ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၂၀ စာ. ၂၃
  • ယေရှုခရစ် အသတ်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ် အသတ်ခံရ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အောက်မေ့ဖွယ်ရာ ညစာစားပွဲ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၂၀ စာ. ၂၃
ယေရှု

အပိုင်း ၂၀

ယေရှုခရစ် အသတ်ခံရ

ပွဲတော်အသစ်တစ်ခုကို ယေရှုအစပြုကျင်းပသည်၊ ကိုယ်တော် သစ္စာဖောက်ခံရပြီး သစ်တိုင်ပေါ်တွင် အသတ်ခံရသည်

ယေရှုသည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို သုံးနှစ်ခွဲထမ်းဆောင်ပြီးနောက် မြေကြီးပေါ်တွင် မိမိအချိန်ကုန်တော့မည်ဖြစ်ကြောင်း သိသည်။ ဂျူးဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော့်ကိုသတ်ရန် လျှို့ဝှက်စွာ ပူးပေါင်းကြံစည်ကြသော်လည်း ကိုယ်တော့်ကို ပရောဖက်အဖြစ်ယူမှတ်သောလူတို့ ရုတ်ရုတ်သဲသဲဖြစ်မည်ကို ကြောက်ကြသည်။ ထိုအချိန်တွင် စာတန်သည် ယေရှု၏တမန်တော် ၁၂ ပါးအဝင် ယုဒရှကာရုတ်အား ယေရှုကိုသစ္စာဖောက်ရန် သွေးဆောင်ခဲ့သည်။ ဘာသာရေးခေါင်းဆောင်တို့သည် ယုဒအား ယေရှုကိုအပ်နှံသည့် အဖိုးအခအဖြစ် ငွေဒ င်္ဂါး ၃၀ ပေးသည်။

ယေရှုသည် မိမိ၏နောက်ဆုံးညတွင် တမန်တော်များနှင့်အတူ ပသခါပွဲကျင်းပသည်။ ယုဒကိုထွက်သွားစေပြီးနောက် သခင့်ညစာစားပွဲဟုခေါ်သည့် ပွဲတော်အသစ်ကို အစပြုကျင်းပခဲ့သည်။ ကိုယ်တော်သည် မုန့်ကိုယူကာ ဆုတောင်းပြီးနောက် ကျန်သောတမန်တော် ၁၁ ပါးထံ ကမ်းပေးသည်။ ထို့နောက် “ဤမုန့်သည် သင်တို့အတွက် ငါစွန့်မည့် ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” ဟုကိုယ်တော်ဆိုသည်။ ဝိုင်ခွက်ကိုလည်းယူ၍ အထက်ပါနည်းအတိုင်းပြုပြီးလျှင် “ဤခွက်ကား . . . ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏” ဟုဆိုသည်။—လုကာ ၂၂:၁၉၊ ၂၀။

ထိုညတွင် တမန်တော်များကို ယေရှု ပြောစရာများစွာရှိသည်။ အချင်းချင်းကို ကိုယ်ကျိုးစွန့်မေတ္တာပြရန်ဟူသည့် ပညတ်သစ်ကို သူတို့အား ပေးခဲ့သည်။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဟုကိုယ်တော်မိန့်တော်မူ၏။ (ယောဟန် ၁၃:၃၄၊ ၃၅) ဖြစ်ပျက်တော့မည့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တို့ကြောင့် စိတ်ဓာတ်မကျရန် သူတို့ကိုကိုယ်တော်တိုက်တွန်းသည်။ ထို့နောက် သူတို့အတွက် ယေရှု လှိုက်လှိုက်လှဲလှဲဆုတောင်းပေးသည်။ အတူတကွ သီချင်းဆိုကြပြီး ထိုညတွင် ဂေသရှေမန်ဥယျာဉ်သို့ တက်သွားကြ၏။

ဂေသရှေမန်ဥယျာဉ်တွင် ကိုယ်တော်သည် ဒူးထောက်ကာ ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းခဲ့သည်။ မကြာမီ လက်နက်ကိုင်စစ်သားများ၊ ယဇ်ပုရောဟိတ်များနှင့် အခြားသူများသည် ကိုယ်တော်ကိုဖမ်းဆီးရန် ရောက်လာကြ၏။ ယုဒသည် ကိုယ်တော့်ထံသွားပြီး နမ်းခြင်းဖြင့် ယေရှုဖြစ်ကြောင်း လူအုပ်ကို အချက်ပြလိုက်သည်။ ယေရှုကို စစ်သားများဖမ်းဆီးစဉ် တမန်တော်များ ထွက်ပြေးကုန်၏။

ယေရှုသည် ဂျူးအထက်တရားရုံးရှေ့ ရပ်နေစဉ် မိမိသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ကိုယ်တိုင်မိန့်ဆိုခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်ကို စော်ကားသည့်ပြစ်မှုဖြင့် သေပြစ်ထိုက်ကြောင်း တရားရုံးကစွပ်စွဲခဲ့သည်။ ထို့နောက် ယေရှုကို ရောမဘုရင်ခံ ပုန္တိပိလတ်ထံ ခေါ်ဆောင်သွားသည်။ ပိလတ်သည် ယေရှုတွင် မည်သည့်ပြစ်မှုမျှမရှိကြောင်း သိသော်လည်း ယေရှုကို သေပြစ်စီရင်ရန် အပူတပြင်းတောင်းဆိုနေသော လူအုပ်လက်ထဲ အပ်လိုက်သည်။

ယေရှုကို ဂေါလဂေါသအရပ်သို့ ခေါ်ဆောင်သွားပြီး ရောမစစ်သားများသည် ထိုတွင် ကိုယ်တော့်ကို သစ်တိုင်ပေါ် သံနှင့်ရိုက်ကြသည်။ နေ့ခင်းကြောင်တောင်တွင် ရုတ်တရက် အံ့ဖွယ်ကောင်းစွာ အမှောင်အတိဖုံးလွှမ်းသွားသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ယေရှုသေဆုံးပြီး ထိုအချိန်တွင် ပြင်းစွာသောငလျင်လှုပ်လေ၏။ ကျောက်ဆောင်၌ထွင်းထားသော သင်္ချိုင်းဂူတွင် ကိုယ်တော်၏အလောင်းတော်ကို မြှုပ်ကြသည်။ နောက်တစ်နေ့တွင် ယဇ်ပုရောဟိတ်များသည် သင်္ချိုင်းဂူကိုပိတ်ပြီး အဝတွင် အစောင့်ချထားခဲ့၏။ ယေရှုသည် ထိုသင်္ချိုင်းဂူထဲတွင်သာ ရှိနေမည်လော။ မဟုတ်ပါ။ အံ့ဖွယ်အမှုအားလုံးတွင် အကြီးမားဆုံးအံ့ဖွယ်အမှု ဖြစ်ပျက်တော့မည်။

—မဿဲအခန်းကြီး ၂၆ နှင့် ၂၇; မာကုအခန်းကြီး ၁၄ နှင့် ၁၅; လုကာအခန်းကြီး ၂၂ နှင့် ၂၃; ယောဟန်အခန်းကြီး ၁၂ မှ ၁၉ ကိုအခြေခံသည်။

  • အဘယ်ပွဲတော်အသစ်ကို ယေရှုအစပြုကျင်းပခဲ့သနည်း။

  • ယေရှုမသေဆုံးမီ အဘယ်အရာများ ဖြစ်ပျက်ခဲ့သနည်း။

ယေရှု၏အရေးပါသောအခန်းကဏ္ဍ

ယေရှု၏သေခြင်းက ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံလာရေးတွင် အဓိက ကဏ္ဍမှပါဝင်သည်။ ယေရှုကို ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော်ဖြင့် ပဋိသန္ဓေတည်ခဲ့ခြင်းဖြစ်ရာ ကိုယ်တော်သည် စုံလင်စွာ ဖွားမြင်ခဲ့ပြီး သေခြင်းကို အမွေမခံခဲ့ရပါ။ သို့တိုင် လူသားတို့ ထာဝစဉ်အသက်ရှင်ခွင့်ရနိုင်ရန်၊ နာခံမှုမရှိသောအာဒံကြောင့် သူ၏သားစဉ်မြေးဆက်များ ဆုံးရှုံးခဲ့ရသော အသက်တာမျိုး ပြန်လည်ရရှိခံစားနိုင်ရန် ကိုယ်တော်သည် မိမိအသက်ကို စတေးခဲ့သည်။a—မဿဲ ၂၀:၂၈; လုကာ ၁:၃၄၊ ၃၅; ယောဟန် ၃:၁၆၊ ၃၆; ၂ ပေတရု ၃:၁၃။

a ယေရှုသေခြင်း၏ ရွေးနုတ်ဖိုးတန်ဖိုးနှင့်ပတ်သက်သော ဆွေးနွေးခန်းကို သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၄၇-၅၆ တွင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ