ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅၂ စာ. ၁၂၆-စာ. ၁၂၇ ပိုဒ်. ၁
  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “သင်၏သားကို ချီယူလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကိုယ်ကျိုးစွန့်ခြင်းနှင့် သစ္စာစောင့်သိခြင်း ပုံသက်သေတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅၂ စာ. ၁၂၆-စာ. ၁၂၇ ပိုဒ်. ၁
ဧလိရှဲနဲ့ သူ့နောက်လိုက်ကို ဆီးရီးယားစစ်တပ် ဝိုင်းရံထား

သင်ခန်းစာ ၅၂

ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်

ဆီးရီးယားဘုရင် ဗင်ဟာဒဒ်ဟာ အစ္စရေးပြည်ကို တစ်ချိန်လုံး တိုက်ခိုက်နေတယ်။ ပရောဖက်ဧလိရှဲဟာ အစ္စရေးဘုရင်ကို အမြဲသတိပေးနေလို့ ရှောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဧလိရှဲကို ဖမ်းဆီးဖို့ ဗင်ဟာဒဒ် ဆုံးဖြတ်တယ်။ ဧလိရှဲဟာ ဒေါသန်မြို့မှာ ရှိနေမှန်း သိသွားတော့ သူ့ကိုဖမ်းဖို့ ဆီးရီးယားစစ်တပ်ကို လွှတ်လိုက်တယ်။

ဆီးရီးယားစစ်တပ်ဟာ ညဘက်မှာ ဒေါသန်မြို့ကို ရောက်လာတယ်။ မိုးလင်းတော့ ဧလိရှဲရဲ့နောက်လိုက် အပြင်ထွက်တာနဲ့ တစ်မြို့လုံးကို စစ်တပ်ဝိုင်းရံထားတာ တွေ့လိုက်တယ်။ ဒါနဲ့ ‘အမယ်လေး၊ သခင်ရေ။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ’ လို့လန့်ပြီးပြောတယ်။ ဧလိရှဲက ‘ငါတို့ဘက်မှာ သူတို့ထက် ပိုများတဲ့သူတွေ ရှိတယ်’ လို့ပြန်ပြောတယ်။ အဲဒီအချိန်မှာ ယေဟောဝါက ဧလိရှဲရဲ့ နောက်လိုက်ကို မြို့ပတ်လည် တောင်တန်းတွေပေါ်မှာ မီးလိုတောက်ပနေတဲ့ မြင်းတွေ၊ စစ်မြင်းရထားတွေကို မြင်စေတယ်။

ဧလိရှဲနဲ့ သူ့နောက်လိုက်ဟာ မြို့ကိုဝိုင်းရံထားတဲ့ ကောင်းကင်စစ်တပ်ကို မြင်တွေ့

ဆီးရီးယားစစ်သားတွေ ဧလိရှဲကို ဖမ်းဖို့ကြိုးစားတဲ့အခါ ‘ယေဟောဝါ၊ သူတို့မျက်စိကို ကွယ်စေပါ’ လို့ဆုတောင်းလိုက်လို့ သူတို့မြင်လျက်နဲ့ ဘယ်ရောက်နေမှန်း မသိကြဘူး။ ဧလိရှဲက စစ်သားတွေကို ‘ဒီမြို့ဟာ ခင်ဗျားတို့ရှာနေတဲ့ မြို့မဟုတ်ဘူး။ ကျွန်တော့်နောက် လိုက်ခဲ့။ ခင်ဗျားတို့ရှာနေတဲ့လူဆီ ပို့ပေးမယ်’ လို့ပြောလိုက်တယ်။ ဒါနဲ့ ဧလိရှဲနောက် သူတို့လိုက်သွားတာ အစ္စရေးဘုရင်နေတဲ့ ရှမာရိမြို့ဆီ ရောက်သွားတယ်။

ဆီးရီးယားစစ်သားတွေဟာ ဘယ်ရောက်နေမှန်း သိသွားတဲ့အခါ အစ္စရေးဘုရင်က ‘သူတို့ကို သတ်လိုက်ရမလား’ လို့ ဧလိရှဲကို မေးတယ်။ သူ့ကို သတ်ချင်တဲ့သူတွေဆိုပြီး ဧလိရှဲ ကလဲ့စားချေခဲ့သလား။ အဲဒီလို လုပ်မယ့်အစား ဧလိရှဲက ‘သူတို့ကို မသတ်နဲ့။ ကျွေးမွေးပြီး ပြန်လွှတ်လိုက်ပါ’ လို့ ပြောတယ်။ ဒါနဲ့ ဘုရင်လည်း စားသောက်ပွဲကြီးလုပ်ပေးပြီး ပြန်လွှတ်လိုက်တယ်။

ရှမာရိမြို့မှာ စားသောက်နေကြတဲ့ ဆီးရီးယား စစ်သားတွေ

“အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။” —၁ ယောဟန် ၅:၁၄

မေးခွန်း– ယေဟောဝါက ဧလိရှဲနဲ့ သူ့နောက်လိုက်ကို ဘယ်လို ကာကွယ်ပေးခဲ့သလဲ။ အခုအချိန်မှာရော ယေဟောဝါ ကာကွယ်ပေးနိုင်တယ်လို့ ထင်လား။

၂ ဘုရင်များ ၆:၈-၂၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ