ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁၀၁ စာ. ၂၃၄-စာ. ၂၃၅ ပိုဒ်. ၄
  • ရောမမြို့ကို ပေါလု အပို့ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောမမြို့ကို ပေါလု အပို့ခံရ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • “ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာ ကြေညာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “စေ့စေ့စပ်စပ် သက်သေခံတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁၀၁ စာ. ၂၃၄-စာ. ၂၃၅ ပိုဒ်. ၄
မော်လတာကျွန်း ကမ်းခြေနားမှာ သင်္ဘောပျက်သွားတဲ့အခါ ပေါလုနဲ့ တခြားသူတွေက သင်္ဘောအပိုင်းအစတွေကို ခိုပြီး ကူးသွား

သင်ခန်းစာ ၁၀၁

ရောမမြို့ကို ပေါလု အပို့ခံရ

ပေါလုရဲ့ တတိယ သာသနာပြု ခရီးစဉ်ဟာ ဂျေရုဆလင်မြို့မှာ ပြီးသွားတယ်။ အဲဒီမှာ သူ အဖမ်းခံရပြီး ထောင်ကျတယ်။ တစ်ညတော့ ယေရှုက ‘ရောမမြို့မှာလည်း မင်း သွားဟောရလိမ့်မယ်’ လို့ စိတ်အာရုံထဲမှာ ပြောတယ်။ ပေါလုဟာ ဂျေရုဆလင်မြို့ကနေ ကဲသရိမြို့ကို ရောက်လာပြီး အဲဒီမှာ နှစ်နှစ်ထောင်ကျတယ်။ ဘုရင်ခံဖေတ္တုရှေ့ ရုံးတင်စစ်ဆေးခံရတဲ့အခါ ပေါလုက ‘ရောမမြို့က ဆီဇာဆီမှာ ကျွန်တော် အယူခံဝင်မယ်’ လို့ပြောလိုက်တယ်။ ဖေတ္တုက “ဆီဇာဆီမှာ အယူခံဝင်လိုက်ပြီဆိုတော့ ဆီဇာဆီကိုပဲ သွားရမယ်” လို့ပြောပြီး ရောမမြို့ကိုသွားမယ့် သင်္ဘောပေါ် ပေါလုကို တင်လိုက်တယ်။ သူနဲ့အတူ ညီအစ်ကို လုကာနဲ့ အာရိတ္တာခု လိုက်သွားတယ်။

ပင်လယ်ထဲမှာ ရက်အတော်ကြာ ပြင်းထန်တဲ့မုန်တိုင်းနဲ့ကြုံလို့ အားလုံးသေမယ် ထင်နေကြတာ။ ဒါပေမဲ့ ပေါလုက ‘မိတ်ဆွေတို့၊ ညတုန်းက အိပ်မက်မှာ ကောင်းကင်တမန်က “ပေါလု၊ မကြောက်နဲ့။ ရောမမြို့ကို မင်း ရောက်ရလိမ့်မယ်။ မင်းနဲ့အတူ ပါလာတဲ့လူအားလုံး မသေဘူး” လို့ပြောတယ်။ ဒါကြောင့် မိတ်ဆွေတို့၊ အားတင်းထားကြပါ။ ကျွန်တော်တို့ သေမှာမဟုတ်ဘူး။’

မုန်တိုင်းက ၁၄ ရက် ကြာတယ်။ နောက်ဆုံး ကုန်းမြေကို တွေ့လိုက်တယ်။ အဲဒါက မော်လတာကျွန်း ဖြစ်တယ်။ သင်္ဘောက သဲသောင်ကို တိုက်မိပြီး ပျက်စီးသွားတယ်။ သင်္ဘောပေါ်ကလူ ၂၇၆ ယောက်စလုံး မသေဘူး။ ရေကူးနိုင်တဲ့လူတွေ ကူးသွားတယ်။ တချို့က သင်္ဘောအပိုင်းအစတွေကို ခိုပြီး ကူးသွားတယ်။ မော်လတာကျွန်းသားတွေက သူတို့နွေးသွားအောင် မီးဖိုပေးပြီး သူတို့ကို ကြိုဆိုဧည့်ခံကြတယ်။

သုံးလကြာတော့ စစ်သားတွေက တခြားသင်္ဘောနဲ့ ပေါလုကို ရောမမြို့ဆီ ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ ညီအစ်ကိုတွေ လာကြိုကြတယ်။ သူတို့ကိုလည်း ပေါလုတွေ့ရော ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာတယ်။ ပေါလုဟာ အကျဉ်းသားဖြစ်နေပေမဲ့ အိမ်ငှားပြီး အစောင့်စစ်သားတစ်ယောက်နဲ့ နှစ်နှစ်လုံးလုံး နေခွင့်ရတယ်။ သူ့ဆီ လာသမျှလူတွေကို ကြိုဆိုလက်ခံပြီး နိုင်ငံတော်အကြောင်း၊ ယေရှုအကြောင်း ဟောပြောသွန်သင်ပေးတယ်။ အာရှမိုင်းနားနဲ့ ယုဒပြည်က အသင်းတော်တွေဆီကိုလည်း စာရေးတယ်။ ယေဟောဝါက နေရာအနှံ့ သတင်းကောင်းပျံ့နှံ့သွားဖို့ ပေါလုကို အသုံးပြုခဲ့တယ်။

“ဘုရားသခင်ရဲ့ အမှုဆောင်သူတွေဖြစ်မှန်း ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ ဖော်ပြတယ်။ စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်တယ်။ ဆင်းရဲဒုက္ခတွေ၊ နွမ်းပါးမှုတွေ၊ အခက်အခဲတွေကို ခံရပ်တယ်။”—၂ ကောရိန္သု ၆:၄

မေးခွန်း– ဖေတ္တုက ပေါလုကို ဘာကြောင့် ရောမမြို့ဆီ ပို့လိုက်တာလဲ။ ရောမမြို့အသွားမှာ ပေါလု ဘာတွေ ကြုံခဲ့ရသလဲ။

တမန်တော် ၂၁:၃၀။ ၂၃:၁၁။ ၂၅:၈-၁၂။ ၂၇:၁–၂၈:၃၁။ ရောမ ၁၅:၂၅၊ ၂၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ