ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၇ စာ. ၁၆-၁၇
  • တစ်ယောက်တည်းဖြစ်ပြီး ကြောက်နေတဲ့ ကလေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ယောက်တည်းဖြစ်ပြီး ကြောက်နေတဲ့ ကလေး
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထီးကျန်ပြီး ကြောက်နေတယ်လို့ ခံစားဖူးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဘုရားသခင်ဆီကနေ နှစ်သိမ့်မှုရရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင်သည် ဧလိယကဲ့သို့ သစ္စာရှိမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၇ စာ. ၁၆-၁၇
တစ်ယောက်တည်းဖြစ်ပြီး ကြောက်နေတဲ့ ကလေး

သင်ခန်းစာ ၇

တစ်ယောက်တည်းဖြစ်ပြီး ကြောက်စိတ်ဝင်ဖူးသလား

ပုံထဲက ကောင်လေးကို ကြည့်ပါဦး။ သူ့ကိုကြည့်ရတာ တစ်ယောက်တည်းဖြစ်ပြီး ကြောက်နေသလိုပဲနော်။ အဲဒီလိုဖြစ်ဖူးလား။— လူတိုင်း အဲဒီလို ဖြစ်ဖူးတယ်။ ယေဟောဝါဘုရားရဲ့ သူငယ်ချင်းတချို့တောင် တစ်ယောက်တည်းဖြစ်ပြီး ကြောက်စိတ်ဝင်ဖူးတဲ့အကြောင်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ဧလိယပဲ။ သူ့အကြောင်း တို့တွေ ဖတ်ကြည့်ရအောင်။

ဒေါသတကြီး အော်ဟစ်နေတဲ့ မိဖုရားယေဇဗေလ

ဧလိယကို ယေဇဗေလ သတ်ပစ်ချင်

ဧလိယဟာ ယေရှု မမွေးခင် နှစ်အတော်ကြာက အစ္စရေးပြည်မှာ နေခဲ့တယ်။ အဲဒီတုန်းက အစ္စရေးဘုရင် အာဟပ်ဟာ ယေဟောဝါဘုရားကို မကိုးကွယ်ဘူး။ အာဟပ်နဲ့ သူ့မိန်းမ ယေဇဗေလဟာ ဘုရားအစစ်အမှန်မဟုတ်တဲ့ ဗာလဘုရားကို ကိုးကွယ်တယ်။ ဒါနဲ့ အစ္စရေးလူ အများစုကလည်း ဗာလကို စပြီးကိုးကွယ်ကြတော့တယ့်။ မိဖုရားယေဇဗေလက ယေဟောဝါဘုရားကို ကိုးကွယ်တဲ့သူအားလုံးကို သတ်ပစ်ဖို့ ကြံစည်နေတယ်။ အဲဒီထဲမှာ ဧလိယလည်း ပါတယ်။ ဒီတော့ ဧလိယ ဘာလုပ်သလဲ သိလား။ ပြောကြည့်ပါဦး။—

ဧလိယ ထွက်ပြေးသွားတယ်။ တောထဲကို ထွက်ပြေးပြီး ဂူထဲမှာ သွားပုန်းနေလိုက်တယ်။ သူ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ။— ကြောက်လို့ပေါ့။ တကယ်တော့ ဧလိယ ကြောက်စရာမလိုပါဘူး။ ဘာဖြစ်လို့လဲ သိလား။ ယေဟောဝါဘုရား ကူညီပေးနိုင်တယ်ဆိုတာ ဧလိယ သိပါတယ်။ သူ့ကို ယေဟောဝါဘုရား တန်ခိုးပြခဲ့ဖူးတယ်လေ။ တစ်ခါကဆိုရင် ဧလိယ ဆုတောင်းလိုက်တော့ ကောင်းကင်ကနေ မီးကျလာအောင် ယေဟောဝါဘုရား လုပ်ပေးခဲ့တယ်။ အခုလည်း ယေဟောဝါဘုရားက ဧလိယကို ကူညီပေးနိုင်ပါတယ်။

ကောင်းကင်ကနေ မီးကျစေပြီး ဧလိယရဲ့ ဆုတောင်းချက်ကို ယေဟောဝါဘုရား ဖြေဆိုပေးခဲ့တယ်၊ ဂူထဲမှာ ဧလိယ ပုန်းနေတယ်၊ ယေဟောဝါရဲ့ အားပေးစကားတွေ ကြားပြီးနောက် ဧလိယ ပျော်သွားတယ်

ဧလိယကို ယေဟောဝါဘုရား ဘယ်လိုကူညီပေးခဲ့သလဲ

ဧလိယ ဂူထဲမှာ ပုန်းနေတုန်း ယေဟောဝါဘုရားက ‘ဒီမှာ ဘာလုပ် နေတာလဲ’ လို့မေးတယ်။ အဲဒီအခါ ဧလိယက ‘ကိုယ်တော့်ကို ကိုးကွယ်တဲ့ သူတွေထဲမှာ ကျွန်တော် တစ်ယောက်တည်းပဲ ကျန်တော့တယ်။ ကျွန်တော် အသတ်ခံရမှာ ကြောက်လို့ ထွက်ပြေး လာတာ’ ဆိုပြီးပြန်ဖြေတယ်။ ယေဟောဝါဘုရားကို ကိုးကွယ်တဲ့သူအားလုံး အသတ်ခံလိုက်ရပြီလို့ ဧလိယ ထင်နေတာ။ ဒါပေမဲ့ ယေဟောဝါဘုရားက ‘မင်းထင်တာ မှားနေတယ်။ ငါ့ကို ကိုးကွယ်တဲ့သူ ၇,၀၀၀ ကျန်နေသေးတယ်။ မကြောက်နဲ့။ မင်း လုပ်စရာတွေ အများကြီး ရှိနေသေးတယ်’ လို့ ဧလိယကို ပြောတယ်။ ဒီသတင်းကို ကြားတော့ ဧလိယ ဝမ်းသာသွားမယ် မဟုတ်လား။—

ဧလိယဆီကနေ တို့တွေ ဘာ သင်ယူနိုင်သလဲ။— သားတို့သမီးတို့လည်း တစ်ယောက်တည်းလို့ မခံစားသင့်ဘူး။ ကြောက်လည်း မကြောက်သင့်ဘူး။ ကလေးတို့ဆီမှာ ယေဟောဝါဘုရားကိုရော ကလေးတို့ကိုပါ ချစ်တဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ပြီးတော့၊ တန်ခိုးအများကြီးရှိတဲ့ ယေဟောဝါဘုရားက မင်းတို့ကို အမြဲတမ်း ကူညီပေးမှာ။ ယေဟောဝါဘုရားက ကလေးတို့ကို အမြဲတမ်း ကူညီပေးမယ်ဆိုတာ သိရလို့ ဝမ်းမသာကြဘူးလား။—

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ၁ ဘုရင်များ ၁၉:၃-၁၈

  • ဆာလံ ၁၄၅:၁၈

  • ၁ ပေတရု ၅:၉

မေးခွန်းများ–

  • ဧလိယအချိန်မှာ အစ္စရေးအများစုက ယေဟောဝါဘုရားကို ကိုးကွယ်ကြသလား။ သူတို့ ဘယ်သူ့ကို ကိုးကွယ်ကြသလဲ။

  • ဧလိယ ဘာဖြစ်လို့ ထွက်ပြေးပြီး ဂူထဲမှာ ပုန်းနေရတာလဲ။

  • ဧလိယကို ယေဟောဝါဘုရား ဘာပြောသလဲ။

  • ဧလိယ အဖြစ်အပျက်ကနေ တို့တွေ ဘာသင်ယူနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ