ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၉ စာ. ၄၈-စာ. ၅၁ ပိုဒ်. ၃
  • ရှမာရိအမျိုးသမီးကို သွန်သင်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှမာရိအမျိုးသမီးကို သွန်သင်ပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှမာရိလူအများကြီး ယုံကြည်လာကြ
  • ရှမာရိမိန်းမတစ်ဦးကိုသွန်သင်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ရေတွင်းနားက အမျိုးသမီး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဂေရဇိမ်—‘ဤတောင်ပေါ်တွင် ကျွန်ုပ်တို့ကိုးကွယ်ခဲ့သည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၉ စာ. ၄၈-စာ. ၅၁ ပိုဒ်. ၃
ရေတွင်းနားမှာ ရှမာရိအမျိုးသမီးကို ယေရှု စကားပြောနေ

အခန်း ၁၉

ရှမာရိအမျိုးသမီးကို သွန်သင်ပေး

ယောဟန် ၄:၃-၄၃

  • ရှမာရိအမျိုးသမီးနဲ့ တခြားသူတွေကို သွန်သင်ပေး

  • ဘုရားနှစ်သက်တဲ့ ၀တ်ပြုရေး

ယုဒပြည်ကနေ ဂါလိလဲပြည် အပြန်ခရီးမှာ ယေရှုနဲ့ တပည့်တွေဟာ ရှမာရိပြည်ကိုဖြတ်ပြီး မြောက်ဘက်ကို သွားကြတယ်။ သူတို့တွေ ခရီးပန်းလာလို့ မွန်းတည့်ချိန်လောက်မှာ ရှုခါမြို့နားက ယာကုပ်ရေတွင်းမှာ နားကြတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းက အဲဒီရေတွင်းကို ယာကုပ်ကိုယ်တိုင် တူးခဲ့တာဖြစ်နိုင်သလို လူငှားပြီး တူးခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒီနေ့အချိန်မှာ အဲဒီရေတွင်းကို နာဘလပ်စ်မြို့နားမှာ တွေ့နိုင်တယ်။

ရေတွင်းနားမှာ ယေရှု အနားယူနေတုန်း တပည့်တွေက စားစရာဝယ်ဖို့ မြို့ထဲသွားကြပြီ။ သူတို့ထွက်သွားချိန်မှာ ရှမာရိအမျိုးသမီးတစ်ယောက် ရေလာခပ်တယ်။ အဲဒီအခါ ယေရှုက “ရေနည်းနည်းလောက် တိုက်ပါလား” လို့တောင်းလိုက်တယ်။—ယောဟန် ၄:၇။

ရေတွင်းနားမှာ ယေရှု အနားယူနေ၊ တပည့်တွေ ထွက်သွား၊ ရှမာရိအမျိုးသမီး ရေခပ်ဖို့ရောက်လာ

ဂျူးတွေနဲ့ ရှမာရိတွေဟာ အရိုးစွဲနေတဲ့ တစ်ဖက်သတ်အစွဲတွေကြောင့် အပေါင်းအသင်းမလုပ်ကြဘူး။ ဒီတော့ အမျိုးသမီးက အံ့အားသင့်ပြီး “ရှင်ဟာ ဂျူးလူမျိုးဖြစ်လျက်နဲ့ ရှမာရိလူမျိုးဖြစ်တဲ့ ကျွန်မကို ဘာလို့ ရေတောင်းသောက်တာလဲ” လို့ မေးတယ်။ ယေရှုက “ဘုရားသခင် ဘာဆုလက်ဆောင်ပေးထားမှန်း၊ ‘ရေနည်းနည်းလောက် တိုက်ပါလား’ လို့ပြောတဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း ခင်ဗျား မသိဘဲကိုး။ သိခဲ့ရင် သူ့ကို အသက်ရေ တောင်းမှာပဲ။ သူလည်း အသက်ရေ ပေးမှာပဲ” လို့ဖြေတယ်။ ဒီအခါ အမျိုးသမီးက “ရေတွင်းက အနက်ကြီး။ ဆရာ့ဆီမှာ ခပ်စရာရေပုံးမှ မရှိတာ။ အဲဒီအသက်ရေကို ဘယ်ကနေ ရမှာလဲ။ ဒီရေတွင်းကို ဘိုးဘေးယာကုပ်က ကျွန်မတို့ကို ပေးခဲ့တာ။ သူကိုယ်တိုင်ရော သားမြေးတွေ၊ တိရစ္ဆာန်တွေပါ ဒီတွင်းရေကို သောက်ခဲ့ကြတယ်။ ဆရာက သူ့ထက် ကြီးမြတ်လို့လား” ဆိုပြီး မေးတယ်။—ယောဟန် ၄:၉-၁၂။

ယေရှုက “ဒီရေကို သောက်တဲ့သူဟာ နောက်တစ်ခါ ရေငတ်ဦးမယ်။ ကျွန်တော်ပေးတဲ့ရေကို သောက်တဲ့သူကတော့ ဘယ်တော့မှ ရေငတ်မှာ မဟုတ်ဘူး။ သူ့အထဲမှာ အဲဒီရေဟာ ထာဝရအသက်ရစေမယ့် စိမ့်ထွက်နေတဲ့ စမ်းရေလို ဖြစ်လိမ့်မယ်” လို့ဖြေတယ်။ (ယောဟန် ၄:၁၃၊ ၁၄) ယေရှုဟာ မောပန်းနေပေမဲ့ အသက်ရစေတဲ့ အမှန်တရားအကြောင်း ရှမာရိအမျိုးသမီးကို ပြောပြဖို့ အသင့်ရှိခဲ့တယ်။

အမျိုးသမီးက “ဆရာ၊ ကျွန်မကို အဲဒီရေ တိုက်ပါလား။ ဒါဆို ရေငတ်တော့မှာမဟုတ်ဘူး။ ဒီကိုလာပြီး ရေခပ်စရာလည်း မလိုတော့ဘူး” ဆိုပြီးပြောတယ်။ ဒီအခါ ယေရှုက စကားလမ်းကြောင်း ပြောင်းလိုက်ပြီး “ခင်ဗျားရဲ့ယောက်ျားကို သွားခေါ်လာခဲ့” လို့ပြောတော့ သူက “ကျွန်မမှာ ယောက်ျားမရှိပါဘူး” လို့ဖြေတယ်။ ဒါနဲ့ ယေရှုက “‘ယောက်ျားမရှိဘူး’ လို့ ခင်ဗျားပြောတာ မှန်ပါတယ်။ တကယ်ဆိုရင် ခင်ဗျားမှာ ယောက်ျား ၅ ယောက် ရှိခဲ့ဖူးတယ်။ အခု အတူနေတဲ့လူဟာ ခင်ဗျားရဲ့ယောက်ျား မဟုတ်ဘူး” လို့ပြောလိုက်တယ်။ ဒါကို အမျိုးသမီးကြားတဲ့အခါ သိပ်အံ့သြသွားမှာပဲ။—ယောဟန် ၄:၁၅-၁၈။

ယေရှု တဲ့တိုးပြောလိုက်လို့ အမျိုးသမီး အံ့သြသွားပြီး “ဆရာဟာ ပရောဖက်ဖြစ်မှန်း ကျွန်မသိပြီ” လို့ပြောတယ်။ အဲဒီနောက် ဘုရားရေးရာတွေကို စိတ်၀င်စားကြောင်းပြတဲ့အနေနဲ့ “ကျွန်မတို့ရဲ့ ဘိုးဘေးတွေ [ရှမာရိတွေ] က ဒီတောင် [ဂေရဇိမ်တောင်] ပေါ်မှာ ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြတယ်။ ဆရာတို့ [ဂျူးတွေ] ပြောတာကျတော့ ဂျေရုဆလင်မြို့မှာပဲ ကိုးကွယ်ရမှာဆို” လို့ပြောတယ်။—ယောဟန် ၄:၁၉၊ ၂၀။

ဒီအခါ ယေရှုက ၀တ်ပြုတဲ့နေရာ အရေးမကြီးကြောင်း အခုလို ရှင်းပြတယ်– “ဒီတောင်ပေါ်မှာလည်းမဟုတ်၊ ဂျေရုဆလင်မြို့မှာလည်း မဟုတ်ဘဲ အဖဘုရားကို ကိုးကွယ်ရမယ့်အချိန် ရောက်လာတော့မယ်။ . . . အဖဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေဟာ စွမ်းအားတော်လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်မယ့်အချိန် ရောက်လာမယ်။ အဲဒီအချိန်ဟာ အခုအချိန်ပဲ။ အဲဒီလို ကိုးကွယ်မယ့်သူတွေကို အဖဘုရား ရှာနေတယ်။”—ယောဟန် ၄:၂၁၊ ၂၃၊ ၂၄။

နည်းမှန်လမ်းကျ ၀တ်ပြုသူတွေဆီမှာ အဖဘုရား ရှာနေတာက ဘယ်နေရာမှာ ၀တ်ပြုတာမဟုတ်ဘဲ ဘယ်လို ၀တ်ပြုတယ်ဆိုတာပဲ။ အဲဒီအချက်ကို အမျိုးသမီး စိတ်စွဲမှတ်သွားပြီး “ခရစ်တော်လို့ခေါ်တဲ့ မေရှိယလာမယ်ဆိုတာ ကျွန်မသိပါတယ်။ သူလာတဲ့အခါကျရင် ကျွန်မတို့ကို အားလုံး ရှင်းရှင်းလင်းလင်း ပြောပြပေးလိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၄:၂၅။

ဒီအခါ ယေရှုက “အခု ခင်ဗျားနဲ့စကားပြောနေတာ သူပဲ” ဆိုပြီး အရေးကြီး အမှန်တရားကို ပြောပြလိုက်တယ်။ (ယောဟန် ၄:၂၆) စဉ်းစားကြည့်ပါ၊ မွန်းတည့်ချိန်မှာ ရေလာခပ်တဲ့အမျိုးသမီးကို ယေရှုက သူဟာ မေရှိယဖြစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ တကယ်ဆိုရင် ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပြသေးဘူး။ ဒီအမျိုးသမီးကို ယေရှု မျက်နှာသာပြလိုက်တာပဲ။

ရှမာရိလူအများကြီး ယုံကြည်လာကြ

တပည့်တွေ ရှုခါမြို့ထဲကနေ အစားအစား၀ယ်ပြီး ပြန်လာတော့ ယာကုပ်ရဲ့ရေတွင်းမှာ ရှမာရိအမျိုးသမီးနဲ့ ယေရှု စကားပြောနေတာကို တွေ့လိုက်ရတယ်။ တပည့်တွေရောက်လာတဲ့အခါ အမျိုးသမီးက ရေအိုးကိုထားခဲ့ပြီး မြို့ထဲဝင်သွားတယ်။

ရေတွင်းဆီ တပည့်တွေပြန်လာချိန်မှာ ရှမာရိအမျိုးသမီးထွက်သွား

အမျိုးသမီးက ရှုခါမြို့ထဲရောက်တာနဲ့ ယေရှုပြောခဲ့တာတွေကို တခြားသူတွေကို ပြန်ပြောပြတယ်။ သူက “ကျွန်မလုပ်ခဲ့သမျှ အတိအကျပြောနိုင်သူကို တွေ့ခဲ့တယ်” လို့ပြောတယ်။ ပြီးတော့ တခြားသူတွေရဲ့ သိချင်စိတ်ကို နှိုးဆွတဲ့အနေနဲ့ “သူဟာ ခရစ်တော်များလား။ လာကြည့်ကြပါဦး” ဆိုပြီး ပြောလိုက်တယ်။ (ယောဟန် ၄:၂၉) အဲဒီမေးခွန်းက သိပ်အရေးကြီးတဲ့ မေးခွန်းဖြစ်ပြီး မောရှေအချိန်ကတည်းက စိတ်ဝင်စားခဲ့ကြတာ။ (တရားဟောရာ ၁၈:၁၈) ဒါကြောင့် မြို့ထဲကလူတွေ ယေရှုကို လာတွေ့ကြတယ်။

ရှမာရိအမျိုးသမီးက ယေရှုပြောတဲ့အကြောင်းတွေကို ရှုခါမြို့သားတွေကို ပြန်ပြောပြ

အဲဒီအချိန်မှာ တပည့်တွေက ယေရှုကို အစာစားဖို့ တိုက်တွန်းကြတယ်။ ဒါပေမဲ့ ယေရှုက “ခင်ဗျားတို့မသိတဲ့ စားစရာ ကျွန်တော့်မှာရှိတယ်” လို့ပြောလိုက်တယ်။ တပည့်တွေက “တစ်ယောက်ယောက်က စားစရာ ယူလာပေးလို့များလား” ဆိုပြီး အချင်းချင်း မေးကြတယ်။ ယေရှုက “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ” ဆိုပြီး ရှင်းပြလိုက်တယ်။ ယေရှုရဲ့ နောက်လိုက်အားလုံးအတွက် တကယ်အဓိပ္ပာယ်ရှိတဲ့ စကားတွေပါပဲ။—ယောဟန် ၄:၃၂-၃၄။

ယေရှုပြောတဲ့ “အလုပ်” ဆိုတာ ကောက်နှံရိတ်သိမ်းခြင်းကို ပြောနေတာမဟုတ်ဘူး။ တကယ်တော့ ရိတ်သိမ်းဖို့ လေးလလောက် လိုသေးတယ်။ ယေရှု ဆက်ပြောတဲ့စကားတွေအရ ပုံဆောင်ရိတ်သိမ်းခြင်း လုပ်ငန်းကို ရည်ညွှန်းနေတာ။ သူ အခုလိုပြောတယ်– “လယ်ကွင်းကို လှမ်းမျှော်ကြည့်လိုက်ပါ။ ရိတ်စရာစပါးတွေ မှည့်ဝင်းနေပြီ။ ရိတ်သိမ်းသူတွေဟာ လုပ်ခကိုရနေသလို အသီးအနှံကိုလည်း စုသိမ်းနေကြတယ်။ အဲဒီသီးနှံတွေဟာ ထာဝရအသက်ကို အမွေရမယ့်သူတွေပဲ။ ဒါကြောင့် မျိုးကြဲသူရော ရိတ်သိမ်းသူပါ ပျော်ရွှင်ကြတယ်။”—ယောဟန် ၄:၃၅၊ ၃၆။

ရှမာရိအမျိုးသမီးနဲ့ တွေ့ဆုံတာ အကျိုးရှိမှန်း ယေရှုသိမှာပဲ။ အမျိုးသမီးက “ကျွန်မ လုပ်ခဲ့သမျှ သူအတိအကျ ပြောနိုင်တယ်” လို့သက်သေခံတဲ့အတွက် ရှုခါမြို့သား အတော်များများ ယေရှုကို သက်ဝင်ယုံကြည်လာကြတယ်။ (ယောဟန် ၄:၃၉) ဒါကြောင့် ယေရှုဆီလာပြီး သူတို့ဆီမှာ တည်းခိုဖို့၊ ထပ်သွန်သင်ပေးဖို့ တောင်းပန်ကြတယ်။ ယေရှုလည်း လက်ခံလိုက်ပြီး ရှမာရိပြည်မှာ နှစ်ရက်နေတယ်။

နောက်ထပ်ရှမာရိလူအများကြီးလည်း ယေရှုသွန်သင်တာကို ကြားနာရလို့ ယုံကြည်လာကြတယ်။ သူတို့က “မင်းပြောလို့ ငါတို့ ယုံကြည်တာ မဟုတ်ဘူးနော်။ ကိုယ်တိုင်ကြားရလို့ ယုံတာ။ သူဟာ တကယ်ပဲ လောကကို ကယ်တင်မယ့်သူဆိုတာ ငါတို့သိပြီ” လို့ အမျိုးသမီးကို ပြောကြတယ်။ (ယောဟန် ၄:၄၂) ခရစ်တော်အကြောင်း ဘယ်လိုသက်သေခံရမယ်၊ နားထောင်သူတွေ ပိုစိတ်ဝင်စားလာအောင် သိချင်စိတ်ကို ဘယ်လို နှိုးဆွပေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုမာရိအမျိုးသမီးဟာ ပုံသက်သေကောင်းပြခဲ့တယ်။

ရိတ်သိမ်းချိန်ရောက်ဖို့ လေးလလိုသေးတယ်ဆိုတာ သတိရပါ။ ဒီဒေသမှာ နွေဦးရောက်ပြီဆိုရင် မုယောစပါးတွေ ရိတ်သိမ်းကြတယ်။ ဒါကြောင့် အခုအချိန်က နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလ ဖြစ်နိုင်တယ်။ အေဒီ ၃၀၊ ပသခါပွဲပြီးတဲ့အချိန်ကစပြီး ယေရှုနဲ့ တပည့်တွေဟာ ယုဒနယ်မှာ သွန်သင်တာ၊ နှစ်ခြင်းပေးတာကို ရှစ်လလောက် လုပ်ဆောင်ခဲ့ကြတယ်။ အခု မြောက်ဘက်မှာရှိတဲ့ သူတို့ရဲ့ဇာတိ ဂါလိလဲနယ်ကို ပြန်နေကြပြီ။ အဲဒီမှာ ဘာတွေဖြစ်ပျက်လာမလဲ။

ရှမာရိလူတွေဟာ ဘယ်သူတွေလဲ။

ရှမာရိပြည်လို့ခေါ်တဲ့ ဒေသဟာ တောင်ဘက် ယုဒပြည်နဲ့ မြောက်ဘက် ဂါလိလဲပြည်ကြားမှာ တည်ရှိတယ်။ ဘုရင်ရှောလမုန် သေဆုံးပြီးနောက် အစ္စရေးနိုင်ငံဟာ မြောက်ဘက်ဆယ်နွယ်နိုင်ငံနဲ့ တောင်ဘက်နှစ်နွယ်နိုင်ငံဆိုပြီး နှစ်ပိုင်းကွဲသွားတယ်။

ဆယ်နွယ်နိုင်ငံသားတွေဟာ နွားရုပ်ကိုးကွယ်ခဲ့ကြတယ်။ ဒါကြောင့် ဘီစီ ၇၄၀ မှာ အဆီးရီးယားလူတွေ ရှမာရိပြည်ကို ဖျက်ဆီးဖို့ ယေဟောဝါဘုရား ခွင့်ပြုလိုက်တယ်။ အဆီးရီးယားတွေဟာ အစ္စရေးအများစုကို ဖမ်းခေါ်သွားပြီးနောက် အဆီးရီးယား အင်ပါယာတစ်ဝန်းက လူတွေကိုခေါ်လာပြီး ဒီနယ်မြေမှာ နေထိုင်ခိုင်းတယ်။ တိုင်းတစ်ပါးဘုရားတွေကို ဝတ်ပြုတဲ့ အဲဒီလူတွေက ဒီနယ်မြေမှာကျန်ခဲ့တဲ့ အစ္စရေးတွေနဲ့ လက်ထပ်ထိမ်းမြားကြတယ်။ အချိန်ကြာလာတာနဲ့အမျှ အရေဖျားဖြတ်ခြင်းလိုမျိုး ဘုရားပညတ်မှာပါတဲ့ ယုံကြည်ချက်နဲ့ ဓလေ့ထုံးစံတချို့ ရောနှောနေတဲ့ ဝတ်ပြုမှုပုံစံတစ်ခု ဒီဒေသမှာ ရှိလာတယ်။ ဒါပေမဲ့ အဲဒီ ဝတ်ပြုမှုပုံစံကို စစ်မှန်တဲ့ဝတ်ပြုရေးလို့ မခေါ်နိုင်ဘူး။—၂ ဘုရင်များ ၁၇:၉-၃၃။ ဟေရှာယ ၉:၉။

ယေရှုခေတ်မှာတော့ ရှမာရိလူတွေဟာ မောရှေရေးသားတဲ့ ကျမ်းတွေကို လက်ခံပေမဲ့ ဂျေရုဆလင် ဗိမာန်တော်မှာ ဝတ်မပြုကြဘူး။ ရှုခါမြို့နဲ့သိပ်မဝေးတဲ့ ဂေရဇိမ်တောင်ပေါ်က ဗိမာန်တော်မှာပဲ နှစ်ပေါင်းများစွာ ဝတ်ပြုခဲ့ကြတယ်။ အဲဒီဗိမာန်တော် ပျက်စီးသွားပြီးနောက်မှာတောင် ဂေရဇိမ်တောင်မှာပဲ ဆက်ပြီးဝတ်ပြုကိုးကွယ်ကြတယ်။ ယေရှုရဲ့ အမှုဆောင်ချိန်အတွင်း ရှမာရိတွေနဲ့ ဂျူးတွေကြားမှာရှိတဲ့ မုန်းတီးမှုကို ထင်ထင်ရှားရှား တွေ့ရတယ်။—ယောဟန် ၈:၄၈။

  • ရှမာရိအမျိုးသမီးကို ယေရှု စကားပြောတဲ့အခါ သူဘာကြောင့် အံ့သြသွားသလဲ။

  • အသက်ရေအကြောင်း၊ ဘုရားကို ဘယ်နေရာမှာ ကိုးကွယ်ရမယ်ဆိုတဲ့အကြောင်း ရှမာရိအမျိုးသမီးကို ယေရှု ဘာတွေ သွန်သင်ပေးသလဲ။

  • မိမိ ဘယ်သူဘယ်ဝါဖြစ်မှန်း ရှမာရိအမျိုးသမီးကို ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။ ဘယ်လို ဝတ်ပြုမှုမျိုးကို ယေရှု အားပေးခဲ့သလဲ။

  • ယေရှုနဲ့ပတ်သက်ပြီး ရှမာရိအမျိုးသမီး ဘယ်လို ကောက်ချက်ချသလဲ။ အဲဒီနောက် သူဘာလုပ်သလဲ။

  • အေဒီ ၃၀၊ ပသခါပွဲပြီးတဲ့အချိန်ကစပြီး ယေရှုနဲ့ တပည့်တွေ ဘာလုပ်ခဲ့ကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ