ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp2 အခန်း ၃၇
  • ငါ နှစ်ခြင်းခံသင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ နှစ်ခြင်းခံသင့်သလား
  • လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘဝ အလှည့်အပြောင်း
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂
yp2 အခန်း ၃၇

အခန်း ၃၇

ငါ နှစ်ခြင်းခံသင့်သလား

အမှားအမှန် ရွေးပါ-

ခရစ်ယာန်ဖြစ်ချင်ရင် နှစ်ခြင်းခံရမယ်။

□ မှန်

□ မှား

နှစ်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အပြစ်မလုပ်မိအောင် ကာကွယ်ပေးဖို့ ဖြစ်တယ်။

□ မှန်

□ မှား

နှစ်ခြင်းက သင့်ကို ကယ်တင်ခြင်း ရစေတယ်။

□ မှန်

□ မှား

နှစ်ခြင်းမခံထားရင် ကိုယ့်လုပ်ရပ်တွေအတွက် ဘုရားနဲ့ စာရင်းရှင်းစရာ မလိုဘူး။

□ မှန်

□ မှား

သူငယ်ချင်းတွေ နှစ်ခြင်းခံလို့ ငါလည်း နှစ်ခြင်းခံရမယ်။

□ မှန်

□ မှား

ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်တယ်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်၊ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြနေတယ်ဆိုရင် နှစ်ခြင်းခံဖို့ စဉ်းစားမိမှာပဲ။ ဒါပေမဲ့ အဆင်သင့် ဖြစ်ပြီလားဆိုတာ ဘယ်လို သိနိုင်သလဲ။ အဖြေရဖို့ အထက်က အမှား၊ အမှန်ကို စဉ်းစားကြည့်ကြစို့။

● ခရစ်ယာန်ဖြစ်ချင်ရင် နှစ်ခြင်းခံရမယ်။

မှန်။ နှစ်ခြင်းခံဖို့ တပည့်တွေကို ယေရှု မိန့်မှာခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှု ကိုယ်တိုင်လည်း နှစ်ခြင်းခံခဲ့တယ်။ ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်ဖို့ နှစ်ခြင်းခံဖို့ လိုတယ်။ ဒါပေမဲ့ နှစ်ခြင်းခံနိုင်ဖို့ ရင့်ကျက်ရမယ်။

● နှစ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က အပြစ်မလုပ်မိအောင် ကာကွယ်ပေးဖို့ ဖြစ်တယ်။

မှား။ နှစ်ခြင်းခံတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံကြောင်း လူအများရှေ့ ဖော်ပြလိုက်တာပါ။ ဆက်ကပ်အပ်နှံခြင်းက လျှို့ဝှက်အပြစ်တွေ မလုပ်ဘူးဆိုတဲ့ ကတိစာချုပ် မဟုတ်ဘူး။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ချင်လို့ ကိုယ့်ဘဝကို ယေဟောဝါဆီ အပ်နှံလိုက်တာ ဖြစ်တယ်။

● နှစ်ခြင်းက သင့်ကို ကယ်တင်ခြင်း ရစေတယ်။

မှန်။ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲလို့ ကျမ်းစာက ဆိုတယ်။ (၁ ပေတရု ၃:၂၁) ဒါပေမဲ့ နှစ်ခြင်းဟာ သဘာဝဘေးအတွက် အာမခံဝယ်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ နှစ်ခြင်းခံတာက ယေဟောဝါကို ချစ်လို့၊ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်အမှုကို အမြဲ ထမ်းဆောင်ချင်လို့ပဲ။—မာကု ၁၂:၂၉၊ ၃၀။

● နှစ်ခြင်းမခံထားရင် ကိုယ့်လုပ်ရပ်တွေအတွက် ဘုရားနဲ့ စာရင်းရှင်းစရာ မလိုဘူး။

မှား။ နှစ်ခြင်းခံတာ၊ မခံတာနဲ့ မသက်ဆိုင်ဘဲ “မှန်တာကို ဘယ်လို လုပ်ရမယ်မှန်း သိလျက်နဲ့ မလုပ်တဲ့သူဟာ အပြစ်ရှိတယ်” လို့ ယာကုပ် ၄:၁၇ ကဆိုတယ်။ ဒါကြောင့် မှန်ရာကို သိပြီ၊ ကိုယ့်ဘဝကိုလည်း အလေးအနက်ထား စဉ်းစားနိုင်ပြီဆိုရင် မိဘ ဒါမှမဟုတ် အတွေ့အကြုံရှိ ခရစ်ယာန်တစ်ယောက်နဲ့ နှစ်ခြင်းအကြောင်း ဆွေးနွေးပါ။ ဒီလိုနည်းနဲ့ နှစ်ခြင်းခံဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ သိလာနိုင်တယ်။

● သူငယ်ချင်းတွေ နှစ်ခြင်းခံလို့ ငါလည်း နှစ်ခြင်းခံရမယ်။

မှား။ နှစ်ခြင်းခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကိုယ့်သဘောအတိုင်း ဖြစ်ရမယ်။ (ဆာလံ ၁၁၀:၃) ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ သေချာနားလည်ပြီး အဲဒါတွေကို လုပ်နိုင်မှ နှစ်ခြင်းခံသင့်တယ်။—ဒေသနာ ၅:၄၊ ၅။

ဘဝ အလှည့်အပြောင်း

နှစ်ခြင်းခံခြင်းက ကောင်းချီးများစွာ ရရှိစေတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်တယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ အပ်နှံထားတဲ့အတိုင်း နေထိုင်ရမယ့် ကြီးလေးတဲ့ တာဝန်လည်း ဒွန်တွဲပါလာတယ်။

နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား။ ဒါဆိုရင် ပျော်စရာပါပဲ။ သင့်ရှေ့မှာ အကြီးမားဆုံး အခွင့်အရေး ရှိနေပါတယ်။ အဲဒါကတော့ ယေဟောဝါအတွက် စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ပြီး ဆက်ကပ်အပ်နှံခြင်းနဲ့အညီ အသက်ရှင် နေထိုင်ခြင်းပါပဲ။—မဿဲ ၂၂:၃၆၊ ၃၇။

နောက်အခန်းမှာ

အသက်တာကို ပညာရှိရှိ အသုံးပြုနိုင်ဖို့ ပန်းတိုင်တွေ ဘယ်လို ချမှတ်နိုင်တဲ့အကြောင်း လေ့လာကြည့်ပါ။

အဓိကကျမ်းချက်

“ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။ ဒီလိုဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး ဘုရားသခင်အတွက် အမှုဆောင်ရာရောက်တယ်။”—ရောမ ၁၂:၁။

အကြံပြုချက်

မိဘတွေရဲ့ အကူအညီနဲ့ သင် နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးနိုင်မယ့်သူ တစ်ယောက်ယောက်ကို အသင်းတော်ထဲကနေ ရှာပါ။—တမန်တော် ၁၆:၁-၃။

သင်သိပါသလား  . . . ?

နှစ်ခြင်းခံခြင်းဟာ ကယ်တင်ခြင်းရစေဖို့ “မှတ်သား” တာဖြစ်တယ်။—ယေဇကျေလ ၉:၄-၆။

လုပ်ဆောင်နိုင်ပုံ

နှစ်ခြင်းခံတဲ့အထိ တိုးတက်နိုင်ဖို့ ဒီ ကျမ်းစာ သွန်သင်ချက်တွေကို ငါ နားလည်ရမယ် ․․․․․

ငါ့မိဘတွေကို မေးချင်တဲ့ အကြောင်းအရာတွေက ․․․․․

သင် ဘယ်လို ထင်သလဲ။

● နှစ်ခြင်းက ဘာကြောင့် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်သလဲ။

● လူငယ်တစ်ယောက် ဘာကြောင့် အလျင်စလို နှစ်ခြင်းခံချင်တာ ဖြစ်နိုင်သလဲ။

● လူငယ်တစ်ယောက် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ဘာကြောင့် တွန့်ဆုတ်နေတာ ဖြစ်နိုင်သလဲ။

[အကျဉ်းဖော်ပြချက်]

“နှစ်ခြင်းခံပြီးပြီဆိုတဲ့ အသိက အမှားတွေ မလုပ်မိစေဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပေးတယ်။”—ဟော်လီ

[လေးထောင့်ကွက်/ ရုပ်ပုံ]

နှစ်ခြင်းအကြောင်း မေးတတ်တဲ့ မေးခွန်းများ

နှစ်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ရေထဲ နစ်မြုပ်ပြီး ပြန်ပေါ်လာတာက ကိုယ့်အကြိုက်တွေကို ဆက်မလုပ်တော့ဘူး၊ ယေဟောဝါရဲ့ အလိုတော်အတိုင်း အသက်ရှင်နေထိုင်တော့မယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ကိုယ့်အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး။ အရာအားလုံးထက် ဘုရားသခင့် အလိုတော်ကို ဦးစားထားမယ်လို့ ကတိပြုလိုက်တာ ဖြစ်တယ်။ (မဿဲ ၁၆:၂၄) နှစ်ခြင်းမခံခင် တစ်ချိန်ချိန်မှာ ယေဟောဝါဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် အပ်နှံသင့်တယ်။

နှစ်ခြင်းမခံခင် ဘာတွေ လုပ်သင့်သလဲ။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ပြီး ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဟောပြောနေရမယ်။ အမြဲ ဆုတောင်း၊ ကျမ်းစာဖတ်ခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိအောင် လုပ်ဖို့လိုတယ်။ တခြားသူတွေ တိုက်တွန်းလို့ မဟုတ်ဘဲ ယေဟောဝါရဲ့ အမှုဆောင်ဖို့ ကိုယ်တိုင် ရွေးချယ်တာ ဖြစ်ရမယ်။

ဘယ် အသက်အရွယ်မှာ နှစ်ခြင်းခံသင့်သလဲ။ အသက်အရွယ်က အဓိက မဟုတ်ပါဘူး။ ဒါပေမဲ့ ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို သေချာ နားလည်ထားတဲ့ ရင့်ကျက်သူတော့ ဖြစ်ရပါမယ်။

ကိုယ်က နှစ်ခြင်းခံချင်ပေမဲ့ မိဘတွေက စောင့်ပါဦးလို့ ပြောရင်ကော။ မိဘတွေက သင့်ကို အခုထက် ပိုရင့်ကျက်စေချင်လို့ ဖြစ်နိုင်တယ်။ သူတို့ရဲ့ အကြံပေးချက်ကို တန်ဖိုးထားပါ။ ဒီအချိန်မှာ ယေဟောဝါနဲ့

ပိုရင်းနှီးအောင် လုပ်ဆောင်ပါ။—၁ ရှမွေလ ၂:၂၆။

[လေးထောင့်ကွက်/ ရုပ်ပုံ]

အစီအစဉ်ဇယား

နှစ်ခြင်းခံဖို့ စဉ်းစားနေသလား

အောက်ပါ မေးခွန်းတွေ၊ အချက်တွေကို သုံးပြီး ကိုယ့်တိုးတက်မှုကို သုံးသပ်ကြည့်ပါ။ အဖြေတွေ ချမရေးခင် ညွှန်းထားတဲ့ ကျမ်းချက်တွေကို ဖွင့်ဖတ်ပါ။

ယေဟောဝါကို သင် ယုံကြည်ကိုးစားကြောင်း ဘယ်လို ဖော်ပြနေသလဲ။—ဆာလံ ၇၁:၅။

ပိုင်းခြားသိမြင်နိုင်စွမ်းကို သုံးပြီး အမှားအမှန် ခွဲခြားသိကြောင်း ဖော်ပြနေသလား။—ဟီဘရူး ၅:၁၄။

သင် မကြာမကြာ ဆုတောင်းသလား။

ဘယ်လောက် တိတိကျကျ ဆုတောင်းသလဲ။ ဆုတောင်းတဲ့အခါ ယေဟောဝါကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြသလား။—ဆာလံ ၁၇:၆။

ဆုတောင်းတာနဲ့ပတ်သက်ပြီး သင် ချမှတ်ချင်တဲ့ ပန်းတိုင်တွေကို ချရေးပါ။

ကျမ်းစာလေ့လာမှု ပုံမှန် လုပ်သလား။—ယောရှု ၁:၈။

ဘယ်အကြောင်းအရာတွေကို လေ့လာသလဲ။

လေ့လာမှုနဲ့ပတ်သက်ပြီး သင် ချမှတ်ချင်တဲ့ ပန်းတိုင်တွေ ချရေးပါ။

သင့်ရဲ့ အမှုဆောင်လုပ်ငန်းက ထိရောက်မှုရှိသလား။ (ဥပမာ၊ တခြားသူတွေကို ကျမ်းစာ အခြေခံ သွန်သင်ချက်တွေအကြောင်း ရှင်းပြနိုင်သလား။ စိတ်ဝင်စားသူတွေဆီ ပြန်လည်ပတ်သလား။ ကျမ်းစာသင်အံမှု လုပ်နိုင်ဖို့ ကြိုးစားနေသလား။)

□ ရှိတယ် □ မရှိဘူး

အမှုဆောင်လုပ်ငန်းမှာ မိဘတွေ မပါဝင်ရင်တောင် သင် ပါဝင်နေသလား။—တမန်တော် ၅:၄၂။

□ ပါဝင်တယ် □ မပါဝင်ဘူး

အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး သင် ချမှတ်ချင်တဲ့ ပန်းတိုင်တွေ ချရေးပါ။—၂ တိမောသေ ၂:၁၅။

ခရစ်ယာန် အစည်းအဝေးတွေကို ပုံမှန်တက်သလား၊ တစ်ခါတလေမှ တက်သလား။—ဟီဘရူး ၁၀:၂၅။

အစည်းအဝေးတွေမှာ သင် ဘယ်လို ပါဝင်နေသလဲ။

မိဘတွေ အစည်းအဝေး မတက်နိုင်ရင်တောင် သူတို့ ခွင့်ပြုရင် သင် တက်သလား။

□ တက်တယ် □ မတက်ဘူး

ဘုရားအလိုတော်ဆောင်ရတာ ပျော်သလား။—ဆာလံ ၄၀:၈။

□ ပျော်တယ် □ မပျော်ဘူး

ရွယ်တူချင်းဖိအားကို ရင်ဆိုင်ခဲ့ရတဲ့ သတ်သတ်မှတ်မှတ် အခြေအနေတချို့ကို ဖော်ပြပါ။—ရောမ ၁၂:၂။

ယေဟောဝါကို ချစ်တဲ့မေတ္တာ ခိုင်မြဲနေအောင် ဘာတွေလုပ်ဖို့ ဆုံးဖြတ်ထားသလဲ။—ယုဒ ၂၀၊ ၂၁။

ယေဟောဝါကို မိဘတွေ၊ သူငယ်ချင်းတွေ ဝတ်မပြုတော့ရင်တောင် သင် ဆက်ဝတ်ပြုမလား။—မဿဲ ၁၀:၃၆၊ ၃၇။

□ ဝတ်ပြုမယ် □ မဝတ်ပြုဘူး

[ရုပ်ပုံ]

အိမ်ထောင်ပြုခြင်းလိုပဲ နှစ်ခြင်းခံခြင်းဟာလည်း ဘဝအလှည့်အပြောင်း တစ်ခုပဲ။ အဲဒါကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ