ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၄ စာ. ၁၀-၁၁
  • အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နဲ့ မိတ်ဆွေတွေရဲ့ ချစ်မြတ်နိုးမှုကို သူခံခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့်နှစ်သက်မှု ရရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဖသရဲ့ ကတိအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဖသရဲ့ ကတိ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၄ စာ. ၁၀-၁၁
သမီး ငယ်ငယ်တုန်းက ယေဖသ အချိန်ပေးခဲ့

သင်ခန်းစာ ၄

အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး

အစ္စရေးစစ်တပ်က ရန်သူတွေကို စစ်တိုက်နေတုန်း ယေဟောဝါဆီ ယေဖသ ဆုတောင်းနေ

ယေဖသက ယေဟောဝါဘုရားကို ဘာကတိ ပေးနေသလဲ

စစ်တိုက်ပြီး အိမ်ပြန်လာတဲ့အခါ ထွက်ကြိုတဲ့ သမီးကို ယေဖသ ဖက်နေ

ယေဖသရဲ့သမီးဟာ အဖေရဲ့ကတိအတိုင်း လုပ်ဖို့ မလွယ်ကူပေမဲ့ လုပ်ဆောင်ခဲ့

ပုံထဲက မိန်းကလေးကို သားတို့သမီးတို့ တွေ့လား။— သူက ယေဖသရဲ့ သမီးလေးပေါ့။ ကျမ်းစာထဲမှာ သူ့နာမည် မပါဘူး။ ဒါပေမဲ့ အဖေနဲ့ ယေဟောဝါဘုရားကို သူ ပျော်အောင်လုပ်ခဲ့တယ်။ သူနဲ့ သူ့အဖေ ယေဖသအကြောင်း ဆက်ဖတ်ကြည့်ရအောင်။

ယေဖသဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး သမီးလေးကို ယေဟောဝါဘုရားအကြောင်း အမြဲသင်ပေးတယ်။ သူက အရမ်းအားရှိတယ်၊ ရှေ့ဆုံးကနေ ဦးဆောင်ပေးနိုင်သူလည်း ဖြစ်တယ်။ ဒါကြောင့် အစ္စရေးတွေက ရန်သူတွေကို စစ်တိုက်တဲ့အခါ ခေါင်းဆောင်လုပ်ပေးဖို့ သူ့ကို တောင်းဆိုကြတယ်။

ယေဖသက စစ်နိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ ဆုတောင်းခဲ့တယ်။ စစ်နိုင်ပြီး အိမ်ပြန်လာတဲ့အခါ ဦးဆုံးထွက်ကြိုတဲ့သူကို ယေဟောဝါဘုရားဆီ အပ်ပါ့မယ်လို့လည်း ကတိပေးခဲ့တယ်။ ယေဟောဝါဘုရားဆီ ပေးဆက်ခံရမယ့်သူဟာ ဝတ်ပြုရာတဲတော်နားမှာ တစ်သက်လုံးနေပြီး အလုပ်လုပ်ရလိမ့်မယ်။ ဝတ်ပြုရာတဲတော်ဆိုတာ ဘုရားကိုဝတ်ပြုဖို့ လူတွေသွားတဲ့နေရာပေါ့။ အခု ယေဖသ စစ်နိုင်သွားပြီ။ သူအိမ်ပြန်ရောက်သွားတဲ့အခါ ဘယ်သူ ဦးဆုံးထွက်ကြိုသလဲ သိလား။—

ယေဖသရဲ့ သမီးဖြစ်နေတယ်။ သူက ယေဖသရဲ့ တစ်ဦးတည်းသော သမီးလေးပေါ့။ ခုတော့ သမီးလေးနဲ့ ခွဲရတော့မယ်။ ဒါကြောင့် ယေဖသ တအားဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ဘုရားကို သူ ကတိပေးထားတယ်ဆိုတာ မှတ်မိလား။ သူ့ရဲ့သမီးက ‘အဖေ၊ ယေဟောဝါဘုရားကို ကတိပေးပြီးရင် ကတိတည်ရမှာပေါ့’ လို့ ပြောတယ်။

ယေဖသရဲ့သမီး တဲတော်အတွက် ထင်းကောက်နေ၊ သူငယ်ချင်းတွေ သူ့ဆီ လာလည်ကြ

ယေဖသသမီးရဲ့ သူငယ်ချင်းတွေဟာ သူ့ဆီ နှစ်တိုင်း သွားလည်ကြ

ယေဖသရဲ့သမီးလည်း ဝမ်းနည်းမှာပဲ။ ဝတ်ပြုရာတဲတော်မှာ သူသွားနေရမယ်ဆိုတော့ အိမ်ထောင်ပြုလို့ မရတော့ဘူး။ ကလေးလည်း မမွေးနိုင်တော့ဘူး။ ဒါပေမဲ့ ယေဖသရဲ့ သမီးက သူ့အဖေကို ကတိတည်စေချင်တယ်။ ယေဟောဝါဘုရားကိုလည်း ပျော်စေချင်တယ်။ အဲဒါက သူအိမ်ထောင်ပြုတာ၊ ကလေးမွေးတာထက် ပိုအရေးကြီးတယ်။ ဒါနဲ့ ဝတ်ပြုရာတဲတော်မှာ နေထိုင်ဖို့ အိမ်ကနေ ထွက်သွားတော့တယ်။

သူ့ကြောင့် သူ့အဖေနဲ့ ယေဟောဝါဘုရား ပျော်ခဲ့သလား။— ဟုတ်တယ်၊ ပျော်ခဲ့တယ်။ သားတို့သမီးတို့လည်း ယေဟောဝါဘုရားကို ချစ်ပြီး စကား နားထောင်ရင် ယေဖသရဲ့သမီးနဲ့ တူလိမ့်မယ်။ ဒါဆိုရင် အဖေ၊ အမေနဲ့ ယေဟောဝါဘုရား သိပ်ပျော်မှာ။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • တရားဟောရာ ၆:၄-၆

  • တရားသူကြီး ၁၁:၃၀-၄၀

  • ၁ ကောရိန္သု ၇:၃၇၊ ၃၈

မေးခွန်းများ–

  • ယေဖသက ဘယ်သူလဲ။ သူ ဘာကတိပေးခဲ့သလဲ။

  • ယေဖသရဲ့သမီးက သူ့အဖေရဲ့ကတိအတိုင်း လုပ်ဖို့ ဘာဖြစ်လို့ ခက်တာလဲ။

  • ယေဖသရဲ့သမီးက ဘာလုပ်ချင်ခဲ့သလဲ။

  • သားတို့သမီးတို့လည်း ယေဖသရဲ့သမီးနဲ့ တူချင်ရင် ဘာလုပ်ရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ