ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၅ စာ. ၁၈-စာ. ၁၉ ပိုဒ်. ၆
  • ယေရှုမွေးဖွားတဲ့အချိန်နဲ့ နေရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုမွေးဖွားတဲ့အချိန်နဲ့ နေရာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုမွေးဖွားခံရခြင်း—အဘယ်နေရာနှင့်အဘယ်အချိန်၌နည်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုမွေးဖွားတဲ့အကြောင်း ကောင်းကင်တမန်တွေ ကြေညာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု နွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေရှုခရစ် အခု ဘာလုပ်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၅ စာ. ၁၈-စာ. ၁၉ ပိုဒ်. ၆
မြည်းပေါ်မှာ မာရိထိုင်နေပြီး ယောသပ်က မြည်းကို ဘက်သလီဟင်မြို့ဆီ ဆွဲသွားနေ

အခန်း ၅

ယေရှုမွေးဖွားတဲ့ အချိန်နဲ့ နေရာ

လုကာ ၂:၁-၂၀

  • ယေရှုကို ဘက်သလီဟင်မြို့မှာ မွေးဖွား

  • ယေရှုလေးကို သိုးထိန်းတွေ လာကြည့်

လူတိုင်း ကိုယ့်မြို့ရွာပြန်ပြီး မှတ်ပုံတင်ရမယ်လို့ ရောမဧကရာဇ် ဆီဇာသြဂတ်စတပ်က အမိန့်ထုတ်တယ်။ ဒါကြောင့် ယောသပ်နဲ့ မာရိဟာ သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂျေရုဆလင်မြို့တောင်ဘက် ဘက်သလီဟင်မြို့ကို ခရီးထွက်ခဲ့ကြတယ်။

ဘက်သလီဟင်မြို့မှာ မှတ်ပုံတင်ဖို့ လူအများကြီး ရောက်နေတယ်။ ယောသပ်နဲ့ မာရိတို့ တည်းခိုဖို့ မြည်းနဲ့ တခြားတိရစ္ဆာန်တွေထားတဲ့ တင်းကုပ်ပဲရှိတော့တယ်။ အဲဒီမှာ ယေရှု မွေးဖွားလာတယ်။ မာရိဟာ ကလေးကို အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲမှာ သိပ်ထားတယ်။

မှတ်ပုံတင်ရမယ်ဆိုတဲ့ အမိန့်ထုတ်ဖို့ ဆီဇာသြဂတ်စတပ်ကို ဘုရား လမ်းညွှန်ခဲ့တယ်။ အဲဒါကြောင့်လည်း ယေရှုဟာ သူ့ဘိုးဘေး ဘုရင်ဒါဝိဒ်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဘက်သလီဟင်မြို့မှာ မွေးဖွားလာတာ။ အဲဒီမြို့မှာ ကတိပြုထားတဲ့အုပ်စိုးရှင် မွေးဖွားလာမယ်ဆိုပြီး ကျမ်းစာထဲမှာ ရှေးကတည်းက ကြိုဟောထားတယ်။—မိက္ခာ ၅:၂။

နွားစားခွက်ထဲ သိပ်ထားတဲ့ ကလေးလေးယေရှုကို မာရိ၊ ယောသပ်နဲ့ သိုးထိန်းတွေကြည့်နေ

ယေရှုမွေးတဲ့ညဟာ တကယ့်ကို အရေးပါတဲ့ ညတစ်ညပါပဲ။ ကွင်းပြင်မှာရှိတဲ့ သိုးထိန်းတွေရဲ့ ပတ်လည်မှာ တောက်ပတဲ့ အလင်းရောင် ထွန်းလင်းလာတယ်။ အဲဒါက ယေဟောဝါဘုရားရဲ့ ဘုန်းအသရေကြောင့်ပဲ။ ကောင်းကင်တမန်တစ်ပါးက သိုးထိန်းတွေကို အခုလို ပြောတယ်– “မကြောက်ပါနဲ့။ လူတိုင်းကို အကြီးအကျယ် ဝမ်းမြောက်စေမယ့် သတင်းကောင်း ပြောဖို့ ကျွန်တော် ရောက်လာတာ။ ဒီနေ့ ဒါဝိဒ်ရဲ့ဇာတိမြို့မှာ ခင်ဗျားတို့ကို ကယ်တင်မယ့်သူ၊ သခင်ခရစ်တော် မွေးဖွားပြီ။ နို့စို့ကလေးကို အနှီးနဲ့ ပတ်ပြီး နွားစားခွက်ထဲ သိပ်ထားတာကို ခင်ဗျားတို့ တွေ့ရင် အဲဒါ သူပဲဆိုတာ သိကြပါ။” ရုတ်တရက် ကောင်းကင်တမန် အများကြီး ပေါ်လာပြီး “ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကို ဂုဏ်တင် ချီးမွမ်းကြ။ ကမ္ဘာမြေပေါ် နေထိုင်တဲ့ ဘုရားမျက်နှာသာရသူတွေ ငြိမ်သက်ခြင်းရှိပါစေ” လို့ပြောကြတယ်။—လုကာ ၂:၁၀-၁၄။

ကောင်းကင်တမန်တွေ ပြန်သွားတော့ သိုးထိန်းတွေက “ယေဟောဝါဘုရား အသိပေးတဲ့ကိစ္စကို သွားကြည့်ကြရအောင်။ အခုပဲ ဘက်သလီဟင်မြို့ကို သွားကြစို့” လို့အချင်းချင်း ပြောကြတယ်။ (လုကာ ၂:၁၅) သူတို့ ခပ်သုတ်သုတ်သွားပြီး ကြည့်တဲ့အခါ ကောင်းကင်တမန်ပြောတဲ့အတိုင်း မွေးကင်းစ ယေရှုကို တွေ့လိုက်ရတယ်။ သိုးထိန်းတွေက ကောင်းကင်တမန်ပြောသွားတာကို ပြန်ပြောပြတော့ ကြားတဲ့သူတွေ အံ့သြကြတယ်။ မာရိက အဲဒီစကားအားလုံးကို မှတ်ထားပြီး ဆင်ခြင်တွေးတောတယ်။

အခုချိန်မှာ လူတွေက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ယေရှုကို မွေးတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ ဒီဇင်ဘာလဆိုရင် ဘက်သလီဟင်မြို့မှာ အေးစိမ့်ပြီး မိုးရွာနေတတ်တယ်။ တစ်ခါတလေဆို နှင်းတွေကျတယ်။ အဲဒီလိုအချိန်မျိုးမှာ သိုးထိန်းတွေက ကွင်းပြင်မှာ တစ်ညလုံး သိုးကျောင်းကြမှာ မဟုတ်ဘူး။ ဒါ့အပြင် ရောမဧကရာဇ်က သူ့ကို ပုန်ကန်ချင်နေတဲ့သူတွေကို အဲဒီလောက် အေးစိမ့်နေတဲ့ ဆောင်းတွင်းကြီးမှာ မှတ်ပုံတင်ဖို့သွားခိုင်းမှာ မဟုတ်ဘူး။ ဒါကြောင့် ယေရှုဟာ အောက်တိုဘာလထဲမှာ မွေးဖွားခဲ့တာ သေချာတယ်။

  • ယောသပ်နဲ့ မာရိတို့ ဘက်သလီဟင်မြို့ကို ဘာကြောင့် သွားရသလဲ။

  • ယေရှုကို မွေးဖွားတဲ့ညမှာ ထူးထူးခြားခြား ဘာဖြစ်ပျက်ခဲ့သလဲ။

  • ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ယေရှုမွေးတယ်လို့ ယုံတာက ဘာကြောင့် ယုတ္တိမရှိသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ