စကားစမြည် စပြောခြင်း
သင်ခန်းစာ ၆
သတ္တိရှိပါ
ကျမ်းစာမူ။ “ဘုရားသခင့်အကူအညီနဲ့ သတ္တိမွေးပြီး ခင်ဗျားတို့ကို သတင်းကောင်း ဟောပြောခဲ့တယ်။”—၁ သက်. ၂:၂။
ယေရှု ဘာလုပ်သလဲ
၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် လုကာ ၁၉:၁-၇ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–
က။ ဇက်ခဲကို လူတချို့ ဘာကြောင့် ရှောင်တာ ဖြစ်မလဲ။
ခ။ ဇက်ခဲကို သတင်းကောင်း ပြောပြဖို့ ယေရှုကို ဘာက လှုံ့ဆော်ပေးသလဲ။
ယေရှုဆီကနေ ဘာသင်ယူရသလဲ
၂။ လူမရွေးဘဲ သတင်းကောင်း ပြောပြဖို့ သတ္တိ လိုတယ်။
ယေရှုကို အတုယူပါ
၃။ ယေဟောဝါကို အားကိုးပါ။ သတ္တိရှိရှိ ဟောရဲဖို့ စွမ်းအားတော်ကတစ်ဆင့် ယေရှုကို ယေဟောဝါ ကူညီတယ်။ သင့်ကိုလည်း ကူညီနိုင်တယ်။ (မ. ၁၀:၁၉၊ ၂၀။ လု. ၄:၁၈) ကိုယ် ရှိန်နေနိုင်တဲ့ လူတွေကို ဟောရဲဖို့ ယေဟောဝါဆီကနေ သတ္တိ တောင်းပါ။—တ. ၄:၂၉။
၄။ ဝေဖန်မစောပါနဲ့။ လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်၊ အလုပ်အကိုင်၊ စီးပွားရေး အဆင့်အတန်း၊ ဘဝပုံစံ၊ ဘာသာရေး ယုံကြည်ချက်ကြောင့် ကျွန်တော်တို့ စကား သွားမပြောချင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သတိရပါ–
က။ အတွင်းစိတ်ကို ယေဟောဝါနဲ့ ယေရှု မြင်နိုင်တယ်။ ကျွန်တော်တို့ မမြင်နိုင်ဘူး။
ခ။ ယေဟောဝါရဲ့ ကရုဏာနဲ့ မထိုက်တန်သူဆိုတာ မရှိဘူး။
၅။ သတ္တိရှိပါ။ ဒါပေမဲ့ သတိလည်း ရှိပါ။ ပါးနပ်ပါ။ (မ. ၁၀:၁၆) အငြင်းအခုံ မလုပ်ပါနဲ့။ တစ်ဖက်လူ သတင်းကောင်း နားမထောင်ချင်ဘူး၊ ကိုယ့်အတွက် အခြေအနေ မဟန်ဘူးဆိုရင် ယဉ်ယဉ်ကျေးကျေး စကားစဖြတ်ပါ။—ပညာ. ၁၇:၁၄။