ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၈ စာ. ၂၂၈-စာ. ၂၂၉ ပိုဒ်. ၁
  • လူအမျိုးမျိုးဆီ ခရစ်ယာန်ဘာသာ ပျံ့နှံ့သွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူအမျိုးမျိုးဆီ ခရစ်ယာန်ဘာသာ ပျံ့နှံ့သွား
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်သာသနာပြုလုပ်ငန်းဆိုင်ရာမှုတ်သွင်းခံပုံနမူနာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါ၏လူမျိုးတော်—ယုံကြည်ခြင်း၌ခိုင်မြဲကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ‘ယေဟောဝါ ပေးတဲ့ အခွင့်အာဏာနဲ့ ရဲရဲရင့်ရင့် ဟောပြောကြ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၈ စာ. ၂၂၈-စာ. ၂၂၉ ပိုဒ်. ၁
တမန်တော်ပေါလုနဲ့ ဗာနဗဟာ ဆိုက်ပရပ်ကျွန်းက နယ်စားမင်း သေရဂိပေါလုကို ဟောပြောနေ

သင်ခန်းစာ ၉၈

လူအမျိုးမျိုးဆီ ခရစ်ယာန်ဘာသာ ပျံ့နှံ့သွား

မြေကြီးတစ်ခွင် သတင်းကောင်းဟောရမယ်ဆိုတဲ့ ယေရှုရဲ့အမိန့်ကို တမန်တော်တွေ နာခံခဲ့ကြတယ်။ အေဒီ ၄၇ မှာ အန္တိအုတ်မြို့က ညီအစ်ကိုတွေဟာ ဗာနဗနဲ့ ပေါလုကို လှည့်လည်ဟောဖို့ လွှတ်လိုက်တယ်။ ဒါနဲ့ ဒီဇွဲရှိသူနှစ်ယောက်ဟာ ဒေရဗေ၊ လုတ္တရနဲ့ အိကောနိမြို့ စတဲ့ အာရှမိုင်းနားက မြို့တွေကို သွားခဲ့တယ်။

ပေါလုနဲ့ ဗာနဗဟာ ဆင်းရဲချမ်းသာ၊ လူကြီးလူငယ်မရွေး အားလုံးကို ဟောတယ်။ ခရစ်တော်နဲ့ဆိုင်တဲ့ အမှန်တရားကို လူအတော်များများ လက်ခံကြတယ်။ ဆိုက်ပရပ်ကျွန်းက နယ်စားမင်း သေရဂိပေါလုကို ဟောတဲ့အခါ မှော်ဆရာတစ်ယောက်က မဟောဖို့ တားဆီးခဲ့တယ်။ ဒါနဲ့ မှော်ဆရာကို ပေါလုက ‘ယေဟောဝါ မင်းကို ဒဏ်ခတ်မယ်’ လို့ပြောတာနဲ့ မှော်ဆရာ မျက်စိကန်းသွားတယ်။ ဒါကို နယ်စားမင်းတွေ့ပြီး ယုံကြည်သူ ဖြစ်လာတယ်။

ပေါလုနဲ့ ဗာနဗဟာ တစ်အိမ်မှတစ်အိမ်၊ စျေး၊ လမ်းပေါ်၊ တရားဇရပ်ပါမကျန် နေရာတကာမှာ ဟောတယ်။ လုတ္တရမြို့မှာ ခြေမသန်သူတစ်ယောက်ကို လမ်းလျှောက်နိုင်အောင် လုပ်ပေးလိုက်တော့ မြင်တဲ့သူတွေက သူတို့ကို ဘုရားတွေလို့မှတ်ပြီး ပူဇော်ပသဖို့ ကြိုးစားတယ်။ အဲဒီအခါ ပေါလုနဲ့ ဗာနဗက ‘ဘုရားကိုပဲ ကိုးကွယ်ပါ။ ကျွန်တော်တို့ဟာ လူပါပဲ’ ဆိုပြီး တားလိုက်တယ်။ ဒါပေမဲ့ ဂျူးတချို့ရောက်လာပြီး လူအုပ်ကို သွေးထိုးတဲ့အခါ ပေါလုကို ကျောက်ခဲနဲ့ ပေါက်ပါလေရော။ သူ့ကိုသေပြီထင်လို့ မြို့ပြင်ဆွဲထုတ်သွားပြီး ပစ်ထားခဲ့တယ်။ တကယ်တော့ ပေါလု မသေဘူး။ ညီအစ်ကိုတွေရောက်လာပြီး သူ့ကို မြို့ထဲပြန်ခေါ်သွားတယ်။ အဲဒီနောက် အန္တိအုတ်မြို့ကို ပေါလုပြန်သွားတယ်။

အေဒီ ၄၉ မှာ ပေါလုဟာ နောက်တစ်ကြိမ် ခရီးလှည့်လည်တယ်။ အာရှမိုင်းနားက ညီအစ်ကိုတွေဆီ ပြန်သွားပြီးနောက် သတင်းကောင်းကို ဥရောပတိုက်အထိ သွားဟောတယ်။ အေသင်၊ ဧဖက်၊ ဖိလိပ္ပိ၊ သက်သာလောနိတ်မြို့တွေနဲ့ တခြားနေရာတွေကိုလည်း သွားသေးတယ်။ ပေါလုနဲ့အတူ သိလ၊ လုကာနဲ့ လူငယ်တိမောသေ လိုက်ပါသွားတယ်။ သူတို့က အသင်းတော်တွေ ဖွဲ့စည်းပြီး ခိုင်ခံ့မြဲမြံတဲ့အထိ ကူညီပေးကြတယ်။ ပေါလုက ကောရိန္သုမြို့မှာ တစ်နှစ်ခွဲနေပြီး ညီအစ်ကိုတွေ ယုံကြည်ခြင်းခိုင်ခံ့လာအောင် ကူညီပေးတယ်။ ဟောပြောသွန်သင်ခြင်း အလုပ်အပြင် အသင်းတော်တွေဆီ စာတွေ ရေးတယ်။ တဲရှင်ချုပ်တဲ့ အလုပ်ကိုလည်း လုပ်တယ်။ အတော်ကြာမှ အန္တိအုတ်မြို့ကို ပေါလု ပြန်သွားတယ်။

တမန်တော်ပေါလု စျေးထဲမှာ ဟောပြောနေ

အေဒီ ၅၂ မှာ ပေါလုဟာ တတိယခရီးစဉ်ကို အာရှမိုင်းနားပြည်ကနေ စတယ်။ ဒီတစ်ခေါက် မြောက်ဘက် ဖိလိပ္ပိမြို့ကနေ တောင်ဘက် ကောရိန္သုမြို့အထိ သွားတယ်။ ဧဖက်မြို့မှာ နှစ်နှစ်၊ သုံးနှစ်နေပြီး ဟောပြောသွန်သင်၊ ရောဂါတွေကုပြီး အသင်းတော်ကို ကူညီပေးတယ်။ ကျောင်းခန်းမတစ်ခုမှာ ဟောပြောချက်တွေ နေ့တိုင်းပေးတယ်။ လူအတော်များများ နားထောင်ပြီး သူတို့အသက်တာကို ပြောင်းလဲခဲ့ကြတယ်။ ပေါလုဟာ ဒေသအတော်များများမှာ သတင်းကောင်းဟောပြီးတော့ နောက်ဆုံး ဂျေရုဆလင်မြို့ကို ပြန်သွားတယ်။

“ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။” —မဿဲ ၂၈:၁၉

မေးခွန်း– ကျမ်းစာရဲ့ နောက်ဆက်တွဲ ခ၁၃ မှာပါတဲ့ မြေပုံကို သုံးပြီး ပေါလုရဲ့ခရီးစဉ်ကို လိုက်ကြည့်နိုင်မလား။

တမန်တော် ၁၃:၁–၂၃:၃၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ