ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၇ စာ. ၆၈-စာ. ၆၉ ပိုဒ်. ၂
  • ယေဟောဝါကို သူတို့ပုန်ကန်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို သူတို့ပုန်ကန်ကြ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ပုန်ကန်သူ ကောရ
    ကျမ်းစာ ရုပ်ပြဇာတ်လမ်း
  • ယေဟောဝါ သင့်ကိုသိကျွမ်းသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၇ စာ. ၆၈-စာ. ၆၉ ပိုဒ်. ၂
ကောရနဲ့ သူ့ကိုထောက်ခံသူတွေ မောရှေနဲ့ အာရုန်ရှေ့ ရပ်နေကြ

သင်ခန်းစာ ၂၇

ယေဟောဝါကို သူတို့ပုန်ကန်ကြ

အစ္စရေးတွေ တောကန္တာရထဲမှာ ရှိနေတုန်း ကောရ၊ ဒါသန်၊ အဘိရံနဲ့ တခြားလူ ၂၅၀ ဟာ မောရှေကို ပုန်ကန်ကြတယ်။ သူတို့က ‘မင်းကို လက်အောက်မခံနိုင်တော့ဘူး။ မင်းက ငါတို့ရဲ့ ခေါင်းဆောင် ဘာလို့ဖြစ်နေရတာလဲ၊ အာရုန်ကရော ပုရောဟိတ်မင်း ဘာလို့ဖြစ်နေရတာလဲ။ ယေဟောဝါဟာ ငါတို့အားလုံးနဲ့အတူ ရှိတာပဲ။ မင်းနဲ့၊ အာရုန်နဲ့ပဲ အတူရှိတာမဟုတ်ဘူး’ လို့မောရှေကိုပြောတယ်။ အဲဒါကို ယေဟောဝါ လုံးဝမကြိုက်ဘူး။ သူတို့က ယေဟောဝါကို ပုန်ကန်နေကြတာ။

ကောရနဲ့ သူ့အပေါင်းအပါတွေကို မောရှေက ‘မနက်ဖြန် နံ့သာပေါင်းထည့်ထားတဲ့ မီးခဲခွက်တွေကိုင်ပြီး တဲတော်ကို ယူလာပါ။ ယေဟောဝါ ဘယ်သူ့ကို ရွေးချယ်သလဲဆိုတာ ပြလိမ့်မယ်’ လို့ပြောတယ်။

နောက်တစ်နေ့၊ ကောရနဲ့ လူ ၂၅၀ ဟာ မောရှေနဲ့တွေ့ဖို့ တဲတော်ကိုလာပြီး ပုရောဟိတ်တွေသာလုပ်ရတဲ့ နံ့သာပေါင်း ပူဇော်တဲ့အလုပ်ကို လုပ်ကြတယ်။ ဒီအခါ ယေဟောဝါက မောရှေနဲ့ အာရုန်ကို ‘ကောရနဲ့ သူ့လူတွေနဲ့ ဝေးဝေးနေကြ’ လို့မှာတယ်။

ကောရဟာ မောရှေရှိနေတဲ့ တဲတော်ကို ရောက်လာပေမဲ့ ဒါသန်၊ အဘိရံနဲ့ သူတို့မိသားစုတွေကတော့ အခေါ်လွှတ်တာတောင် မလိုက်လာကြဘူး။ ယေဟောဝါက ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့ တဲတွေနဲ့ ဝေးဝေးနေဖို့ အစ္စရေးတွေကို မိန့်မှာတယ်။ အစ္စရေးတွေလည်း ချက်ချင်းပဲ ခွဲထွက်သွားကြတယ်။ ဒါသန်၊ အဘိရံနဲ့ သူတို့မိသားစုတွေဟာ တဲဝမှာ ရပ်နေကြတယ်။ ရုတ်တရက် မြေကြီးကွဲအက်ပြီး သူတို့ကို မျိုပစ်တယ်။ တဲတော်ရှိတဲ့ နေရာမှာကျတော့ ယေဟောဝါဆီကနေ မီးကျလာပြီး ကောရနဲ့ သူ့လူ ၂၅၀ ကိုလောင်ကျွမ်းသွားတယ်။

မြေကြီးကွဲအက်သွားပြီး ဒါသန်၊ အဘိယံနဲ့ သူတို့မိသားစုတွေကို မြိုပစ်

ဒီနောက် ယေဟောဝါက မောရှေကို ‘မျိုးနွယ်တစ်ခုစီရဲ့ ခေါင်းဆောင်တွေဆီက တောင်ဝှေးတစ်ချောင်းစီ ယူလာပြီး တစ်ယောက်စီရဲ့ နာမည်ကို ရေးထားလိုက်။ လေဝိမျိုးနွယ်ရဲ့ တောင်ဝှေးမှာတော့ အာရုန်ရဲ့ နာမည်ရေးပါ။ တောင်ဝှေးတွေကို တဲတော်ထဲထားပါ၊ ငါရွေးချယ်တဲ့သူရဲ့ တောင်ဝှေးမှာ ပန်းတွေ ပွင့်လာလိမ့်မယ်’ လို့ပြောတယ်။

နောက်နေ့မှာ မောရှေဟာ တောင်ဝှေးအားလုံးကို ယူလာပြီး ခေါင်းဆောင်တွေကို ပြတယ်။ အာရုန်ရဲ့ တောင်ဝှေးမှာ ပန်းတွေ ဖူးပွင့်နေပြီး ဗာဒံသီးတွေ ဝင်းမှည့်နေတယ်။ ဒီလိုနဲ့ ယေဟောဝါဟာ အာရုန်ကို ပုရောဟိတ်မင်းအဖြစ် ရွေးချယ်တယ်ဆိုတာ သက်သေပြတယ်။

“ဦးဆောင်တဲ့သူတွေကို နာခံပါ၊ လက်အောက်ခံပါ။” —ဟီဘရူး ၁၃:၁၇

မေးခွန်း– ကောရနဲ့ အပေါင်းအပါတွေဟာ မောရှေကို ဘာလို့ ပုန်ကန်ကြတာလဲ။ ယေဟောဝါက အာရုန်ကို ပုရောဟိတ်မင်းအဖြစ် ရွေးချယ်မှန်း ဘယ်လိုသိရသလဲ။

တောလည်ရာ ၁၆:၁–၁၇:၁၃။ ၂၆:၉-၁၁။ ဆာလံ ၁၀၆:၁၆-၁၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ