ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၂ စာ. ၂၁၄-စာ. ၂၁၅ ပိုဒ်. ၁
  • တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂါလိလဲအိုင်ကမ်းစပ်မှာ ကိုယ်ယောင်ထင်ရှားပြ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဂါလိလဲပင်လယ်၌
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဂါလိလဲပင်လယ်၌
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူကိုဖမ်းသောတံငါများအဖြစ် ထမ်းဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၂ စာ. ၂၁၄-စာ. ၂၁၅ ပိုဒ်. ၁
ယေရှု ငါးကင်ထားပြီး တပည့်တွေနဲ့ စကားပြောနေ

သင်ခန်းစာ ၉၂

တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ

တမန်တော်တွေကို ယေရှု ကိုယ်ထင်ပြပြီးနောက်ပိုင်း ပေတရုဟာ ငါးဖမ်းဖို့ ဂါလိလဲအိုင်ကို သွားတယ်။ သောမ၊ ယာကုပ်၊ ယောဟန်နဲ့ တခြားတပည့်တွေလည်း ပါသွားတယ်။ တစ်ညလုံး ငါးဖမ်းကြပေမဲ့ တစ်ကောင်မှ မမိဘူး။

နောက်မနက်စောစော၊ ကမ်းပေါ်မှာ လူတစ်ယောက် ရပ်နေတာ သူတို့တွေ့လိုက်တယ်။ ‘ငါးမိလား’ လို့ သူ အော်မေးတော့ သူတို့က ‘မမိဘူး’ လို့ပြန်ဖြေတယ်။ ‘လှေရဲ့ညာဘက်မှာ ပိုက်ချလိုက်’ လို့ အဲဒီလူ ပြောတဲ့အတိုင်း ပိုက်ချတဲ့အခါ ငါးအများကြီးမိလို့ ပိုက်ကွန်ကို ပြန်မဆွဲတင်နိုင်ဘူး။ ဒီတော့မှ ယေရှုဖြစ်မှန်း ယောဟန် သိသွားပြီး ‘ဒါ သခင်ပဲ’ လို့ပြောတယ်။ ဒါနဲ့ ပေတရုက ရေထဲခုန်ချပြီး ရေကူးသွားတယ်။ တခြားတပည့်တွေကတော့ လှေနဲ့ လိုက်လာတယ်။

ကမ်းပေါ်ရောက်တဲ့အခါ မီးခဲပုံပေါ် ကင်ထားတဲ့ ငါးတွေနဲ့ မုန့်ကို တွေ့တယ်။ ဖမ်းလို့ရတဲ့ ငါးတချို့ ယူလာပါလို့ ယေရှုပြောပြီး ‘မနက်စာ လာစားကြ’ လို့ခေါ်တယ်။

ကမ်းပေါ်ရှိ ယေရှုဆီ ပေတရုရောက်လာပြီးနောက် တခြားတပည့်တွေက လှေနဲ့ လိုက်လာ

စားပြီးတဲ့အခါ ယေရှုက ပေတရုကို ‘ငါးဖမ်းတာထက် ကျွန်တော့်ကို ပိုချစ်သလား’ လို့မေးတော့ ပေတရုက ‘ကျွန်တော်ချစ်မှန်း သခင်သိပါတယ်’ လို့ပြန်ဖြေတယ်။ ယေရှုက ‘ဒါဆို၊ ကျွန်တော့်သိုးသငယ်တွေကို ကျွေးမွေးပါ’ လို့ပြောတယ်။ ‘ပေတရု၊ ကျွန်တော့်ကို ချစ်သလား’ လို့ ယေရှု မေးပြန်တယ်။ ပေတရုက ‘ကျွန်တော် ချစ်မှန်း သခင်သိပါတယ်’ လို့ဖြေတယ်။ ယေရှုက ‘ကျွန်တော့်သိုးကလေးတွေကို ထိန်းပါ’ လို့မှာတယ်။ တတိယအကြိမ် မေးတော့ ပေတရု ဝမ်းနည်းသွားပြီး ‘သခင်၊ သခင် အားလုံးသိတာပဲ။ သခင့်ကို ကျွန်တော်ချစ်မှန်းလည်း သိပါတယ်’ လို့ပြောတဲ့အခါ ယေရှုက “ကျွန်တော့်ရဲ့သိုးကလေးတွေကို ကျွေးမွေးပါ၊” “ကျွန်တော့်နောက် ဆက်ပြီးလိုက်ပါ” လို့ မှာတယ်။

“‘ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူဖမ်းတဲ့ တံငါသည်တွေ ဖြစ်စေမယ်’ လို့ပြောတယ်။ သူတို့လည်း ပိုက်ကွန်တွေကို ချက်ချင်းထားရစ်ပြီး ယေရှုနောက်ကို လိုက်ကြတယ်။”—မဿဲ ၄:၁၉၊ ၂၀

မေးခွန်း– ယေရှုဟာ တံငါသည်တွေရှေ့ ဘာအံ့ဖွယ်အမှု လုပ်ပြခဲ့သလဲ။ ‘ကျွန်တော့်ကိုချစ်သလား’ လို့ ပေတရုကို ယေရှု ဘာကြောင့် သုံးကြိမ်မေးတာလဲ။

ယောဟန် ၂၁:၁-၁၉၊ ၂၅။ တမန်တော် ၁:၁-၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ