ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၁၂ စာ. ၂၆၀-စာ. ၂၆၁ ပိုဒ်. ၆
  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် “စောင့်နေ” မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • နောက်ဆုံးသောကာလ၏ပုဗ္ဗနိမိတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သတိပေးချက်တွေကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • “သတိနဲ့ စောင့်နေကြပါ”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၁၂ စာ. ၂၆၀-စာ. ၂၆၁ ပိုဒ်. ၆
မီးခွက်ကိုယ်စီနဲ့ အပျိုစင်ငါးယောက်

အခန်း ၁၁၂

နိုးနိုးကြားကြားရှိဖို့ သင်ပေးတဲ့ အပျိုစင်ပုံဥပမာ

မဿဲ ၂၅:၁-၁၃

  • အပျိုစင်ဆယ်ယောက် ပုံဥပမာကို ပြောပြ

ယေရှုက သူရောက်ရှိချိန်နဲ့ ဒီလောကစနစ် နိဂုံးပိုင်းရဲ့ နိမိတ်အကြောင်း တမန်တော်တွေ မေးတာကို အဖြေပေးနေတယ်။ အခု ယေရှုက နောက်ပုံဥပမာတစ်ခု ပြောပြပြီး သူတို့ကို သတိပေးတယ်။ ဒီပုံဥပမာရဲ့ ပြည့်စုံချက်ကို ယေရှု ရောက်ရှိချိန်အတွင်း အသက်ရှင်တဲ့သူတွေ မြင်တွေ့ရမှာ ဖြစ်တယ်။

ယေရှုက ပုံဥပမာကို အခုလို အစပြုတယ်– “ကောင်းကင်နိုင်ငံကို မီးခွက်ကိုယ်စီကိုင်ပြီး သတို့သားကို ထွက်ကြိုတဲ့ အပျိုစင်ဆယ်ယောက်နဲ့ ခိုင်းနှိုင်းနိုင်တယ်။ အပျိုစင်ငါးယောက်က ဉာဏ်မရှိဘူး။ ကျန်တဲ့ငါးယောက်ကတော့ သတိပညာရှိတယ်။”—မဿဲ ၂၅:၁၊ ၂။

ကောင်းကင်နိုင်ငံတော်ကို အမွေရကြမယ့် တပည့်တွေထဲမှာ တစ်ဝက်က ဉာဏ်မရှိဘူး၊ တစ်ဝက်ကတော့ အမြော်အမြင်ရှိတယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ တပည့်တစ်ယောက်စီဟာ နိုင်ငံတော်နဲ့ ပတ်သက်လာရင် နိုးနိုးကြားကြား ရှိနေမလား ဒါမှမဟုတ် အာရုံပျံ့လွင့်သွားမလားဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ ယေရှုဟာ သူ့ကျေးကျွန်တစ်ယောက်စီဟာ ဆက်သစ္စာရှိပြီး အဖဘုရားရဲ့ ကောင်းချီးတွေကို ခံစားရမယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်။

ဒီပုံဥပမာမှာ အပျိုစင်ဆယ်ယောက်ဟာ သတို့သားကို ကြိုဆိုဖို့၊ ဧည့်ခံကျွေးမွေးချိန်မှာ ပါဝင်ဆင်နွှဲဖို့ ထွက်လာကြတယ်။ သတို့သားရောက်လာပြီး သတို့သမီးကို အသင့်ပြင်ထားတဲ့အိမ်ဆီ ခေါ်သွားတဲ့အခါ အပျိုစင်တွေက လမ်းတစ်လျှောက်လုံး လင်းနေအောင် သူတို့ရဲ့ မီးခွက်တွေကို ထွန်းပြီး သတို့သားကို ဂုဏ်ပြုကြမယ်။ အဲဒီအတိုင်း ဖြစ်ခဲ့သလား။

“ဉာဏ်မရှိတဲ့ ငါးယောက်က မီးခွက်ယူသွားပေမဲ့ ဆီအပို မယူသွားဘူး။ သတိပညာရှိတဲ့ ငါးယောက်ကတော့ မီးခွက်ကိုယ်စီ ပါတဲ့အပြင် ဆီအပိုကိုလည်း ဘူးနဲ့ထည့်ပြီး ယူသွားတယ်။ သတို့သားက တော်တော်နဲ့ ရောက်မလာတော့ သူတို့အားလုံး ငိုက်ပြီး အိပ်ပျော်သွားကြတယ်” လို့ ယေရှုရှင်းပြတယ်။ (မဿဲ ၂၅:၃-၅) သတို့သားက မျှော်လင့်ထားတဲ့အချိန်မှာ ရောက်မလာဘူး။ တော်တော်လေး ကြန့်ကြာနေပုံရတဲ့အတွက် သူတို့အားလုံး ငိုက်ပြီး အိပ်ပျော်သွားကြတယ်။ ဒါကို တမန်တော်တွေ ကြားတဲ့အခါ ခရီးဝေးထွက်သွားပြီး “ထီးနန်းဆက်ခံပြီးနောက် ပြန်လာတဲ့” မင်းညီမင်းသားတစ်ယောက်အကြောင်း ယေရှု ပြောခဲ့ဖူးတာကို သတိရမိမှာပဲ။—လုကာ ၁၉:၁၁-၁၅။

နောက်ဆုံး သတို့သားရောက်လာတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ ယေရှုက “သန်းခေါင်ယံမှာ ‘သတို့သား လာနေပြီ၊ သွားကြိုကြ’ ဆိုတဲ့ အော်သံ ကြားရတယ်” လို့ပြောတယ်။ (မဿဲ ၂၅:၆) အဲဒီအချိန်မှာ အပျိုစင်တွေ အသင့်ဖြစ်နေကြသလား၊ နိုးကြားနေကြသလား။

ယေရှု အခုလို ဆက်ပြောတယ်– “အဲဒီအခါ အပျိုစင်အားလုံး နိုးလာပြီး မီးခွက်တွေကို အသင့်ပြင်တယ်။ ဉာဏ်မရှိတဲ့ အပျိုစင်တွေက ‘ငါတို့မီးခွက် ငြိမ်းတော့မှာမို့လို့ ဆီနည်းနည်းလောက် ပေးပါလား’ ဆိုပြီး တောင်းတဲ့အခါ သတိပညာရှိသူတွေက ‘တို့ရဲ့ဆီက အားလုံးအတွက် လောက်မှာ မဟုတ်ဘူး။ ဒီတော့ ဆီရောင်းတဲ့သူဆီမှာ သွားဝယ်ကြ’ လို့ပြန်ပြောတယ်။”—မဿဲ ၂၅:၇-၉။

ဉာဏ်မရှိတဲ့အပျိုစင် ငါးယောက်ဟာ နိုးနိုးကြားကြား မရှိတဲ့အပြင် သတို့သား ရောက်လာချိန်အတွက် အသင့်မပြင်ထားကြဘူး။ ဆီမလောက်လို့ သွားဝယ်နေရတယ်။ ယေရှု အခုလို ဆက်ပြောတယ်– “သူတို့ ဆီသွားဝယ်နေတုန်းမှာ သတို့သား ရောက်လာတယ်။ အသင့်ရှိနေတဲ့ အပျိုစင်တွေက သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့ နေရာကို ဝင်သွားတယ်။ အဲဒီနောက် တံခါးပိတ်သွားတယ်။ ကျန်တဲ့အပျိုစင်တွေ ရောက်လာပြီး ‘သခင်၊ သခင်၊ ကျွန်မတို့ကို တံခါးဖွင့်ပေးပါဦး” လို့ တောင်းပန်တော့ သတို့သားက ‘ခင်ဗျားတို့ကို ကျွန်တော် လုံးဝမသိဘူး’ လို့ပြောလိုက်တယ်။” (မဿဲ ၂၅:၁၀-၁၂) အသင့်မပြင်ထားတဲ့အတွက်၊ နိုးနိုးကြားကြား မရှိတဲ့အတွက် တကယ့်ကို ဝမ်းနည်းစရာပဲ။

ယေရှုက သူ့ကိုယ်သူ သတို့သားနဲ့ ခိုင်းနှိုင်းဖူးလို့ သတို့သားဟာ ယေရှုကိုပုံဆောင်မှန်း တမန်တော်တွေ သိကြတယ်။ (လုကာ ၅:၃၄၊ ၃၅) ဒါဆို သတိပညာရှိတဲ့ အပျိုစင်တွေကကော ဘယ်သူ့ကို ရည်ညွှန်းသလဲ။ ယေရှုက နိုင်ငံတော်အမွေခံရမယ့် “သိုးစုငယ်” အကြောင်းပြောတဲ့အခါ “ခါးကိုစည်းပြီး အသင့်ရှိနေပါ။ မီးခွက်တွေကို ထွန်းထားကြပါ” လို့ပြောခဲ့တယ်။ (လုကာ ၁၂:၃၂၊ ၃၅) ဒါကြောင့် တမန်တော်တွေက သူတို့လို သစ္စာရှိတပည့်တွေကို ယေရှု ရည်ညွှန်းနေမှန်း သဘောပေါက်ကြတယ်။ ယေရှုက ဒီပုံဥပမာကိုသုံးပြီး ဘာသင်ခန်းစာ သင်ပေးသလဲ။

ပုံဥပမာကို အခုလို နိဂုံးချုပ်တယ်– “ဒါကြောင့် အဲဒီနေ့၊ အဲဒီအချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့ စောင့်နေကြပါ။”—မဿဲ ၂၅:၁၃။

ရှင်းပါတယ်၊ ယေရှုက သူရောက်ရှိချိန်နဲ့ ပတ်သက်ပြီး သစ္စာရှိနောက်လိုက်တွေကို သတိပေးနေတာ။ သူတို့အားလုံး “သတိနဲ့ စောင့်နေ” ဖို့လိုတယ်။ ယေရှုရောက်လာမှာဖြစ်လို့ သူတို့အနေနဲ့ သတိပညာရှိတဲ့ အပျိုစင်ငါးယောက်လို အသင့်ပြင်ထားပြီး နိုးကြားနေဖို့ လိုတယ်။ ဒါမှ သူတို့ရဲ့ အဖိုးတန်မျှော်လင့်ချက်ကို မျက်ခြည်မပြတ်မှာ။ သူတို့ရမယ့် ဆုကျေးဇူးကို လက်လွတ်ဆုံးရှုံးမှာ မဟုတ်တော့ဘူး။

  • နိုးနိုးကြားကြားရှိတာ၊ အသင့်ပြင်ထားတာနဲ့ ပတ်သက်ရင် သတိပညာရှိတဲ့ အပျိုစင်ငါးယောက်နဲ့ ဉာဏ်မရှိတဲ့ အပျိုစင်ငါးယောက် ဘယ်လို ကွာခြားသလဲ။

  • သတို့သားက ဘယ်သူ့ကို ရည်ညွှန်းသလဲ။ အပျိုစင်တွေက ဘယ်သူ့ကို ရည်ညွှန်းသလဲ။

  • ယေရှုက အပျိုစင်ဆယ်ယောက် ပုံဥပမာကိုသုံးပြီး ဘာသင်ခန်းစာ သင်ပေးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ