ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၈
  • စိတ်ရှည်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ရှည်ပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဘာလုပ်သလဲ
  • ယေရှုဆီကနေ ဘာသင်ယူရသလဲ
  • ယေရှုကို အတုယူပါ
  • ဆက်ပြီး စိတ်ရှည်ကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—သွန်သင်ခြင်းမှာ ဗီဒီယိုတွေကို အသုံးပြုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ယေရှုရဲ့ အသက်ပေးစွန့်လွှတ်မှုကနေ အကျိုးရနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • တခြားသူတွေကို စိတ်ဝင်စားပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၈

ပြန်လည်ပတ်ခြင်း

လက်သမားအလုပ် လုပ်တဲ့ နေရာမှာ ညီယာကုပ်ကို ယေရှု သွားတွေ့။ ယေရှုကို တွေ့လိုက်ရလို့ ယာကုပ် အံ့ဩနေ။

ယော. ၇:၃-၅။ ၁ ကော. ၁၅:၃၊ ၄၊ ၇

သင်ခန်းစာ ၈

စိတ်ရှည်ပါ

ကျမ်းစာမူ။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။”—၁ ကော. ၁၃:၄။

ယေရှု ဘာလုပ်သလဲ

လက်သမားအလုပ် လုပ်တဲ့ နေရာမှာ ညီယာကုပ်ကို ယေရှု သွားတွေ့။ ယေရှုကို တွေ့လိုက်ရလို့ ယာကုပ် အံ့ဩနေ။

ဗီဒီယို။ ညီဖြစ်သူကို ယေရှု စိတ်ရှည်ရှည် ကူညီ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၇:၃-၅။ ၁ ကောရိန္သု ၁၅:၃၊ ၄၊ ၇ တို့ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ ယေရှု ဟောတဲ့ သတင်းတရားကို ညီတွေ စစချင်း ဘယ်လို တုံ့ပြန်ကြသလဲ။

  2. ခ။ ညီ ယာကုပ်ကို ယေရှု လက်မလျှော့ဘူးဆိုတာ ဘာက ဖော်ပြသလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ တချို့က သတင်းကောင်း လက်ခံဖို့ တခြားသူတွေထက် ပိုကြာတတ်လို့ ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုတယ်။

ယေရှုကို အတုယူပါ

၃။ နည်းလမ်း ပြောင်းသုံးကြည့်ပါ။ ကျမ်းစာ သင်အံမှု ချက်ချင်း လက်မခံရင် ဖိအားမပေးပါနဲ့။ ကျမ်းစာ သင်အံမှုဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာအကျိုးရမလဲ သဘောပေါက်လာအောင် ကူညီပေးဖို့ အခါအခွင့် သင့်ရင် သင့်သလို ဗီဒီယိုတွေ၊ ဆောင်းပါးတွေ သုံးပါ။

၄။ မနှိုင်းယှဉ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ မိသားစုဝင်၊ ပြန်လည်ပတ်မှုတစ်ယောက် ကျမ်းစာ လေ့လာဖို့၊ ကျမ်းစာ သွန်သင်ချက်တစ်ခုခု လက်ခံဖို့ ချီတုံချတုံ ဖြစ်နေတယ်ဆိုရင် အကြောင်းရင်း ဘာဖြစ်မလဲ စဉ်းစားပါ။ ဘာသာရေး ယုံကြည်ချက်တစ်ခုခုကို စိတ်မပြတ်နိုင်လို့ များလား။ ဆွေမျိုး၊ အိမ်နီးနားချင်းတွေ ဖိအားပေးတာ ခံနေရလို့လား။ သင် ပြောပြထားတာတွေကို စဉ်းစားဖို့၊ ကျမ်းစာ သွန်သင်ချက်ရဲ့ တန်ဖိုးကို သဘောပေါက်လာဖို့ သူ့ကို အချိန်ပေးပါ။

၅။ စိတ်ဝင်စားသူအတွက် ဆုတောင်းပေးပါ။ သင် အကောင်းမြင်စိတ် ရှိဖို့၊ ပါးနပ်ဖို့ ယေဟောဝါဘုရားဆီ အကူအညီ တောင်းပါ။ သိပ်စိတ်မဝင်စားသူကို ဘယ်အချိန် အဆက်ဖြတ်ရမယ်ဆိုတာ သိဖို့လည်း ဆုတောင်းပါ။—၁ ကော. ၉:၂၆။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

မာ. ၄:၂၆-၂၈။ ၁ ကော. ၃:၅-၉။ ၂ ပေ. ၃:၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ