ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၇ စာ. ၂၂၆-စာ. ၂၂၇ ပိုဒ်. ၂
  • ကော်နေလိ သန့်ရှင်းသောစွမ်းအားတော် ရရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကော်နေလိ သန့်ရှင်းသောစွမ်းအားတော် ရရှိ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေတရု ကော်နေလိဆီသွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “ဘုရားသခင် မျက်နှာမလိုက်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ဘုရားသခင် မျက်နှာမလိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါဘုရားသခင် ‘မျက်နှာမလိုက်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၇ စာ. ၂၂၆-စာ. ၂၂၇ ပိုဒ်. ၂
ပေတရုကို ကော်နေလိ ကြိုဆိုနေ

သင်ခန်းစာ ၉၇

ကော်နေလိ သန့်ရှင်းသောစွမ်းအားတော် ရရှိ

ကဲသရိမြို့မှာ အီတလီတပ်ရင်းထဲက တပ်စုမှူး ကော်နေလိဆိုသူ ရှိတယ်။ သူဟာ ဂျူးမဟုတ်ပေမဲ့ ဂျူးတွေက သူ့ကို လေးစားကြတယ်။ ဆင်းရဲသားတွေ၊ လိုအပ်နေသူတွေကို ရက်ရက်ရောရော ကူညီပေးလို့ပဲ။ ကော်နေလိဟာ ယေဟောဝါကို ယုံကြည်ပြီး အမြဲဆုတောင်းတယ်။ တစ်နေ့မှာ ကော်နေလိဆီ ကောင်းကင်တမန် ပေါ်လာပြီး ‘မင်းရဲ့ဆုတောင်းသံကို ဘုရားကြားတယ်။ အခုပဲ ယုပ္ပေမြို့ဆီ လူလွှတ်ပြီး ပေတရုကို ခေါ်ဖိတ်ပါ’ တဲ့။ ကော်နေလိက မိုင် ၃၀ ဝေးတဲ့ ယုပ္ပေမြို့ဆီ လူသုံးဦး ချက်ချင်း လွှတ်လိုက်တယ်။

အဲဒီအချိန်မှာပဲ ယုပ္ပေမြို့မှာရောက်နေတဲ့ ပေတရုဟာ စိတ်အာရုံတစ်ခုကို မြင်တယ်။ အဲဒီစိတ်အာရုံထဲမှာ ဂျူးတွေ မစားရတဲ့တိရစ္ဆာန်တွေကို စားဖို့ပြောတဲ့အသံကိုလည်း ကြားတယ်။ ပေတရုက ‘မစင်ကြယ်တဲ့ တိရစ္ဆာန်အသားတွေကို တစ်ခါမှ မစားဖူးဘူး’ လို့ ငြင်းတော့ အသံရှင်က ‘ဒီတိရစ္ဆာန်တွေကို မသန့်ရှင်းဘူးလို့ မပြောနဲ့။ ဘုရားသခင် စင်ကြယ်စေပြီးသားပဲ။ မင်းကို တွေ့ချင်တဲ့ လူသုံးယောက် ရောက်နေတယ်။ သူတို့နဲ့ လိုက်သွားပါ’ လို့ပြောတယ်။ ပေတရု ဆင်းသွားပြီး ဘာကိစ္စရှိလို့လဲလို့ မေးတော့ သူတို့က ‘အီတလီတပ်စုမှူး ကော်နေလိ ကျွန်တော်တို့ကို လွှတ်လိုက်တာ။ ကဲသရိမြို့က သူ့အိမ်ကို ခေါ်ဖိတ်ဖို့ လာတာပါ’ လို့ဖြေတယ်။ ပေတရုက သူတို့ကို ညအိပ်ခိုင်းတယ်။ နောက်နေ့မှာ ယုပ္ပေမြို့က ညီအစ်ကိုတချို့နဲ့ လာခေါ်တဲ့လူတွေနောက် ကဲသရိမြို့ကို လိုက်သွားတယ်။

ပေတရုကို ကော်နေလိတွေ့တဲ့အခါ ပျပ်ဝပ်တော့ ပေတရုက ‘ထပါ။ ကျွန်တော်လည်း လူပါပဲ။ ဂျူးတွေဟာ လူမျိုးခြားအိမ်ကို မသွားကြပေမဲ့ ဘုရားက ခင်ဗျားအိမ်ကို လာခိုင်းတယ်။ ကျွန်တော့်ကို ဘာအတွက် ဖိတ်ခေါ်တာလဲ၊ ပြောပြပါ’ လို့ မေးလိုက်တယ်။

ကော်နေလိက ပေတရုကို ဒီလိုပြောတယ်– ‘လွန်ခဲ့တဲ့လေးရက်တုန်းက ဆုတောင်းနေချိန်မှာ ကောင်းကင်တမန်တစ်ပါးက ခင်ဗျားကို ဖိတ်ခေါ်ခိုင်းတယ်။ ယေဟောဝါမိန့်မှာသမျှ သင်ပေးပါ။’ ပေတရုက ‘ဘုရားသခင် မျက်နှာမလိုက်မှန်း ကျွန်တော် သိသွားပြီ။ သူ့ကို ဝတ်ပြုချင်သူတိုင်းကို ကိုယ်တော် လက်ခံတယ်’ လို့ပြောပြီး ယေရှုအကြောင်း အများကြီး သင်ပေးတယ်။ အဲဒီနောက် ကော်နေလိနဲ့ ရှိနေကြသူအားလုံးအပေါ် သန့်ရှင်းသောစွမ်းအားတော် သက်ရောက်လာပြီး နှစ်ခြင်းခံကြတယ်။

“ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့နှစ်သက်လက်ခံမှုကို ရတာပဲ။”—တမန်တော် ၁၀:၃၅

မေးခွန်း– ပေတရုဟာ မစင်ကြယ်တဲ့ တိရစ္ဆာန်အသားကို ဘာလို့ မစားချင်တာလဲ။ ယေဟောဝါက ပေတရုကို လူမျိုးခြားအိမ် ဘာလို့ သွားခိုင်းသလဲ။

တမန်တော် ၁၀:၁-၄၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ