ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁၃ မေးခွန်းများ ၁-၄
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော
    ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁၃ မေးခွန်းများ ၁-၄

အခန်း ၁၃

ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

၁။ ဘာသာတရားအားလုံး မှန်ပါသလား။

အမျိုးသားတစ်ယောက် ကျမ်းစာ ဖတ်နေစဉ်

ဘာသာတရားတိုင်းမှာ ရိုးဖြောင့်တဲ့သူတွေ ရှိပါတယ်။ သူတို့ကို ဘုရားသခင် တွေ့မြင်ပြီး ဂရုစိုက်တယ်ဆိုတာက သတင်းကောင်းပါပဲ။ ဝမ်းနည်းစရာက လူတွေဟာ ဘာသာတရားကို ဗန်းပြပြီး မကောင်းမှုတွေ ပြုလုပ်နေကြတာဖြစ်တယ်။ (၂ ကောရိန္သု ၄:၃၊ ၄။ ၁၁:၁၃-၁၅) ဘာသာတရားတချို့က အကြမ်းဖက်မှု၊ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်မှု၊ ကလေး မတော်မတရားပြုမှုနဲ့တောင် ပတ်သက်နေတယ်လို့ ကြားသိနေရပါတယ်။ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်တဲ့သူတွေဟာ အဲဒါတွေကိုကြည့်ပြီး ဝမ်းနည်းကြေကွဲနေကြတယ်။​—မဿဲ ၂၄:၃-၅၊ ၁၁၊ ၁၂ ကိုဖတ်ပါ။

စစ်မှန်တဲ့ဘာသာတရားက ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းပေမဲ့ ဘာသာတရား အတုတွေကတော့ ရှုတ်ချဂုဏ်ဖျက်နေကြတယ်။ ဘာသာတရားအတုတွေက ကျမ်းစာမှာမပါတဲ့ အယူဝါဒတွေကို သင်ပေးနေတယ်။ အဲဒီအထဲမှာ ဘုရားသခင်အကြောင်း၊ သေလွန်သူတွေအကြောင်း မဟုတ်မမှန် သင်ပေးတာတွေလည်း ပါတယ်။ ဘုရားသခင်က လူတွေကို မိမိနဲ့ပတ်သက်တဲ့ အမှန်တရား သိစေချင်ပါတယ်။​—ဒေသနာ ၉:၅၊ ၁၀။ ၁ တိမောသေ ၂:၃-၅ တို့ကိုဖတ်ပါ။

၂။ ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ။

ဘုရားသခင်ကို ချစ်ပါတယ်ဆိုပေမဲ့ စာတန့်လောကအကြိုက် လုပ်ဆောင်နေတဲ့ ဘာသာတရားတွေက ဘုရားကို လှည့်စားနိုင်ကြမှာ မဟုတ်ဘူး။ (ယာကုပ် ၄:၄) ကျမ်းစာမှာ ဘာသာတရားအတုတွေကို “မဟာဗာဗုလုန်” နဲ့ တင်စားထားပါတယ်။ ဗာဗုလုန်မြို့ဆိုတာ နောဧခေတ် ရေလွှမ်းမိုးပြီးတဲ့နောက် ဘာသာတရားအတုတွေ ပေါ်ထွက်လာရာ ရှေးဟောင်းမြို့တော် ဖြစ်တယ်။ လူတွေကို လှည့်စားပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အဲဒီဘာသာတရားတွေကို မကြာခင် ဘုရားသခင် ရုတ်တရက် ဖယ်ရှားပါတော့မယ်။​—ဗျာဒိတ် ၁၇:၁၊ ၂၊ ၅၊ ၁၆၊ ၁၇။ ၁၈:၈ ကိုဖတ်ပါ။

နောက်ထပ် သတင်းကောင်းလည်း ရှိပါသေးတယ်။ ကမ္ဘာတစ်ဝန်းက ဘာသာတရားအတုတွေမှာရှိတဲ့ ရိုးဖြောင့်တဲ့သူတွေကို ဘုရားသခင် မေ့မထားပါဘူး။ သူတို့ကို အမှန်တရား သင်ပေးပြီး စုသိမ်းနေပါတယ်။​—မိက္ခာ ၄:၂၊ ၅ ကိုဖတ်ပါ။

၃။ ရိုးဖြောင့်တဲ့သူတွေ ဘာလုပ်သင့်သလဲ။

ခရစ်ယာန်အစည်းအဝေး ပြီးသွားတဲ့အခါ စကားပြောနေကြသူတွေ

စစ်မှန်တဲ့ဘာသာတရားက လူတွေကို စည်းလုံးစေ

အမှန်တရားကို သိရှိပြီး ကောင်းရာလုပ်ချင်တဲ့သူတွေကို ဘုရားသခင် ဂရုစိုက်ပါတယ်။ ဘာသာတရားအတုတွေကနေ ထွက်လာကြဖို့ ဘုရားသခင် တိုက်တွန်းနေပါပြီ။ ဘုရားသခင်ကို ချစ်တဲ့သူတွေက မိမိတို့ရဲ့ ဘဝလမ်းစဉ်ကို ပြောင်းလဲဖို့ အသင့်ရှိကြပါတယ်။​—ဗျာဒိတ် ၁၈:၄ ကိုဖတ်ပါ။

ပထမရာစုမှာ ရိုးဖြောင့်တဲ့သူတွေဟာ တမန်တော်တွေဆီကနေ သတင်းကောင်း ကြားရတဲ့အခါ အားရဝမ်းသာ လက်ခံပြီး ဘုရားသခင် နှစ်သက်တဲ့ ဘဝလမ်းစဉ်သစ်ကို သင်ယူခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဘဝဟာ အဓိပ္ပာယ်ရှိပြီး မျှော်လင့်ချက်ပါ ရှိလာတဲ့အတွက် ပျော်ရွှင်လာကြတယ်။ သူတို့ဟာ သတင်းကောင်းကြားနာပြီး ဘုရားသခင်ကို ပထမနေရာမှာ ထားကြတဲ့အတွက် ကျွန်တော်တို့ အတုယူထိုက်တဲ့ စံနမူနာရှင်တွေပါပဲ။​—၁ သက်သာလောနိတ် ၁:၈၊ ၉။ ၂:၁၃ ကိုဖတ်ပါ။

ယေဟောဝါဘုရားဟာ ဘာသာတရားအတုတွေကနေ ထွက်လာတဲ့သူတွေကို မိမိရဲ့မိသားစုဝင်အဖြစ် လက်ခံကြိုဆိုပါတယ်။ ဘုရားသခင်ရဲ့ လှိုက်လှဲတဲ့ ကြိုဆို မှုကို သင် လက်ခံမယ်ဆိုရင် ဘုရားရဲ့မိတ်ဆွေဖြစ်ခွင့်၊ မေတ္တာနဲ့လွှမ်းခြုံ ထားတဲ့ ဘုရားရဲ့မိသားစုဝင်ဖြစ်ခွင့်နဲ့ ထာဝရအသက်ကို ရရှိပါလိမ့်မယ်။​—မာကု ၁၀:၂၉၊ ၃၀။ ၂ ကောရိန္သု ၆:၁၇၊ ၁၈ တို့ကို ဖတ်ပါ။

၄။ ကမ္ဘာတစ်ဝန်းကလူတွေ ရွှင်လန်းအောင် ဘုရားသခင် ဘယ်လို လုပ်ဆောင်ပေးမလဲ။

ဘာသာတရားအတုတွေကို မကြာခင် ဘုရားသခင် တရားစီရင်တော့မယ် ဆိုတာက သတင်းကောင်းပါပဲ။ လူတွေဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်ပါတော့မယ်။ ဘာသာတရားအတုတွေက လူတွေကို လှည့်စားပြီး စိတ်ဝမ်းကွဲအောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လူတိုင်းဟာ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ကို စည်းစည်းလုံးလုံးနဲ့ ဝတ်ပြုကြပါမယ်။​—ဗျာဒိတ် ၁၈:၂၀၊ ၂၁။ ၂၁:၃၊ ၄ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၅ နဲ့ ၁၆ မှာဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ