ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁၁ စာ. ၃၂-စာ. ၃၃ ပိုဒ်. ၂
  • ယုံကြည်ခြင်း စမ်းသပ်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်း စမ်းသပ်ခံရ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင် စမ်းသပ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားသခင့်မေတ္တာ၏ အကြီးမားဆုံးသက်သေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အာဗြဟံက ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁၁ စာ. ၃၂-စာ. ၃၃ ပိုဒ်. ၂
အာဗြဟံနဲ့ အိဇက် မောရိအရပ်ကို သွားနေကြ

သင်ခန်းစာ ၁၁

ယုံကြည်ခြင်း စမ်းသပ်ခံရ

အာဗြဟံဟာ သားဖြစ်သူ အိဇက်ကို ယေဟောဝါကို ချစ်ဖို့၊ ကိုယ်တော့်ကတိတွေကို ယုံကြည်ကိုးစားဖို့ သင်ပေးတယ်။ ယေဟောဝါက အိဇက် အသက် ၂၅ နှစ်မှာ အာဗြဟံအတွက် သိပ်ခက်တဲ့အလုပ်တစ်ခု လုပ်ခိုင်းတယ်။ ဘာအလုပ်ဖြစ်မလဲ။

ဘုရားသခင်က ‘မင်းရဲ့ တစ်ဦးတည်းသောသားကို ပူဇော်ဖို့ မောရိအရပ်က တောင်ပေါ်ကို ခေါ်သွားပါ’ လို့ ပြောတယ်။ ယေဟောဝါ ဘာလို့ အဲဒီလိုလုပ်ခိုင်းမှန်း အာဗြဟံမသိပေမဲ့ ယေဟောဝါစကား နားထောင်ခဲ့တယ်။

နောက်မနက်စောစောမှာ အာဗြဟံဟာ အိဇက်နဲ့ ကျွန်နှစ်ယောက်ကို ခေါ်ပြီး မောရိအရပ်ကို ထွက်သွားတယ်။ သုံးရက်ကြာတော့ အဝေးကနေ တောင်တွေကို မြင်နေရတယ်။ ကျွန်တွေကို စောင့်ခိုင်းပြီး ပူဇော်ဖို့ သူနဲ့အိဇက်ပဲ ထွက်သွားတယ်။ အိဇက်ကို ထင်းတွေသယ်ခိုင်းပြီး အာဗြဟံက ဓားကို ကိုင်ထားတယ်။ ဒီအခါ အိဇက်က ‘အဖေ၊ ပူဇော်မယ့်အကောင်က ဘယ်မှာလဲ’ လို့မေးတော့ အာဗြဟံက ‘ဘုရားသခင် ပြင်ဆင်ပေးမှာပေါ့ သားရယ်’ လို့ ပြန်ဖြေတယ်။

တောင်ပေါ်လည်းရောက်ရော ပူဇော်ရာပလ္လင် ဆောက်ကြတယ်။ ပြီးတော့ အိဇက်ရဲ့ ခြေလက်တွေကိုချည်ပြီး ပူဇော်ရာပလ္လင်ပေါ် တင်လိုက်တယ်။

အိဇက်ကို ပူဇော်ရာပလ္လင်ပေါ်မှာ ကြိုးချည်ထားပြီး အာဗြဟံ ဓားကိုင်ထား

အာဗြဟံဟာ ဓားကိုယူလိုက်တဲ့အခါ ယေဟောဝါရဲ့ ကောင်းကင်တမန်က ‘အာဗြဟံ။ မင်းရဲ့သားကို ဘာမှမလုပ်ပါနဲ့။ မင်းရဲ့သားကိုတောင် ပေးတဲ့အတွက် မင်းဟာ ဘုရားကို ယုံကြည်တယ်ဆိုတာ အခု ငါသိပြီ’ လို့ပြောတယ်။ အဲဒီနောက် ချုံပုတ်မှာငြိနေတဲ့ သိုးထီးတစ်ကောင်ကို အာဗြဟံ မြင်သွားတယ်။ အိဇက်ကို မြန်မြန်ဆန်ဆန် ကြိုးဖြည်ပေးပြီး သိုးထီးကို ပူဇော်လိုက်တယ်။

အဲဒီနေ့ကစပြီး ယေဟောဝါက အာဗြဟံ ကို မိတ်ဆွေလို့ ခေါ်တယ်။ ဘာလို့လဲ သိလား။ အာဗြဟံဟာ ယေဟောဝါ လုပ်ခိုင်းတာမှန်သမျှ လုပ်လို့ပဲ။ ဘာလို့လုပ်ခိုင်းမှန်း မသိတာတောင် လုပ်တယ်။

အာဗြဟံ အိဇက်ကို ကြိုးဖြည်ပေးနေ

ယေဟောဝါက အာဗြဟံကို ‘မင်းကို ကောင်းချီးပေးမယ်၊ မင်းရဲ့မျိုးနွယ်ကို တိုးပွားများပြားစေမယ်’ လို့ ထပ်ပြီး ကတိပေးတယ်။ ဆိုလိုတာက အာဗြဟံရဲ့ မျိုးနွယ်ကတစ်ဆင့် ဘုရားစကားနားထောင်တဲ့ လူအားလုံး ကောင်းချီးခံစားရမှာဖြစ်တယ်။

“ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”—ယောဟန် ၃:၁၆

မေးခွန်း– ယေဟောဝါကို ယုံကြည်ကိုးစားတယ်ဆိုတာ အာဗြဟံ ဘယ်လိုသက်သေပြသလဲ။ ယေဟောဝါဟာ အာဗြဟံကို ဘယ်လို ကတိပေးခဲ့သလဲ။

ကမ္ဘာဦး ၂၂:၁-၁၈။ ဟီဘရူး ၁၁:၁၇-၁၉။ ယာကုပ် ၂:၂၁-၂၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ