သီချင်း ၂၇
ဘုရားသားများ ပေါ်ထွန်းခြင်း
ပုံနှိပ်စာပေ
	- ၁။ ရွေးချယ်ခံ သစ္စာရှိသူတွေ - ပေါ်ထွန်းချိန် နီးနေပြီ။ - ကောင်းကင်မှာ ဝိညာဉ်သားများအဖြစ် - ခရစ်နဲ့အတူ အုပ်စိုးမှာ။ - (ထပ်ကျော့ပိုဒ်) - ဘုရားသားများ ပေါ်ထွန်းကြမှာ၊ - ခရစ်သခင်နဲ့အတူ။ - အောင်ပွဲခံမှာ သခင်နဲ့အတူ၊ - ဆုကျေးဇူးလည်း ဝေမျှ။ 
- ၂။ မကြာခင်မှာ ကျန်ကြွင်းသူတွေ - နောက်ဆုံးခေါ်သံ ကြားမှာ။ - ဘုရင်နဲ့ သခင်တို့အထွတ် - သူတို့အား စုသိမ်းမှာ။ - (ထပ်ကျော့ပိုဒ်) - ဘုရားသားများ ပေါ်ထွန်းကြမှာ၊ - ခရစ်သခင်နဲ့အတူ။ - အောင်ပွဲခံမှာ သခင်နဲ့အတူ၊ - ဆုကျေးဇူးလည်း ဝေမျှ။ - (ဆက်ဆိုရန်) - ခရစ်တော်နဲ့ ဘုရားသားများ - နောက်ဆုံးစစ် ဆင်နွှဲကြ။ - သိုးသငယ်ရဲ့ မင်္ဂလာပွဲ - ထာဝရ တည်တံ့မှာ။ - (ထပ်ကျော့ပိုဒ်) - ဘုရားသားများ ပေါ်ထွန်းကြမှာ၊ - ခရစ်သခင်နဲ့အတူ။ - အောင်ပွဲခံမှာ သခင်နဲ့အတူ၊ - ဆုကျေးဇူးလည်း ဝေမျှ။ 
(ဒံ. ၂:၃၄၊ ၃၅။ ၁ ကော. ၁၅:၅၁၊ ၅၂။ ၁ သက်. ၄:၁၅-၁၇ တို့ကိုလည်း ကြည့်ပါ။)