ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂ စာ. ၉-စာ. ၁၁ ပိုဒ်. ၁
  • ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း
  • ပထမယောက်ျားနဲ့ မိန်းမအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘာကြောင့် အိုရသေရကြသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂ စာ. ၉-စာ. ၁၁ ပိုဒ်. ၁
ဧဒင်ဥယျာဉ်ထဲက အာဒံနဲ့ ဧဝ

သင်ခန်းစာ ၂

ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း

ယေဟောဝါက ဧဒင်ဆိုတဲ့ နေရာမှာ ဥယျာဉ်တစ်ခု စိုက်ပျိုးထားတယ်။ အဲဒီဥယျာဉ်ထဲမှာ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေ အပြည့်ပဲ။ ဘုရားသခင်က ပထမဆုံးလူ အာဒံကို ဖန်ဆင်းဖို့ မြေမှုန့်နဲ့ ပုံဖော်ပြီး နှာခေါင်းထဲ အသက်စွမ်းအားကို မှုတ်လိုက်တဲ့အခါ အသက်ရှင်တဲ့လူ ဖြစ်လာတယ်။ ဥယျာဉ်ကို စောင့်ရှောက်ဖို့၊ တိရစ္ဆာန်အားလုံးကို နာမည်ပေးဖို့ အာဒံကို ယေဟောဝါ တာဝန်ပေးတယ်။

ယေဟောဝါက အာဒံကို အရေးကြီးတဲ့ ပညတ်တစ်ခုလည်း ပေးသေးတယ်– ‘အပင်အားလုံးရဲ့ အသီးကို မင်းစားခွင့်ရှိတယ်။ ဒါပေမဲ့ အပင်တစ်ပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားရင် မင်း သေမယ်’ တဲ့။

နောက်ပိုင်းမှာ ယေဟောဝါက ‘အာဒံကို ကူညီမယ့်သူ ငါလုပ်ပေးမယ်’ လို့ပြောပြီး အာဒံကို အိပ်ပျော်စေတယ်။ ပြီးတော့ အာဒံရဲ့ နံရိုးတစ်ချောင်းနဲ့ မိန်းမတစ်ယောက် ဖန်ဆင်းတယ်။ သူ့နာမည်က ဧဝတဲ့။ အာဒံနဲ့ဧဝဟာ ပထမဆုံး မိသားစု ဖြစ်လာတယ်။ ဧဝကိုတွေ့တော့ အာဒံ ဘယ်လိုခံစားရသလဲ။ ‘ဒါလေးက ငါ့နံရိုးနဲ့ ဘုရားဖန်ဆင်းပေးထားတာ၊ ငါ့လိုလူပါလား’ လို့ ဝမ်းသာအားရ ပြောတယ်။

ယေဟောဝါက အာဒံနဲ့ ဧဝကို သားသမီးတွေမွေးပြီး ကမ္ဘာမြေကို ပြည့်စေပါလို့ ပြောတယ်။ ကမ္ဘာတစ်ခုလုံး ပရဒိသု ဒါမှမဟုတ် ဧဒင်ဥယျာဉ်လို လှပတဲ့ပန်းခြံဖြစ်အောင် လုပ်ကြပါလို့လည်း ပြောသေးတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်လာဘူး။ ဘာကြောင့်လဲ သိလား။ နောက်အခန်းမှာ ဖော်ပြထားတယ်။

‘အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့မိန်းမကို ဖန်ဆင်းခဲ့တယ်။’ —မဿဲ ၁၉:၄။

မေးခွန်း– ယေဟောဝါက အာဒံကို ဘာအလုပ်တာဝန် ပေးသလဲ။ မစားနဲ့လို့ ဘုရားပြောတဲ့ အပင်က အသီးကို စားရင် အာဒံနဲ့ဧဝ ဘာဖြစ်မလဲ။

ကမ္ဘာဦး ၁:၂၇-၃၁။ ၂:၇-၉၊ ၁၅-၂၃။ ဆာလံ ၁၁၅:၁၆။ မဿဲ ၁၉:၄-၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ