ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၂ စာ. ၆-၇
  • ယေဟောဝါဘုရားကို ပျော်စေချင်တဲ့ ရေဗက္ကာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဘုရားကို ပျော်စေချင်တဲ့ ရေဗက္ကာ
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားသခင့် အလိုတော်ကို ရေဗက္က စိတ်လိုကိုယ်လျောက် ထမ်းဆောင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ‘ကျွန်မ လိုက်ပါမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဣဇာက်အတွက်ဇနီးရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ရေဗက္က—ဘုရားသခင်ကိုကြောက်ရွံ့သော လုပ်ရည်ကြံရည်ရှိသည့် အမျိုးသမီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၂ စာ. ၆-၇
ဧလျာဇာ၊ ရေဗက္ကာနဲ့ ကျွန်တွေဟာ ကုလားအုတ် ၁၀ ကောင်နဲ့ ခရီး အဝေးကြီးဖြစ်တဲ့ ခါနန်ပြည်ကို ထွက်သွားနေ

သင်ခန်းစာ ၂

ယေဟောဝါဘုရားကို ပျော်စေချင်တဲ့ ရေဗက္ကာ

ရေဗက္ကာဟာ ယေဟောဝါဘုရားကိုချစ်တဲ့ မိန်းကလေးပါ။ သူ့ယောက်ျားရဲ့နာမည်က အိဇက်လို့ခေါ်တယ်။ အိဇက်လည်း ယေဟောဝါဘုရားကို ချစ်တယ်။ ရေဗက္ကာနဲ့ အိဇက် ဘယ်လိုတွေ့ခဲ့ကြသလဲ။ ယေဟောဝါဘုရား ပျော်အောင် ရေဗက္ကာ ဘာလုပ်ခဲ့သလဲ။ သူ့အကြောင်း ထပ်လေ့လာကြည့်ရအောင်။

အိဇက်ရဲ့အဖေက အာဗြဟံ၊ အမေက စာရာဖြစ်တယ်။ ခါနန်ပြည်မှာ သူတို့ နေကြတယ်။ ခါနန်ပြည်ကလူတွေဟာ ယေဟောဝါဘုရားကို မကိုးကွယ်ကြဘူး။ အာဗြဟံက ယေဟောဝါဘုရားကို ကိုးကွယ်တဲ့ မိန်းကလေးနဲ့ပဲ သားကို လက်ထပ်စေချင်တယ်။ ဒါနဲ့ ဆွေမျိုးတွေနေတဲ့ ခါရန်ပြည်ကို ကျွန်တစ်ယောက် လွှတ်ပြီး အိဇက်အတွက် မိန်းမရှာလာခိုင်းတယ်။ အဲဒီကျွန်ဟာ ဧလျာဇာဖြစ်နိုင်တယ်။

ဧလျာဇာရဲ့ ကုလားအုတ်တွေ သောက်ဖို့ ရေဗက္ကာ ရေထည့်ပေးနေ

ကုလားအုတ်တွေသောက်ဖို့ ရေခပ်ပေးရတာ ပင်ပန်းတဲ့အလုပ်ဖြစ်ပေမဲ့ ရေဗက္ကာ မညည်းမညူလုပ်ပေးခဲ့

ဒါနဲ့ ဧလျာဇာက တခြားကျွန်တွေနဲ့အတူ ခရီးထွက်သွားတယ်။ ခရီးက အဝေးကြီးပဲ။ သူတို့ဟာ စားစရာတွေ၊ လက်ဆောင်တွေကို ကုလားအုတ် ၁၀ ကောင်ပေါ်တင်ပြီး ယူသွားကြတယ်။ အိဇက်အတွက် မိန်းမကို ဧလျာဇာ ဘယ်လိုရှာပေးရမလဲ။ ခါရန်ပြည်ကို ရောက်တဲ့အခါ ရေတွင်းတစ်တွင်းနားမှာ နားလိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာကို မိန်းကလေးတွေ ရေလာခပ်ကြတော့မယ်ဆိုတာ ဧလျာဇာသိလို့ပေါ့။ ဧလျာဇာက ယေဟောဝါဘုရားဆီ ခုလိုဆုတောင်းလိုက်တယ်– ‘မိန်းကလေးတစ်ယောက်ကို ရေတောင်းတဲ့အခါ ကျွန်တော့်အတွက်ရော ကုလားအုတ်တွေအတွက်ပါ သောက်ဖို့ရေခပ်ပေးတယ်ဆိုရင် အဲဒီမိန်းကလေးဟာ ဘုရားရွေးချယ်တဲ့သူဖြစ်မယ်လို့ ကျွန်တော်ယူမှတ်မယ်။’

အဲဒီအချိန်မှာ မိန်းကလေး ရေဗက္ကာဟာ ရေတွင်းနား ရောက်လာတယ်။ သူက လှပတဲ့မိန်းကလေးလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဧလျာဇာက သောက်စရာရေ တောင်းတော့ ရေဗက္ကာက ‘ရပါတယ်၊ ယူသောက်ပါ။ ကုလားအုတ်တွေသောက်ဖို့လည်း ရေခပ်ပေးပါ့မယ်’ လို့ပြောတယ်။ စဉ်းစားကြည့်ပါဦး။ ရေဆာနေတဲ့ ကုလားအုတ်တွေက ရေအများကြီးသောက်တာ။ ရေဗက္ကာခမျာ ရေသွားခပ်လိုက်၊ ပြန်လာလိုက်နဲ့ မောနေရှာမှာပဲ။ အလုပ်ကြိုးစားတဲ့ ရေဗက္ကာကို ရုပ်ပုံထဲမှာ ကလေးတို့ တွေ့လား။— ဆုတောင်းတဲ့အတိုင်း ယေဟောဝါဘုရား အဖြေပေးလိုက်တော့ ဧလျာဇာ အရမ်းအံ့သြသွားတယ်။

ဧလျာဇာဟာ ရေဗက္ကာကို လက်ဆောင်အများကြီး ပေးလိုက်တယ်။ ရေဗက္ကာလည်း သူတို့ကို အိမ်လိုက်ခဲ့ဖို့ ခေါ်တယ်။ အိမ်ရောက်တော့ ဧလျာဇာက သူ့ကို အာဗြဟံလွှတ်လိုက်တဲ့အကြောင်း၊ ယေဟောဝါဘုရားက သူ့ဆုတောင်းချက်ကို ဘယ်လိုအဖြေပေးတဲ့အကြောင်း ပြောပြလိုက်တယ်။ ဒါနဲ့ မိသားစုကလည်း ရေဗက္ကာကို အိဇက်နဲ့လက်ထပ်ပေးဖို့ သဘောတူလိုက်တယ်။

ရေဗက္ကာဟာ ခါနန်ပြည်ကို ဧလျာဇာနဲ့ လိုက်သွားပြီး အိဇက်နဲ့ လက်ထပ်ခဲ့

ဒါပေမဲ့  အိဇက်ကို  ရေဗက္ကာ  လက်ထပ်ချင်ပါ့မလား။— ဧလျာဇာကို ယေဟောဝါဘုရား လွှတ်လိုက်တယ်ဆိုတာ ရေဗက္ကာ သိတယ်။ ဒါကြောင့် ခါနန်ပြည်ကို လိုက်သွားပြီး အိဇက်နဲ့ လက်ထပ်မလားလို့ မိသားစုက မေးတဲ့အခါ ‘ဟုတ်ကဲ့၊ ကျွန်မလိုက်သွားမယ်’ လို့ ရေဗက္ကာ ပြန်ဖြေတယ်။ ဒါနဲ့ ချက်ချင်းပဲ ဧလျာဇာနဲ့ လိုက်သွားတော့တယ်။ ခါနန်ပြည်ကို ရောက်တဲ့အခါ အိဇက်နဲ့ လက်ထပ်လိုက်တယ်။

ယေဟောဝါဘုရား ဖြစ်စေချင်တဲ့အတိုင်း ရေဗက္ကာ လုပ်ခဲ့တဲ့အတွက် ကောင်းချီးရခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူ့ရဲ့မျိုးဆက်ကနေ ယေရှု မွေးဖွားလာတယ်။ ကလေးတို့လည်း ရေဗက္ကာလို ယေဟောဝါဘုရားကို ပျော်အောင် လုပ်မယ်ဆိုရင် ကောင်းချီးရလိမ့်မယ်။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ကမ္ဘာဦး ၁၂:၄၊ ၅။ ၂၄:၁-၅၈၊ ၆၇

မေးခွန်းများ–

  • ရေဗက္ကာဆိုတာ ဘယ်သူလဲ။

  • အာဗြဟံက အိဇက်ကို ခါနန်ပြည်က မိန်းကလေးတွေနဲ့ ဘာလို့ လက်မထပ်စေချင်တာလဲ။

  • ရေဗက္ကာဟာ အိဇက် လက်ထပ်သင့်တဲ့ မိန်းကလေးဆိုတာ ဧလျာဇာ ဘယ်လိုသိခဲ့သလဲ။

  • ရေဗက္ကာလို ကောင်းချီးရချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ