ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉၂ စာ. ၁၉၈-စာ. ၂၁၇ ပိုဒ်. ၇
  • ကျေးဇူးသိတတ်တဲ့ အနာကြီးရောဂါသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေးဇူးသိတတ်တဲ့ အနာကြီးရောဂါသည်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်မြို့သို့ယေရှုနောက်ဆုံးခရီးသွားရာတွင် အနာကြီးရောဂါသည်ဆယ်ဦးအား သန့်စင်စေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရုရှလင်မြို့သို့ယေရှုနောက်ဆုံးခရီးသွားရာတွင် အနာကြီးရောဂါသည်ဆယ်ဦးအား သန့်စင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ သတိရသလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု အံ့ဩစရာတွေ လုပ်ပြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉၂ စာ. ၁၉၈-စာ. ၂၁၇ ပိုဒ်. ၇
ယေရှုကုသပေးလိုက်တဲ့ အနာကြီးရောဂါသည်ဆယ်ယောက်ထဲက တစ်ယောက် ပြန်လာပြီး ကျေးဇူးတင်ကြောင်းပြောနေ

အခန်း ၉၂

ကျေးဇူးသိတတ်တဲ့ အနာကြီးရောဂါသည်

လုကာ ၁၇:၁၁-၁၉

  • အနာကြီးရောဂါသည် ဆယ်ယောက်ကို ကုသပေး

ယေရှုက သူ့ကိုသတ်မယ့် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေရဲ့အကြံ ပျက်သွားအောင် ဂျေရုဆလင်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ဧဖရိမ်မြို့ကို ထွက်သွားတယ်။ ရန်သူတွေနဲ့ဝေးတဲ့ ဒီမြို့မှာ တပည့်တွေနဲ့အတူ နေတယ်။ (ယောဟန် ၁၁:၅၄) ဒါပေမဲ့ အေဒီ ၃၃၊ ပသခါပွဲနီးလာတာကြောင့် ခရီးပြန်ထွက်ပြီး မြောက်ဘက် ရှမာရိပြည်နဲ့ ဂါလိလဲပြည်ကို သွားတယ်။ သူမသေခင် အဲဒီဒေသတွေကို နောက်ဆုံးအကြိမ် သွားတာဖြစ်တယ်။

ခရီးစဉ်အစပိုင်းမှာ တစ်ရွာပြီးတစ်ရွာ သွားနေတုန်း အနာကြီး ရောဂါသည် ဆယ်ယောက်နဲ့ တွေ့တယ်။ အဲဒီရောဂါဖြစ်ရင် လက်ချောင်း၊ ခြေချောင်း၊ နားရွက်တွေ တဖြည်းဖြည်း ပျက်စီးသွားတယ်။ (တောလည်ရာ ၁၂:၁၀-၁၂) ဘုရားပညတ်အရ အနာကြီးရောဂါသည်ဟာ “မသန့်ရှင်းဘူး၊ မသန့်ရှင်းဘူး” လို့အော်ရမယ်၊ သီးခြားနေထိုင်ရမယ်။—ဝတ်ပြုရာ ၁၃:၄၅၊ ၄၆။

ဒါကြောင့် အနာကြီးရောဂါသည် ဆယ်ယောက်က ယေရှုရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေပြီး “ဆရာယေရှု၊ ကျွန်တော်တို့ကို သနားပါဦး” လို့အော်ပြောကြတယ်။ ယေရှုက သူတို့ကို လှမ်းကြည့်ပြီး “ပုရောဟိတ်တွေဆီ ကိုယ်ကို သွားပြကြပါ” လို့ပြောတယ်။ (လုကာ ၁၇:၁၃၊ ၁၄) ဒါက ဘုရားပညတ်ကို လေးစားကြောင်း ပြလိုက်တာပဲ။ ဘုရားပညတ်အရ အနာကြီးရောဂါသည်တွေ ရောဂါပျောက်ကင်းသွားပြီ ဆိုတာကို ပုရောဟိတ်တွေက အတည်ပြုပေးရတယ်။ ဒါမှ ကျန်းမာတဲ့ တခြားသူတွေနဲ့အတူ နေထိုင်နိုင်မယ်။—ဝတ်ပြုရာ ၁၃:၉-၁၇။

ယေရှု အနာကြီးရောဂါသည်ဆယ်ယောက်နဲ့ ဆုံတွေ့

အနာကြီးရောဂါသည် ဆယ်ယောက်က ယေရှုရဲ့ အံ့ဖွယ်တန်ခိုးကို ယုံကြည်တယ်။ ဒါကြောင့် ရောဂါမပျောက်သေးတာတောင် ပုရောဟိတ်တွေဆီ သွားကြတယ်။ သွားနေတုန်းမှာပဲ ယေရှုအပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်ခြင်း ဆုချခံရပြီး ရောဂါပျောက်သွားမှန်း သိလိုက်ရတယ်။

ရောဂါပျောက်သွားတဲ့ ကိုးယောက်က သူတို့ သွားစရာရှိတာ ဆက်သွားကြပေမဲ့ တစ်ယောက်ကတော့ ယေရှုဆီ ပြန်လှည့်လာတယ်။ သူက ရှမာရိလူပဲ။ သူဘာလို့ ပြန်လှည့်လာတာလဲ။ ယေရှု လုပ်ပေးတာတွေအတွက် သိပ်ကျေးဇူးတင်လို့ပဲ။ သူ့ရောဂါပျောက်ကင်းတာ အဓိက ဘုရားကြောင့်ပဲဆိုတာ အသိအမှတ်ပြုတဲ့အတွက် “ဘုရားသခင်ကို အကျယ်ကြီး ဂုဏ်တင်ချီးမွမ်းတယ်။” (လုကာ ၁၇:၁၅) ယေရှုကိုတွေ့တဲ့အခါ ခြေရင်းမှာ ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောတယ်။

ယေရှုက “ဆယ်ယောက်စလုံး ရောဂါပျောက်သွားတာ မဟုတ်လား။ ကျန်တဲ့ကိုးယောက်က ဘယ်မှာလဲ။ ဒီလူမျိုးခြားတစ်ယောက်ပဲ ဘုရားကို ဂုဏ်တင်ချီးမွမ်းဖို့ ပြန်လာတာလား” ဆိုပြီး အနားမှာရှိနေတဲ့ လူတွေကို မေးလိုက်တယ်။ အဲဒီနောက် ရှမာရိလူကို “ကဲ၊ ထပြီး အိမ်ပြန်ပါ။ ခင်ဗျားရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ” လို့ပြောလိုက်တယ်။—လုကာ ၁၇:၁၇-၁၉။

အနာကြီးရောဂါသည် ဆယ်ယောက်ကို ယေရှုကုသပေးတာက သူ့မှာ ယေဟောဝါဘုရားရဲ့ ကျောထောက်နောက်ခံရှိမှန်း ပြလိုက်တာပဲ။ ဆယ်ယောက်ထဲက တစ်ယောက်ဟာ ယေရှုရဲ့ လုပ်ဆောင်မှုကြောင့် ရောဂါပျောက်သွားတဲ့အပြင် အသက်လမ်းပေါ် ရောက်လာပုံပဲ။ အဲဒီလို ကုသမှုမျိုးတွေလုပ်ဖို့ ယေရှုကို ဘုရားအသုံးပြုတဲ့အချိန်မှာ ကျွန်တော်တို့ အသက်မရှင်ရပေမဲ့ ယေရှုကို ယုံကြည်သက်၀င်မယ်ဆိုရင် ထာဝရအသက်လမ်းပေါ်မှာ ရှိနေနိုင်တယ်။ ကျွန်တော်တို့ကော ရှမာရိလူလို ကျေးဇူးသိတတ်ကြောင်း ပြနေသလား။

  • ယေရှုက သူ့ကိုသတ်မယ့် အကြံပျက်သွားအောင် ဘယ်နေရာကို ထွက်သွားသလဲ။

  • အနာကြီး ရောဂါသည် ဆယ်ယောက်က ယေရှုရဲ့ ခပ်လှမ်းလှမ်းမှာ ဘာကြောင့် ရပ်နေတာလဲ။ ယေရှုက သူတို့ကို ပုရောဟိတ်တွေဆီ သွားပါလို့ ဘာကြောင့် ပြောသလဲ။

  • ရှမာရိလူဆီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာ ရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ