ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၉ စာ. ၁၁၈-စာ. ၁၁၉ ပိုဒ်. ၂
  • မိဖုရားဆိုးကို အပြစ်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဖုရားဆိုးကို အပြစ်ပေး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဖုရားဆိုး ယေဇဗေလအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟု စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့်အချိန်သည် ယခုပင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မတရားမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၉ စာ. ၁၁၈-စာ. ၁၁၉ ပိုဒ်. ၂
အရာရှိတွေက ယေဇဗေလကို ပြတင်းပေါက်ကနေ တွန်းချ

သင်ခန်းစာ ၄၉

မိဖုရားဆိုးကို အပြစ်ပေး

အာဟပ်မင်းဟာ ယေဇရေလနန်းတော် ပြတင်းပေါက်ကနေ နာဗုတ်ရဲ့ စပျစ်ခြံကို ကြည့်နေတယ်။ အာဟပ်ဟာ အဲဒီခြံကို လိုချင်လို့ နာဗုတ်ဆီကနေ တောင်းဝယ်တယ်။ ဒါပေမဲ့ နာဗုတ်ဟာ အမွေရတဲ့မြေကို မရောင်းရဘူးဆိုတဲ့ ယေဟောဝါရဲ့ ပညတ်ကို နာခံပြီး မရောင်းဘူး။ မှန်တာလုပ်တဲ့ နာဗုတ်ကို အာဟပ် လေးစားသလား။ မလေးစားဘဲ အရမ်းစိတ်ဆိုးသွားတယ်။ အဲဒီခြံကိုမရလို့ စိတ်ကောက်ပြီး အခန်းထဲက မထွက်ဘူး။ အစာလည်း မစားဘူး။

အာဟပ်ရဲ့ မိဖုရားဆိုး ယေဇဗေလက ‘မောင်တော်ဟာ အစ္စရေးဘုရင်ပဲ။ လိုချင်တာအားလုံး ရရမှာပေါ့။ အဲဒီခြံကို ကျွန်မ ယူပေးမယ်’ လို့ပြောပြီး မြို့အရာရှိတွေဆီ စာရေးလိုက်တယ်။ စာထဲမှာ နာဗုတ်ဟာ ဘုရားကို ကျိန်ဆဲတဲ့သူလို့ မဟုတ်မမှန် စွပ်စွဲခိုင်းပြီး ကျောက်ခဲနဲ့ ပေါက်သတ်စေ ဆိုပြီး ရေးထားတယ်။ ယေဇဗေလပြောတဲ့အတိုင်း မြို့အရာရှိတွေ လုပ်လိုက်တယ်။ အဲဒီနောက် ယေဇဗေလက အာဟပ်ကို ‘နာဗုတ် သေသွားပြီ။ စပျစ်ခြံကို သွားသိမ်းပါ’ လို့ပြောတယ်။

ယေဇဗေလ သတ်ခဲ့တဲ့ အပြစ်မရှိသူတွေထဲမှာ နာဗုတ်တစ်ယောက်ပဲ မဟုတ်ဘူး။ ယေဟောဝါကိုချစ်တဲ့လူ အတော်များများကို သူသတ်ခဲ့တယ်။ ရုပ်တုတွေကို ကိုးကွယ်ပြီး မကောင်းတာတွေလည်း လုပ်တယ်။ ယေဟောဝါက ယေဇဗေလလုပ်တဲ့ မကောင်းတာအားလုံးကို မြင်တယ်။ ယေဟောဝါ သူ့ကို ဘာလုပ်မလဲ။

အာဟပ်သေပြီးနောက် သူ့သား ယောရံ ဘုရင်ဖြစ်လာတယ်။ ယေဟောဝါက ယေဇဗေလနဲ့ သူ့မိသားစုကို အပြစ်ပေးဖို့ ယေဟုကို စေလွှတ်လိုက်တယ်။

ယေဟုဟာ ယေဇဗေလနေတဲ့ ယေဇရေလမြို့ကို မြင်းရထားစီးပြီး ရောက်လာတယ်။ ယောရံလည်း မြင်းရထားစီးပြီး ယေဟုကို ထွက်ကြိုတယ်။ ‘အေးအေးဆေးဆေးပဲလား’ လို့မေးတော့ ယေဟုက ‘မင်းကြီးရဲ့မယ်တော် ယေဇဗေလ မကောင်းတာတွေ လုပ်နေသ၍ ဘယ်လို အေးဆေးနိုင်မလဲ’ လို့ ပြန်ဖြေတယ်။ ယောရံဟာ သူ့မြင်းရထားနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ယေဟုရဲ့ မြားမှန်ပြီး သေသွားတယ်။

ယေဟုက ယေဇဗေလကို တွန်းချဖို့ အော်ပြော

အဲဒီနောက် ယေဟုဟာ ယေဇဗေလရှိတဲ့ နန်းတော်ဆီ ရောက်လာတယ်။ ယေဟုလာနေကြောင်း ယေဇဗေလကြားတော့ အလှပြင်ပြီး ပြတင်းပေါက်ကနေ စောင့်ကြည့်နေတယ်။ ယေဟုလည်း ရောက်ရော ရိုင်းရိုင်းစိုင်းစိုင်း နှုတ်ဆက်လိုက်တယ်။ ဒါနဲ့ ယေဟုက သူ့ဘေးမှာ ရပ်နေကြတဲ့ အရာရှိတွေကို ‘သူ့ကို တွန်းချလိုက်’ လို့ အော်ပြောတယ်။ သူတို့ကလည်း ယေဇဗေလကို ပြတင်းပေါက်ကနေ တွန်းချလိုက်တော့ သူကျပြီး သေသွားတယ်။

အဲဒီနောက် ယေဟုဟာ အာဟပ်ရဲ့သား ၇၀ ကို သတ်ပြီး ဗာလဝတ်ပြုမှုကို ပြည်တော်ကနေ ဖယ်ရှားလိုက်တယ်။ ယေဟောဝါဟာ အားလုံးကိုမြင်ပြီး အချိန်တန်တဲ့အခါ မကောင်းတာလုပ်သူတွေကို အပြစ်ပေးတယ်ဆိုတာ တွေ့တယ်မဟုတ်လား။

‘လောဘကြောင့်ရတဲ့ အမွေဟာ ကောင်းချီးဖြစ်မှာ မဟုတ်ဘူး။’ —ပညာအလိမ္မာ ၂၀:၂၁

မေးခွန်း– နာဗုတ်ရဲ့ စပျစ်ခြံကိုရအောင် ယေဇဗေလ ဘာလုပ်သလဲ။ ယေဟောဝါဟာ ယေဇဗေလကို ဘယ်လို အပြစ်ပေးသလဲ။

၁ ဘုရင်များ ၂၁:၁-၂၉။ ၂ ဘုရင်များ ၉:၁–၁၀:၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ