ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jl အခန်း ၂၁
  • ဗေသလဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗေသလဆိုတာ ဘာလဲ
  • ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ဘုရားသခင်၏အိမ်တော်” ကို တန်ဖိုးထား လေးစားစွာ ရှုမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မေ့လျော့မခံရတဲ့ အလုပ်မွန်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
jl အခန်း ၂၁

အခန်း ၂၁

ဗေသလဆိုတာ ဘာလဲ

ယေဟောဝါသက်သေနှစ်ယောက် ဗေသလ ပန်းချီဌာနမှာ အလုပ်လုပ်နေကြစဉ်

ပန်းချီဌာန၊ အမေရိကန်ပြည်ထောင်စု

ယေဟောဝါသက်သေတစ်ယောက် ဂျာမနီရှိ ဗေသလ ပုံနှိပ်တိုက်မှာ အလုပ်လုပ်နေစဉ်

ဂျာမနီ

ယေဟောဝါသက်သေတစ်ယောက် ကင်ညာရှိ ဗေသလ လျှော်ဖွတ်ရေးမှာ အလုပ်လုပ်နေစဉ်

ကင်ညာ

စားပွဲထိုးများ ကိုလံဘီယာရှိ ဗေသလစားသောက်ခန်းမှာ စားပွဲတွေ တည်ခင်းနေကြစဉ်

ကိုလံဘီယာ

ဟီဘရူးနာမည် ဗေသလဆိုတာက “ဘုရားသခင်ရဲ့ အိမ်တော်” လို့ အဓိပ္ပာယ် ရှိပါတယ်။ (ကမ္ဘာဦး ၂၈:၁၇၊ ၁၉) ဒီနာမည်ဟာ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြား၊ ထောက်ပံ့ဖို့ ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ဝန်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေအတွက် သင့်တော်တဲ့နာမည် ဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့က အမေရိကန်၊ နယူးယောက် ပြည်နယ်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်ကြပြီး အဲဒီကနေ နိုင်ငံများစွာမှာရှိတဲ့ ဌာနခွဲရုံးတွေရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ပါတယ်။ ဌာနခွဲရုံးတွေမှာ အမှုဆောင်နေကြသူတွေကို အုပ်စုလိုက်အနေနဲ့ ဗေသလမိသားစုလို့ ခေါ်တယ်။ မိသားစုတစ်စုလိုပဲ သူတို့ဟာ စည်းလုံးစွာနဲ့ အတူနေထိုင်၊ အတူအလုပ်လုပ်၊ အတူစားကြပြီး အတူ ကျမ်းစာလေ့လာကြတယ်။—ဆာလံ ၁၃၃:၁။

ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ မိသားစုဝင်တွေလို အမှုဆောင်ကြတဲ့ အထူးနေရာဖြစ်တယ်။ ဗေသလအဆောက်အဦတိုင်းမှာ ဘုရားသခင့်အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ပြီး နိုင်ငံတော်လုပ်ငန်းမှာ အချိန်ပြည့် လုပ်ဆောင်နေကြတဲ့ ခရစ်ယာန်အမျိုးသား အမျိုးသမီးတွေ ရှိကြတယ်။ (မဿဲ ၆:၃၃) သူတို့တွေဟာ လုပ်အားခ၊ လစာ မရကြပေမဲ့ နေစရာအခန်း၊ အစားအစာနဲ့ ကိုယ်ပိုင် ကုန်ကျစရိတ်တွေအတွက် သတ်မှတ်ထားတဲ့ စိုက်သုံးငွေ ရရှိတယ်။ ဗေသလမိသားစုဝင်ယောက်တိုင်းမှာ တာဝန်ကိုယ်စီ ရှိကြပြီး ရုံးခန်း၊ စားဖိုဆောင်၊ ထမင်းစားခန်းတို့မှာ လုပ်ဆောင်ကြတယ်။ တချို့သူတွေက ပုံနှိပ်၊ စာအုပ်ချုပ်၊ အိမ်မှုပြုစု၊ အဝတ်လျှော်၊ ပြုပြင်ထိန်းသိမ်းရေး၊ တခြားအလုပ်တွေကို လုပ်ဆောင်ကြတယ်။

ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ကူညီဖို့ အလုပ်များနေတဲ့နေရာ ဖြစ်တယ်။ ဗေသလတိုင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သမ္မာကျမ်းစာ အမှန်တရားကို လူများနိုင်သမျှ များများဆီ ရောက်ရှိစေဖို့ပါပဲ။ ဒီဘရိုရှာက ဥပမာတစ်ခု ဖြစ်ပါတယ်။ ဒီဘရိုရှာကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ ရေးသားပြုစုပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်အဖွဲ့တွေဆီ ကွန်ပျူတာစနစ်နဲ့ ပို့ပေးတယ်။ ဗေသလအိမ်တချို့မှာရှိတဲ့ မြန်နှုန်းမြင့် ပုံနှိပ်စက်တွေနဲ့ ပုံနှိပ်ပြီး အသင်းတော် ၁၁၀,၀၀၀ ကျော်ဆီ ပို့ပေးတယ်။ ဒီလုပ်ဆောင်မှုအဆင့်တိုင်းမှာ ဗေသလမိသားစုဝင်တွေ ပါဝင်ကြပြီး အရေးအကြီးဆုံး လုပ်ငန်းဖြစ်တဲ့ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ထောက်ကူနေခြင်းဖြစ်တယ်။—မာကု ၁၃:၁၀။

  • ဗေသလမှာ ဘယ်သူတွေ အမှုဆောင်နေကြသလဲ။ သူတို့ကို ဘာတွေ ထောက်ပံ့ပေးထားသလဲ။

  • ဗေသလတိုင်းရဲ့ လုပ်ဆောင်မှုတွေက အရေးကြီးတဲ့ ဘယ်အလုပ်ကို ထောက်ကူနေခြင်းလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ