ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅၅ စာ. ၁၃၂
  • ယေဟောဝါရဲ့ ကောင်းကင်တမန် ဟေဇကိကို ကာကွယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ ကောင်းကင်တမန် ဟေဇကိကို ကာကွယ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဘုရင်ဟေဇကိကို ဘုရားသခင်မစခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သိုးထိန်းခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်က ယနေ့ ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဤလောကမှ အကူအညီ မရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅၅ စာ. ၁၃၂
အဆီးရီးယားစစ်တပ်ကို သုတ်သင်နေတဲ့ ကောင်းကင်တမန်တစ်ပါး

သင်ခန်းစာ ၅၅

ယေဟောဝါရဲ့ ကောင်းကင်တမန် ဟေဇကိကို ကာကွယ်

အဆီးရီးယားအင်ပါယာဟာ အစ္စရေးဆယ်နွယ်နိုင်ငံကို သိမ်းပိုက်ထားတယ်။ အခု အဆီးရီးယားဘုရင် သနာခရိပ်ဟာ နှစ်နွယ်နိုင်ငံဖြစ်တဲ့ ယုဒပြည်ကိုလည်း လိုချင်နေတယ်။ ယုဒမြို့တွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နေတယ်။ သူအလိုချင်ဆုံးမြို့ကတော့ ဂျေရုဆလင်မြို့ပဲ။ ယေဟောဝါဟာ ဂျေရုဆလင်မြို့ကို ကာကွယ်ပေးနေမှန်း သနာခရိပ် မသိဘူး။

ယုဒဘုရင် ဟေဇကိဟာ ဂျေရုဆလင်မြို့ အသိမ်းမခံရဖို့ ပိုက်ဆံအများကြီး ပေးထားတယ်။ သနာခရိပ်ဟာ ပိုက်ဆံတွေကိုလည်း ယူတဲ့အပြင် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ဖို့ အင်အားကြီးစစ်တပ်ကို စေလွှတ်လိုက်တယ်။ အဆီးရီးယားစစ်တပ် တဖြည်းဖြည်းနီးလာလို့ မြို့သားတွေ ကြောက်နေကြတယ်။ လူတွေကို ဟေဇကိက ‘မကြောက်ကြနဲ့။ အဆီးရီးယားတွေ အင်အားတောင့်ပေမဲ့ သူတို့ထက် အင်အားပိုကြီးအောင် ကျွန်တော်တို့ကို ယေဟောဝါ လုပ်ပေးလိမ့်မယ်’ လို့ ပြောတယ်။

သနာခရိပ်ဟာ ဂျေရုဆလင်မြို့သားတွေကို ကဲ့ရဲ့လှောင်ပြောင်ဖို့ သူ့တမန် ရာဗရှာခကို လွှတ်လိုက်တယ်။ ရာဗရှာခဟာ မြို့ပြင်မှာ ရပ်ပြီး အခုလို အော်ပြောတယ်– ‘ယေဟောဝါဟာ မင်းတို့ကို မကယ်နိုင်ပါဘူး။ ဟေဇကိ လှည့်စားတာကို မခံကြနဲ့။ ငါတို့လက်ထဲကနေ ကယ်တင်နိုင်တဲ့ ဘုရားမရှိဘူး။’

ဟေဇကိဟာ ဘာလုပ်ရမလဲလို့ ယေဟောဝါကို မေးမြန်းတဲ့အခါ ‘ရာဗရှာခရဲ့ စကားကြောင့် မကြောက်နဲ့။ ဂျေရုဆလင်မြို့ကို သနာခရိပ် သိမ်းပိုက်နိုင်မှာမဟုတ်ဘူး’ လို့ ပြန်ဖြေတယ်။ နောက်တော့ သနာခရိပ်ရဲ့ စာတွေကို ဟေဇကိ ရတယ်။ စာထဲမှာက ‘လက်နက်ချလိုက်ပါ။ မင်းတို့ကို ယေဟောဝါ ကယ်နိုင်မှာမဟုတ်ဘူး’ တဲ့။ ဟေဇကိလည်း ဒီလိုဆုတောင်းတယ်- ‘ယေဟောဝါဘုရား၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ။ ဒါမှ ကိုယ်တော်တစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရားဖြစ်မှန်း လူအားလုံး သိရပါလိမ့်မယ်။’ ယေဟောဝါက ‘အဆီးရီးယားဘုရင်ဟာ ဂျေရုဆလင်မြို့ထဲ ဝင်ရမှာမဟုတ်ဘူး။ ငါ့မြို့ကို ငါကာကွယ်မယ်’ လို့ ပြောတယ်။

ဂျေရုဆလင်မြို့ကို မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ သနာခရိပ် ထင်နေတယ်။ ဒါပေမဲ့ တစ်ည၊ မြို့ပြင်မှာ တပ်ချထားတဲ့ စစ်သားတွေဆီ ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါ စေလွှတ်လိုက်တယ်။ အဲဒီကောင်းကင်တမန်က စစ်သား ၁၈၅,၀၀၀ ကို သတ်ပစ်လိုက်တယ်။ ဘုရင်သနာခရိပ်ဟာ သူ့အင်အားကြီး စစ်သားတွေကို ဆုံးရှုံးလိုက်ရပြီ။ အရှုံးနဲ့ ပြန်လှည့်သွားရပြီ။ ယေဟောဝါဟာ ကတိအတိုင်း ဟေဇကိနဲ့ ဂျေရုဆလင်မြို့ကို ကာကွယ်ပေးခဲ့တယ်။ သင်လည်း ဂျေရုဆလင်မြို့မှာ ရှိနေမယ်ဆိုရင် ယေဟောဝါကို ယုံကြည်ကိုးစားမလား။

“ယေဟောဝါကို ကြောက်ရွံ့သူတွေရဲ့ ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေတယ်။ သူတို့ကို ကယ်တင်တယ်။” —ဆာလံ ၃၄:၇

မေးခွန်း– ဂျေရုဆလင်မြို့ကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးခဲ့သလဲ။ သင့်ကိုလည်း ယေဟောဝါ ကာကွယ်ပေးနိုင်သလား။

၂ ဘုရင်များ ၁၇:၁-၆။ ၁၈:၁၃-၃၇။ ၁၉:၁-၃၇။ ၂ ရာဇဝင်ချုပ် ၃၂:၁-၂၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ