခဲ့ကြသနည်း။ (တမန်တော် ၅:၂၁၊ ၄၁၊ ၄၂)

နှိပ်စက်ညှဉ်းပန်းမှုကြောင့် တပည့်တော် အများအပြားသည် ကွဲလွင့်သွားကြသည့်တိုင် သူတို့ အဘယ်အရာကို ဆက်လက်၍ ပြုလုပ်ကြသနည်း။ (တမန်တော် ၈:၃၊ ၄; ၁၁:၁၉-၂၁)

၈။ ကနဦး တပည့်တော်များ၏ ဓမ္မအမှုဆောင်ခြင်းမှ အဘယ် ပီတိဖြစ်စရာကောင်းသော ရလဒ်များ ဖြစ်ထွန်းခဲ့သနည်း။ ကျွန်ုပ်တို့လည်း မည်သို့ ပါဝင်ပတ်သက်လာသနည်း။

၈ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းသည် အလဟဿ မဖြစ်ခဲ့ချေ။ စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော် ၃,၀၀၀ ခန့် နှစ်ခြင်းခံခဲ့ကြသည်။ “သခင်ဘုရား၌ ယုံကြည်သော ယောက်ျား မိန်းမ အပေါင်းတို့သည် သင်းဝင်ကြ၏။” (တမန်တော် ၂:၄၁; ၄:၄; ၅:၁၄) အတန်ကြာသော် ဘုရားသခင့် လူမျိုးတော်ကို အပြင်းအထန် ညှဉ်းဆဲခဲ့သူတစ်ဦးဖြစ်သည့် တာရှုမြို့သား ရှောလုပင် ခရစ်ယာန်တစ်ဦးဖြစ်လာကာ သမ္မာတရားကို ရဲရင့်စွာ စ၍ သက်သေခံလေတော့သည်။ သူ့အား တမန်တော် ပေါလု ဟူ၍ လူသိများလာသည်။ (ဂလာတိ ၁:၂၂-၂၄) ပထမရာစုတွင် အစပြုခဲ့သည့် လုပ်ငန်းသည် ရပ်တန့်မသွားခဲ့ချေ။ ဤနောက်ဆုံးသော နေ့ရက်များတွင် အရှိန်အဟုန် မြင့်မားလာပြီး ကမ္ဘာ့ဒေသ အသီးသီးသို့ ပြန့်ပွားခဲ့သည်။ ကျွန်ုပ်တို့သည် ၎င်းတွင် ပါဝင်လုပ်ဆောင်ခွင့် ရရှိကြသည့်ပြင် ထိုသို့ပါဝင်ရာတွင်လည်း အထက်က သစ္စာစောင့်သိသော သက်သေခံများ၏ စံနမူနာမှ ကျွန်ုပ်တို့ သင်ခန်းစာများ ယူနိုင်ကြသည်။

၉။ (က) ပေါလုသည် သက်သေခံရန် အဘယ် အခွင့်အရေးများကို အသုံးပြုခဲ့သနည်း။ (ခ) အဘယ်နည်းများဖြင့် အခြားသူတို့အား နိုင်ငံတော် သတင်းတရားကို သင် ဖြန့်ဝေပေးသနည်း။

၉ ပေါလုသည် ယေရှုခရစ်နှင့် ပတ်သက်သည့် အမှန်တရားကို သိရှိလာသည့်အခါ အဘယ်အရာ ပြုလုပ်သနည်း။ “ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို တရားဇရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။” (တမန်တော် ၉:၂၀) မိမိအပေါ် သက်ရောက်သည့် ဘုရားသခင့် မခံစားထိုက်သော ကျေးဇူးတော်အတွက် ကျေးဇူးတင်သည့်အပြင် မိမိ ရရှိခဲ့သည့် ဤသတင်းကောင်းကို လူတကာလည်း လိုအပ်နေကြောင်း သဘောပေါက်လာသည်။ ပေါလုသည် ဂျူးတစ်ဦးဖြစ်သောကြောင့် ထိုခေတ်က ထုံးစံရှိသည်အတိုင်း သက်သေခံရန် တရားဇရပ်များသို့ ဝင်လေ၏။ တစ်အိမ်မှတစ်အိမ်သွား၍ ဟောပြောသည့်အပြင် ဈေးကွက်များ၌လည်း လူတို့နှင့် ကျိုးကြောင်းဆင်ခြင် ဆွေးနွေးလေ၏။ ၎င်းပြင် သတင်းကောင်း ဟောပြောရန် နယ်သစ်ပယ်သစ်များသို့ ပြောင်းရွှေ့ရန်လည်း လိုလိုလားလား ရှိခဲ့သည်။—တမန်တော် ၁၇:၁၇; ၂၀:၂၀; ရောမ ၁၅:၂၃၊ ၂၄။

၁၀။ (က) ပေါလုသည် သက်သေခံရာတွင် ရဲရင့်သော်လည်း အကင်းပါးသူလည်းဖြစ်ကြောင်း မည်သို့ပြခဲ့သနည်း။ (ခ) ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သို့မဟုတ် ကျောင်းနေဖက်များကို သက်သေခံသည့်အခါ၌ ပေါလု၏ အရည်အချင်းများကို ကျွန်ုပ်တို့ အဘယ်သို့ ထင်ဟပ်ပြနိုင်သနည်း။

၁၀ ပေါလုသည် ရဲရင့်သော်လည်း အကင်းပါးသူဖြစ်သည်။ ကျွန်ုပ်တို့လည်း ထို့အတူ ဖြစ်သင့်သည်။ ဂျူးတို့ကို ဟောပြောရာတွင် သူတို့ဘိုးဘေးတို့အား ဘုရားသခင် ပေးခဲ့သည့် ကတိတော်များပေါ် အခြေခံ၍ သူတို့ကို ဖျောင်းဖျဆွဲဆောင်သည်။ ဂရိလူတို့ကို ဟောပြောရာတွင် သူတို့ အကျွမ်းဝင်သော အကြောင်းအရာများကို အခြေပြု၍ ဟောပြောသည်။ တစ်ခါတစ်ရံတွင် မိမိ အမှန်တရား သိရှိလာရသည့် အတွေ့အကြုံကို သက်သေခံရန် နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုခဲ့သည်။ “သတင်းကောင်းကို အခြားသူတို့နှင့် ဝေမျှသူဖြစ်မည့်အကြောင်း ခပ်သိမ်းသောအရာတို့ကို သတင်းကောင်းအဖို့အလိုငှာ ငါပြု၏” ဟု သူဆိုသည်။—၁ ကောရိန္သု ၉:၂၀-၂၃ ကဘ; တမန်တော် ၂၂:၃-၂၁။

၁၁။ (က) ပေါလုသည် အတိုက်အခံပြုသူများနှင့် ထပ်ခါထပ်ခါ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရန် အဘယ်အရာ ပြုလုပ်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ်အချိန်တွင် ပေါလု၏ စံနမူနာကို အမြော်အမြင်ရှိရှိ အတုယူနိုင်သနည်း။ မည်သို့အားဖြင့်နည်း။ (ဂ) ရဲရင့်စွာ ဆက်လက်၍ ဟောပြောနိုင်ရန် အဘယ်မှ အစွမ်းတန်ခိုး ရရှိသနည်း။

၁၁ ပေါလုသည် အတိုက်အခံကြောင့် အခြားဒေသသို့ အခိုက်အတန့် ပြောင်းရွှေ့ဟောပြောလျှင် ပို၍ သင့်တော်သည်ဟု ယူဆသည့်အခါများ၌ အတိုက်အခံပြုသူတို့နှင့် အတင်းအဓမ္မ ထပ်ခါထပ်ခါ ထိပ်တိုက်ရင်ဆိုင်မည့်အစား တခြားနေရာသို့ ပြောင်းရွှေ့သွားသည်။ (တမန်တော် ၁၄:၅-၇; ၁၈:၅-၇; ရောမ ၁၂:၁၈) သို့သော် သူသည် သတင်းကောင်းကြောင့် ဘယ်သောအခါမျှ ရှက်ကြောက်ခြင်း မရှိခဲ့ချေ။ (ရောမ ၁:၁၆) ပေါလုအနေဖြင့် အတိုက်အခံပြုသူတို့၏ မိုက်ရိုင်းကြမ်းကြုတ်သည့် ဆက်ဆံပြုမူခြင်းကို မနှစ်သက်သော်လည်း ဆက်လက်၍ ဟောပြောနိုင်ရန် ‘ငါတို့ ဘုရားသခင်အားဖြင့် ရဲရင့်ခြင်းသတ္တိ မွေး’ ခဲ့သည်။ သူက “ဒေသနာတော်ကို အကုန်အစင် ဟောပြော . . . စေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူ . . . ၏” ဟု ပြောခဲ့သည်။ (၁ သက်သာလောနိတ် ၂:၂; ၂ တိမောသေ ၄:၁၇) ခရစ်ယာန် အသင်းတော်၏ဦးခေါင်း ယေရှုသည် ကျွန်ုပ်တို့ခေတ်အတွက် ကြိုဟောထားသည့် လုပ်ငန်းကို လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့လိုအပ်သော အစွမ်းတန်ခိုးကို ဆက်လက်၍ ပေးလျက်ရှိ၏။—မာကု ၁၃:၁၀။

၁၂။ ခရစ်ယာန် ရဲရင့်ခြင်း၏ သက်သေသာဓကကား အဘယ်နည်း။ ၎င်း၏ အခြေခံကား အဘယ်နည်း။

၁၂ ယေရှုနှင့် အခြားသော သစ္စာရှိ အစေခံများ ပထမရာစုတွင် လုပ်ဆောင်ခဲ့ကြသကဲ့သို့ ဘုရားသခင့် နှုတ်ကပါဌ်တရားတော်ကို ကျွန်ုပ်တို့လည်း ရဲရင့်စွာ ဆက်လက်၍ ဟောပြောရန် ခိုင်လုံသည့်အကြောင်းများ ရှိပေသည်။ သတင်းကောင်းကို အလိုမရှိသူတို့အား မထောက်မထား၊ အတင်းအဓမ္မ ဟောပြောရမည်ဟု မဆိုလိုပါ။ သို့သော် လူတို့ စိတ်မဝင်စား၊ အရေးမစိုက်ခြင်းကြောင့် ကျွန်ုပ်တို့ အလျှော့ပေးမည် မဟုတ်သကဲ့သို့ အတိုက်အခံကြောင့်လည်း နှုတ်ဆိတ်ငြိမ်သက်သွားကြမည် မဟုတ်ပေ။ ယေရှုနည်းတူ တစ်ကမ္ဘာလုံးအတွက် တော်သင့်မှန်ကန်သည့် အစိုးရမှာ ဘုရားသခင့် နိုင်ငံတော်ဖြစ်ကြောင်း ကျွန်ုပ်တို့ ညွှန်ပြကြသည်။ ကျွန်ုပ်တို့သည် စကြဝဠာ အချုပ်အခြာ အာဏာပိုင် ယေဟောဝါကို ကိုယ်စားပြုသည့်အပြင် ကျွန်ုပ်တို့ကြေညာသည့် သတင်းတရားမှာလည်း ကျွန်ုပ်တို့၏ သတင်းစကား မဟုတ်ဘဲ ကိုယ်တော့် သတင်းတရား ဖြစ်သောကြောင့် ကျွန်ုပ်တို့ ယုံကြည်စိတ်ချမှုအပြည့်နှင့် ဟောပြောကြ၏။ ယေဟောဝါကိုချစ်သော ကျွန်ုပ်တို့၏မေတ္တာသည် ကိုယ်တော်အား ချီးမွမ်းခြင်းအတွက် အပြင်းထန်ဆုံးသော စေ့ဆော်အား ဖြစ်သင့်ပေသည်။—ဖိလိပ္ပိ ၁:၂၇၊ ၂၈; ၁ သက်သာလောနိတ် ၂:၁၃။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• နိုင်ငံတော် သတင်းတရားကို လူအပေါင်းအား အတတ်နိုင်ဆုံး ဝေမျှပေးရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သို့သော် အဘယ်တုံ့ပြန်မှုများကို မျှော်လင့်နိုင်သနည်း။

• ယေဟောဝါအား ဝတ်ပြုရန် ကိုယ့်ခွန်အားကို မကိုးစားကြောင်း ကျွန်ုပ်တို့ မည်သို့ ပြနိုင်မည်နည်း။

• တမန်တော်ဝတ္ထုမှ အဘယ်အဖိုးတန် သင်ခန်းစာများ ရရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ