ခရစ်ယာန်သာသနာတော် အရပ်ရပ်သို့ ပြန့်ပွားခြင်း
ဗေသနိရွာအနီး သံလွင်တောင်ပေါ်တွင် ယေရှုသည် ကမ္ဘာ့သမိုင်းကို ပုံဖော်မည့် ဟောပြောခြင်းလုပ်ငန်းတစ်ရပ်ကို တာဝန်အပ်နှင်းတော်မူခဲ့သည်။ ၎င်းတာဝန်ကို အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ယေရုရှလင်မြို့မှ စတင်မည်ဖြစ်သည်။ ၎င်းသတင်းတရားသည် အနီးအနားရှိ ယုဒပြည်နှင့် ရှမာရိပြည်အထိမက နောက်ဆုံးတွင် “မြေကြီးစွန်းတိုင်အောင်” ပျံ့နှံ့သွားပေမည်။—တ ၁:၄၊ ၈၊ ၁၂။
ထိုစကားများကို ယေရှု မိန့်ဆို၍ မကြာမီမှာ ကျရောက်သည့် ပင်တေကုတ္တေပွဲသည် ရောမအင်ပါယာ တစ်ခွင်လုံး၊ အောက်ပါမြေပုံ၌ ဖော်ပြထားသည့် ဒေသများမှ ယုဒလူမျိုးများနှင့် ယုဒဘာသာဝင်များကို ဆွဲဆောင်ခဲ့သည်။ ထိုနေ့တွင် တမန်တော်ပေတရု၏ ဟောပြောခြင်းသည် ခရစ်ယာန်သာသနာတော် မြန်မြန်ဆန်ဆန် ပြန့်ပွားရေးအတွက် လမ်းဖွင့်ပေးလိုက်သည်။—တ ၂:၉-၁၁။
များမကြာမီ ယေရုရှလင်မြို့တွင် နှိပ်စက်ညှဉ်းဆဲခြင်းကြောင့် ခရစ်တော်၏ တပည့်နောက်လိုက်များ ကွဲလွင့်သွားကြသည်။ ပေတရုနှင့် ယောဟန်တို့က ရှမာရိလူမျိုးအား သတင်းကောင်းကို ကြားနာ၍ သက်ဝင်ယုံကြည်လာအောင် ကူညီပေးခဲ့ကြသည်။ (တ ၈:၁၊ ၄၊ ၁၄-၁၆) “ယေရုရှလင်မြို့မှ ဂါဇမြို့သို့” သွားရာ သဲကန္တာရလမ်းတွင် အဲသယောပိလူမျိုးတစ်ဦးအား ဖိလိပ္ပုက သက်သေခံပြီးသည့်နောက်ပိုင်း ခရစ်ယာန်သာသနာတော်သည် အာဖရိကတိုက်သို့ ပြန့်ပွားသွားခဲ့သည်။ (တ ၈:၂၆-၃၉) တစ်ချိန်တည်း၌ သတင်းတရားသည် ရှာရုန် မြေပြန့်လွင်ပြင်တွင်တည်ရှိသော လုဒ္ဒမြို့နှင့် ဆိပ်ကမ်းမြို့ဖြစ်သည့် ယုပ္ပေမြို့တို့၌လည်း အသီးများ သီးပွင့်လာသည်။ (တ ၉:၃၅၊ ၄၂) ထိုမြို့မှနေ၍ ပေတရုသည် ကဲသရိမြို့သို့သွား၍ ရောမတပ်မှူး ကော်နေလိနှင့်တကွ သူ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအား ဝိညာဉ်တော်-ဘိသိက်ခံ ခရစ်ယာန်များ ဖြစ်လာအောင် ကူညီပေးခဲ့သည်။—တ ၁၀:၁-၄၈။
ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ ပေါလုသည် လူမျိုးခြားတို့နှင်ဆိုင်သော တမန်တော်ဖြစ်လာသည်။ သူသည် သာသနာပြု ခရီးစဉ်သုံးကြိမ်အတွင်း ကုန်းကြောင်းရေကြောင်းဖြင့် ခရီးသွားခဲ့သည့်အပြင် နောက်ဆုံးအကြိမ်အနေနှင့် ရောမမြို့သို့ ပင်လယ်ရေကြောင်းဖြင့် ခရီးရှည်ထွက်ခဲ့သည်။ တမန်တော်ပေါလုနှင့် အခြားသူများသည် ရောမအင်ပါယာ၏ အချက်အချာနေရာ တော်တော်များများတွင် သတင်းကောင်းကို ပျံ့နှံ့စေခဲ့ကြသည်။ ပေါလုအနေဖြင့် စပိန်ပြည်သို့ သွားလိုသည့်ဆန္ဒ ရှိခဲ့ပြီး (စာမျက်နှာ ၂ ရှု။) ပေတရုသည် အရှေ့ဘက်သို့ အဝေးဆုံး ဗာဗုလုန်မြို့အထိ သွားရောက်၍ အမှုတော်ဆောင်ခဲ့သည်။ (၁ပ ၅:၁၃) ခရစ်တော်၏ တက်ကြွသည့် ဦးဆောင်မှုအောက်တွင် ကိုယ်တော့်နောက်တော်လိုက်များသည် ခရစ်ယာန်သာသနာတော်ကို နေရာအနှံ့အပြားသို့ ပြန့်ပွားစေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ စီ.အီး. ၆၀/၆၁ ခုနှစ်တိုင်သော် ‘သတင်းကောင်းသည် ကောင်းကင်အောက်ရှိ သတ္တဝါအပေါင်းအား ဟောပြောပြီးဖြစ်သည်။’ (ကော ၁:၆၊ ၂၃) ထိုအချိန်မှစ၍ ဤသတင်းကောင်းသည် အမှန်ပင် “မြေကြီးစွန်းတိုင်အောင်” နှံ့ပြားသွားခဲ့လေသည်။
[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်]
ထိုသူတို့သည် ... မှ လာကြသူများဖြစ်၏
စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် သတင်းကောင်းကို ကြားနာခဲ့ကြသည့် ယုဒလူမျိုးများနှင့် ယုဒဘာသာဝင်များသည် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ ဖြုဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်၊ လိဗုနယ်၊ ရောမမြို့၊ ကရေတေကျွန်းနှင့် အာရပ်ပြည်တို့မှ လာကြသူများဖြစ်ကြ၏။ အများအပြား နှစ်ခြင်းခံခဲ့ကြသည်။ ထိုသူတို့သည် နေရင်းပြည်သို့ ပြန်ရောက်သွားသည့်အခါ ဘာပြုလုပ်ကြမည်ဟု သင်ထင်သနည်း။
[စာမျက်နှာ ၃၃ ပါ လေးထောင့်ကွက်]
အသင်းတော် ခုနစ်ပါး
ယေရှုသည် အာရှမိုင်းနားကျွန်းဆွယ်ရှိ အသင်းတော်ခုနစ်ပါးထံ သတင်းစကား ပေးပို့ခဲ့သည်။ ၎င်းတို့၏ တည်နေရာများကို မှတ်သားပါ– ပင်လယ်ကမ်းခြေ၌တည်ရှိသော ဧဖက်မြို့နှင့် စမုရနမြို့၊ ကုန်းတွင်းပိုင်းကျသော ပေရဂံမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့၊ မြစ်ကမ်းပါးတွင်တည်ရှိသောသွာတိရမြို့နှင့် အချက်အချာကျသည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်၌တည်ရှိသော သာဒိမြို့။ တူးဖော်ရရှိသည့် ၎င်းမြို့များ၏ အပြိုအပျက်များက သမ္မာကျမ်းစာသည် အမှန်တကယ်တည်ရှိသော နေရာများကိုဖော်ပြကြောင်း အတည်ပြုထောက်ခံလျက်ရှိသည်။
[စာမျက်နှာ ၂၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ခရစ်ယာန်ဘာသာပြန့်ပွားခင်း
သတင်းကောင်း လျင်မြန်စွာရောက်ရှိ သွားသည့် အရပ်ဒေသများ
ခ၁ ဣလုရိပြည်
ခ၁ ဣတလိပြည်
ခ၁ ရောမ
ဂ၁ မာကေဒေါနိပြည်
ဂ၂ ဂရိပြည်
ဂ၂ အာသင်
ဂ၂ ကရေတေကျွန်း
ဂ၃ ကုရေနေ
ဂ၃ လိဗုနယ်
ဃ၁ ဗိသုန်ပြည်
ဃ၂ ဂလာတိပြည်
ဃ၂ အာရှိပြည်
ဃ၂ ဖြုဂိနယ်
ဃ၂ ပံဖုလိပြည်
ဃ၂ ကုပရုကျွန်း
ဃ၃ အီဂျစ်ပြည်
ဃ၄ အဲသယောပိပြည်
င၁ ပုန္တုပြည်
င၂ ကပ္ပဒေါကိပြည်
င၂ ကိလိကိပြည်
င၂ မေသောပေါတာမိပြည်
င၂ ရှုရိပြည်
င၃ ရှမာရိပြည်
င၃ ယေရုရှလင်
င၃ ယုဒပြည်
စ၂ မေဒိပြည်
စ၃ ဗာဗုလုန်
စ၃ ဧလံပြည်
စ၄ အာရပ်ပြည်
ဆ၂ ပါသိပြည်
[ရေအစုအဝေး]
ဂ၂ မြေထဲပင်လယ်
ဃ၁ ပင်လယ်နက်
င၄ ပင်လယ်နီ
စ၃ ပါရှန်ကွေ့
[စာမျက်နှာ ၃၂၊ ၃၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပေါလု၏ ခရီးစဉ်များ
ပထမ သာသနာပြုခရီး (တ ၁၃:၁–၁၄:၂၈)
ဇ၃ အန္တိအုတ် (ရှုရိပြည်မှ)
ဇ၃ သေလုကိ
ဆ၄ ကုပရုကျွန်း
ဆ၃ ရှာလမိ
ဆ၄ ပါဖု
ဆ၃ ပံဖုလိပြည်
စ၃ ပေရဂေ
စ၃ ပိသိဒိနယ်
စ၂ အန္တိအုတ် (ပိသိဒိပြည်မှ)
ဆ၂ ဣကောနိ
ဆ၂ လုကောနိနယ်
ဆ၂ လုတ္တရ
ဆ၃ ဒေရဗေ
ဆ၂ လုတ္တရ
ဆ၂ ဣကောနိ
စ၂ အန္တိအုတ် (ပိသိဒိပြည်မှ)
စ၃ ပိသိဒိနယ်
ဆ၃ ပံဖုလိပြည်
စ၃ ပေရဂေ
စ၃ အတ္တလိ
ဇ၃ အန္တိအုတ် (ရှုရိပြည်မှ)
ဒုတိယ သာသနာပြုခရီး (တ ၁၅:၃၆–၁၈:၂၂)
ဇ၃ အန္တိအုတ် (ရှုရိပြည်မှ)
ဇ၃ ရှုရိပြည်
ဇ၃ ကိလိကိပြည်
ဇ၃ တာရှု
ဆ၃ ဒေရဗေ
ဆ၂ လုတ္တရ
ဆ၂ ဣကောနိ
စ၂ အန္တိအုတ် (ပိသိဒိပြည်မှ)
စ၂ ဖြုဂိနယ်
ဆ၂ ဂလာတိပြည်
င၂ မုသိနယ်
င၂ တရော
င၁ သာမောသရက်ကျွန်း
ဃ၁ နာပေါလိ
ဃ၁ ဖိလိပ္ပိ
ဂ၁ မာကေဒေါနိပြည်
ဃ၁ အံဖိပေါလိ
ဃ၁ သက်သာလောနိတ်
ဃ၁ ဗေရိ
ဂ၂ ဂရိပြည်
ဃ၂ အာသင်
ဃ၂ ကောရိန္သု
ဃ၃ အခါယပြည်
င၂ ဧဖက်
ဆ၄ ကဲသရိ
ဇ၅ ယေရုရှလင်
ဇ၃ အန္တိအုတ် (ရှုရိပြည်မှ)
တတိယ သာသနာပြုခရီး (တ ၁၈:၂၂–၂၁:၁၉)
ဇ၃ ရှုရိပြည်
ဇ၃ အန္တိအုတ် (ရှုရိပြည်မှ)
ဆ၂ ဂလာတိပြည်
စ၂ ဖြုဂိနယ်
ဇ၃ ကိလိကိပြည်
ဇ၃ တာရှု
ဆ၃ ဒေရဗေ
ဆ၂ လုတ္တရ
ဆ၂ ဣကောနိ
စ၂ အန္တိအုတ် (ပိသိဒိပြည်မှ)
င၂ ဧဖက်
င၂ အာရှိပြည်
င၂ တရော
ဃ၁ ဖိလိပ္ပိ
ဂ၁ မာကေဒေါနိပြည်
ဃ၁ အံဖိပေါလိ
ဃ၁ သက်သာလောနိတ်
ဃ၁ ဗေရိ
ဂ၂ ဂရိပြည်
ဃ၂ အာသင်
ဃ၂ ကောရိန္သု
ဃ၁ ဗေရိ
ဃ၁ သက်သာလောနိတ်
ဃ၁ အံဖိပေါလိ
ဃ၁ ဖိလိပ္ပိ
င၂ တရော
င၂ အဿု
င၂ မိတုလင်
င၂ ခိဥကျွန်း
င၂ သာမုကျွန်း
င၃ မိလက်
င၃ ကောသကျွန်း
င၃ ရောဒုကျွန်း
စ၃ ပါတရ
ဇ၄ တုရု
ဇ၄ ပတောလမဲ
ဆ၄ ကဲသရိ
ဇ၅ ယေရုရှလင်
ရောမမြို့သို့ သွားရာခရီး (တ ၂၃:၁၁–၂၈:၃၁)
ဇ၅ ယေရုရှလင်
ဆ၄ ကဲသရိ
ဇ၄ ဇိဒုန်
စ၃ မုရ
စ၃ လုကိပြည်
င၃ ကနိဒ်
ဃ၃ ကရေတေကျွန်း
ဃ၄ ကောဒကျွန်း
က၃ မော်လတာကျွန်း
က၃ စစ္စလီကျွန်း
က၃ သုရကုတ်
က၁ ဣတလိပြည်
ခ၂ ရေဂျုန်
က၁ ပေါတယောလိ
က၁ ရောမ
လမ်းမကြီးများ (စာစောင်တွင်ကြည့်ပါ)
[အသင်းတော် ခုနှစ်ပါး]
င၂ ပေရဂံ
င၂ သွာတိရ
င၂ သာဒိ
င၂ စမုရန
င၂ ဧဖက်
စ၂ ဖိလဒေလဖိ
စ၂ လောဒိကိ
[အခြား ဒေသများ]
င၃ ရောဒုကျွန်း
စ၂ ကောလောသဲ
စ၅ အလက်ဇန္ဒြီးယား
စ၅ အီဂျစ်ပြည်
ဆ၁ ဗိသုန်ပြည်
ဆ၅ ယုပ္ပေ
ဆ၅ လုဒ္ဒ
ဆ၅ ဂါဇ
ဇ၁ ပုန္တုပြည်
ဇ၂ ကပ္ပဒေါကိပြည်
ဇ၄ ဒမာသက်
ဇ၄ ပေလ္လ
[ရေအစုအဝေး]
ဃ၄ မြေထဲပင်လယ်
[စာမျက်နှာ ၃၃ ပါ ရုပ်ပုံ]
ဧဖက်မြို့မှ အကြီးအကဲများနှင့် ပေါလု တွေ့ဆုံခဲ့ရာ မိလက်မြို့ရှိ ကဇာတ်ရုံ
[စာမျက်နှာ ၃၃ ပါ ရုပ်ပုံ]
ပေရဂံမြို့ရှိ ဇုသ၏ ယဇ်ပလ္လင်။ ဤမြို့ရှိ ခရစ်ယာန်များသည် “စာတန်၏ ရာဇပလ္လင် ရှိရာအရပ်” တွင်နေထိုင်ခဲ့ကြသည်။—ဗ ၂:၁၃