ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၂ စာ. ၁၀၂-စာ. ၁၀၃ ပိုဒ်. ၃
  • သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သိပ်ရင်းနှီးသွားကြတယ်”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ‘ယေဟောဝါဘုရားကို ဘာကမှ မတားဆီးနိုင်ဘူး’
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ချစ်ခြင်းမေတ္တာအောင်လံ—အောက်တွင် စည်းစည်းလုံးလုံး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း သက်သေပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၂ စာ. ၁၀၂-စာ. ၁၀၃ ပိုဒ်. ၃
ယောနသန်နဲ့ သူ့ရဲ့လက်နက်ကိုင်

သင်ခန်းစာ ၄၂

သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်

ဘုရင်ရှောလုရဲ့ သားကြီး ယောနသန်ဟာ သတ္တိရှိတဲ့ စစ်သူရဲဖြစ်တယ်။ ယောနသန်ဟာ လင်းယုန်ထက်ပိုမြန်ပြီး ခြင်္သေ့ထက် ပိုခွန်အားကြီးတယ်လို့ ဒါဝိဒ်ပြောဖူးတယ်။ တစ်နေ့၊ တောင်ပေါ်မှာ ဖိလိတိစစ်သား ၂၀ ကို ယောနသန် တွေ့တယ်။ ဒါနဲ့ သူ့ရဲ့လက်နက်ကိုင်ကို ‘ယေဟောဝါ နိမိတ်ပြမှ သူတို့ကို တိုက်ခိုက်မယ်။ တကယ်လို့ ဖိလိတိတွေက တက်လာခဲ့လို့ပြောရင် တိုက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ’ လို့ပြောတယ်။ ဖိလိတိတွေက ‘တက်လာပြီး တိုက်စမ်းပါ’ လို့ အော်ပြောကြတော့ သူတို့နှစ်ယောက် တက်သွားပြီး စစ်သားတွေကိုတိုက်တော့ အနိုင်ရသွားတယ်။

ယောနသန်က သူ့ပစ္စည်းတချို့ကို ဒါဝိဒ်ကို ပေးနေ

ယောနသန်ဟာ ရှောလုရဲ့ အကြီးဆုံးသားဖြစ်လို့ မင်းလောင်း ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ဒါဝိဒ်ကို နောက်တက်မယ့်ဘုရင်ဖြစ်ဖို့ ရွေးချယ်လိုက်ပေမဲ့ သူ မနာလိုမဖြစ်ခဲ့ဘူး။ ယောနသန်နဲ့ ဒါဝိဒ်ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားကြတယ်။ အချင်းချင်း ကာကွယ်စောင့်ရှောက်မယ်လို့ ကတိပေးကြတယ်။ ယောနသန်ဟာ သူ့ရဲ့လက်ပြတ်ဝတ်ရုံ၊ ဓား၊ လေးနဲ့ ခါးစည်းကြိုးကို မိတ်ဆွေ အထိမ်းအမှတ်အနေနဲ့ ဒါဝိဒ်ကို ပေးလိုက်တယ်။

ရှောလုရန်ကနေ ဒါဝိဒ်ထွက်ပြေးနေချိန်မှာလည်း ယောနသန်ဟာ ဒါဝိဒ်ဆီသွားပြီး ‘မကြောက်နဲ့၊ ရဲရင့်ပါ။ မင်းကို ဘုရင်ဖြစ်ဖို့ ယေဟောဝါ ရွေးချယ်ပြီးပြီ။ ငါ့အဖေတောင် သိတယ်’ လို့ ပြောတယ်။ ယောနသန်လို သူငယ်ချင်းကောင်း ရှိချင်ကြသလား။

မိတ်ဆွေကို ကူညီပေးလို့ ယောနသန်ဟာ အသက်ဘေးနဲ့ ကြုံရတဲ့အခါတွေ ရှိတယ်။ ရှောလုက ဒါဝိဒ်ကို သတ်ချင်နေမှန်း သိတော့ ‘အပြစ်မရှိတဲ့ဒါဝိဒ်ကို သတ်ရင် အပြစ်ဖြစ်မယ်။ သူ့မှာ ဘာအပြစ်မှ မရှိဘူး’ လို့ ဖခင်ကိုပြောတယ်။ ရှောလုဟာ ယောနသန်ကို သိပ်စိတ်ဆိုးသွားတယ်။ နှစ်အနည်းငယ်ကြာတော့ ရှောလုနဲ့ ယောနသန်ဟာ တိုက်ပွဲတစ်ခုမှာ အတူသေဆုံးသွားကြတယ်။

ယောနသန်သေသွားပြီးနောက် ဒါဝိဒ်ဟာ ယောနသန်ရဲ့သား မေဖိဗောရှက်ကို လိုက်ရှာပြီး ‘မင်းအဖေက ငါ့မိတ်ဆွေကောင်းဖြစ်လို့ မင်းကိုတစ်သက်လုံး ငါစောင့်ရှောက်သွားမယ်။ ငါ့နန်းတော်မှာ နေပြီး ငါနဲ့တစ်စားပွဲတည်း စားရမယ်’ လို့ပြောတယ်။ ဒါဝိဒ်ဟာ မိတ်ဆွေ ယောနသန်ကို မမေ့ခဲ့ဘူး။

‘ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ မိတ်ဆွေတွေအတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာ မရှိဘူး။’—ယောဟန် ၁၅:၁၂၊ ၁၃

မေးခွန်း– ယောနသန်ဟာ သတ္တိရှိကြောင်း ဘယ်လိုသိရသလဲ။ သစ္စာစောင့်သိကြောင်း ဘယ်လိုသိရသလဲ။

၁ ရှမွေလ ၁၄:၁-၂၃။ ၁၈:၁-၄။ ၁၉:၁-၆။ ၂၀:၃၂-၄၂။ ၂၃:၁၆-၁၈။ ၃၁:၁-၇။ ၂ ရှမွေလ ၁:၂၃။ ၉:၁-၁၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ