ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅၃ စာ. ၁၂၈
  • ယောယဒရဲ့ ရဲစွမ်းသတ္တိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောယဒရဲ့ ရဲစွမ်းသတ္တိ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှက မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ယေဟောဝါကို စွန့်ခွာခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါကို ဘာကြောင့် ကြောက်ရွံ့သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သတ္တိရှိရှိလုပ်ဆောင်သူတွေကို ယေဟောဝါ ဆုချ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ရည်မှန်းချက်ကြီး၊ ဆိုးညစ်တဲ့ အမျိုးသမီး ပြစ်ဒဏ်မှ မလွတ်ကင်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅၃ စာ. ၁၂၈
ပုရောဟိတ်မင်း ယောယဒဟာ လူတွေကို ဘုရင်လေး ယောရှနဲ့ မိတ်ဆက်ပေးနေ

သင်ခန်းစာ ၅၃

ယောယဒရဲ့ ရဲစွမ်းသတ္တိ

ယေဇဗေလမှာ အာသလိလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်။ သူလည်း သူ့အမေလိုပဲ ဆိုးတယ်။ အာသလိရဲ့ခင်ပွန်းဟာ ယုဒဘုရင်ဖြစ်တယ်။ ခင်ပွန်းဆုံးသွားတော့ သားက နန်းတက်တယ်။ သားလည်း ဆုံးသွားတဲ့အခါ အာသလိကိုယ်တိုင် ယုဒပြည်ကို အုပ်ချုပ်ခဲ့တယ်။ မြေးအရင်းတွေအပါအဝင် ဘုရင်ဖြစ်လာမယ့် ဘယ်သူ့ကိုမဆို သတ်ပစ်ပြီး မင်းမျိုးဆက်တစ်ခုလုံးကို ဖယ်ရှားဖို့ သူကြိုးစားတယ်။ လူတိုင်းက သူ့ကို ကြောက်ကြတယ်။

ပုရောဟိတ်မင်း ယောယဒနဲ့ ဇနီးဖြစ်သူ ယောရှေဘဟာ အာသလိ လုပ်နေတာ မကောင်းမှန်း သိကြတယ်။ အာသလိရဲ့ မြေးတစ်ယောက်ဖြစ်တဲ့ ယောရှလေးကို ဝှက်ထားကြလို့ သူတို့မှာ အသက်အန္တရာယ်ရှိတယ်။ သူတို့ဟာ ကလေးလေးကို ဗိမာန်တော်မှာ စောင့်ရှောက်ထားတယ်။

ယောရှ ခုနစ်နှစ်အရွယ်မှာ ယောယဒဟာ အကြီးအကဲတွေနဲ့ လေဝိသားတွေအားလုံးကို စုဝေးစေပြီး ‘အိမ်တော်တံခါးတွေကို စောင့်ကြည့်ထား၊ ဘယ်သူမှ မဝင်လာစေနဲ့’ လို့ မှာတယ်။ ပြီးတော့ ယောရှကို ယုဒပြည်ရဲ့ ဘုရင်အဖြစ် ခန့်အပ်ပြီး သရဖူဆောင်းပေးလိုက်တယ်။ ဒီနောက် ယုဒပြည်သားတွေက ‘မင်းကြီး အသက်တော်ရှည်ပါစေ’ လို့ ကောင်းချီးဩဘာ ပေးကြတယ်။

အော်ဟစ်နေတဲ့ မိဖုရား အာသလိ

လူအုပ်ရဲ့ အော်သံကို မိဖုရားအာသလိကြားတဲ့အခါ ဗိမာန်တော်ထဲ အတင်းပြေးဝင်လာတယ်။ ဘုရင်အသစ်ကို တွေ့တဲ့အခါ ‘ဒါ ပုန်ကန်မှုပဲ၊ ပုန်ကန်နေကြတာပဲ’ လို့ အော်ဟစ်ပါလေရော။ အကြီးအကဲတွေဟာ မိဖုရားဆိုးကို ဆွဲထုတ်ခေါ်သွားပြီး သတ်ပစ်လိုက်ကြတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ သူလုပ်ခဲ့တဲ့ မကောင်းတာတွေကို ဘယ်လိုလုပ်မလဲ။

ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုမယ်လို့ ကတိသစ္စာပြုဖို့ တိုင်းသူပြည်သားတွေကို ယောယဒ ကူညီပေးခဲ့တယ်။ ဗာလဘုရားကျောင်းကို ဖြိုဖျက်ပြီး ရုပ်တုတွေကိုလည်း ချိုးဖဲ့ဖျက်ဆီးပစ်လိုက်တယ်။ ပုရောဟိတ်တွေနဲ့ လေဝိသားတွေကို ဗိမာန်တော်မှာ တာဝန်ပေးလိုက်တော့ လူတွေဟာ အိမ်တော်မှာ ပြန်ပြီး ဝတ်ပြုကိုးကွယ်နိုင်ကြတယ်။ အိမ်တော်ကို စောင့်ကြပ်ဖို့ တံခါးစောင့်တွေကို တာဝန်ပေးလိုက်တဲ့အတွက် မသန့်ရှင်းသူတွေ ဝင်လို့မရတော့ဘူး။ အဲဒီနောက် ယောယဒနဲ့ အကြီးအကဲတွေဟာ ယောရှကို နန်းတော်ဆီ ခေါ်လာပြီး ရာဇပလ္လင်ပေါ် ထိုင်ခိုင်းတယ်။ ယုဒပြည်သားတွေလည်း ပျော်ရွှင်ကြတယ်။ အခုတော့ ဆိုးညစ်တဲ့ အာသလိနဲ့ ဗာလဝတ်ပြုမှုကနေ ကင်းလွတ်ပြီး ယေဟောဝါကို ဝတ်ပြုနိုင်ကြပြီ။ ယောယဒ သတ္တိရှိလို့ လူအများကြီးကို ကူညီပေးနိုင်တာ။

“ကိုယ်ခန္ဓာကို သတ်နိုင်ပေမဲ့ အသက်ကို မဖျက်ဆီးနိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။ ကိုယ်ခန္ဓာရော အသက်ကိုပါ ဂေဟင်နာ အရပ်မှာ ဖျက်ဆီးနိုင်တဲ့အရှင်ကိုပဲ ကြောက်ကြပါ။”—မဿဲ ၁၀:၂၈

မေးခွန်း– ယောယဒဟာ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လိုပြခဲ့သလဲ။ ရဲစွမ်းသတ္တိရှိအောင် ယေဟောဝါ ကူညီပေးနိုင်တယ်လို့ ထင်သလား။

၂ ဘုရင်များ ၁၁:၁–၁၂:၁၂။ ၂ ရာဇဝင်ချုပ် ၂၁:၁-၆။ ၂၂:၁၀-၁၂။ ၂၃:၁–၂၄:၁၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ