ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁၅ စာ. ၁၆-၁၇
  • ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဗိမာန်တော်ကို ထပ်မံရှင်းလင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “အချိန်ရောက်လာပြီ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • လူတိုင်း မိမိသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁၅ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း

ယေရှုနှင့်တပည့်တော်များသည် ယေရိခေါမြို့မှပြန်လာ၍ ဗေသနိရွာတွင်တည်းခိုရာ တတိယညပင်ရှိလေပြီ။ ယနေ့ နိသန်လ ၁၀ ရက်၊ တနင်္ဂနွေနေ့ နံနက်စောစောအချိန်တွင် ယေရုရှလင်မြို့သို့ သူတို့ဦးတည်နေကြပြီ။ ယေရှုသည် ဆာလောင်နေသည်။ ထိုကြောင့် သင်္ဘောသဖန်းပင်ကိုမြင်လေသော် သင်္ဘောသဖန်းသီးတွေ့လို၍ အနီးသို့ကြွတော်မူသည်။

ယခု မတ်လအကုန်ပိုင်းသာရှိသေး၍ သင်္ဘောသဖန်းသီး သီးရာသီမှာ ဇွန်လဖြစ်သော်လည်း အပင်၏အရွက်များသည် ဝေဆာနေခြင်းဖြစ်သည်။ သို့ရာတွင် အရွက်များစောစောထွက်နေသဖြင့် အသီးလည်းစောစောသီးနေမည်ဟု ယေရှုထင်မှတ်ခဲ့ပုံရှိသည်။ သို့သော် ကိုယ်တော်ထင်သည့်အတိုင်းမဟုတ်ပါ။ အရွက်များက အပင်ကို အထင်လွဲစေခဲ့သည်။ ထိုအခါ အပင်ကိုယေရှုဤသို့ကျိန်ဆိုလေသည်။ “ယခုမှစ၍ အစဉ်မပြတ်သင်၌ အသီးမသီးစေနှင့်။” ဤမဂ္ဂဇင်း၏နောက်လထုတ်စာစောင်တွင်ပါသည့် သင်္ဘောသဖန်းပင်ကို ယေရှုကျိန်ဆိုခြင်း၏အကျိုးရလဒ်ကိုသိလိုကြပေမည်။ ယင်း၏ပုံဆောင်ရာအနက်ဖွင့်ဆိုချက်ကိုလည်း သိလိုကြပေမည်။

ခရီးဆက်ကြရာ ယေရှုနှင့်တပည့်တော်များ ယေရုရှလင်မြို့သို့ရောက်သွားကြသည်။ လွန်ခဲ့သောနေ့၏ နေ့လည်ချိန်တွင် စစ်ဆေးပြီးခဲ့သည့် ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားတော်မူ၏။ သို့ရာတွင် စီအီး ၃၀ ခုနှစ်က ပသခါပွဲတက်ခဲ့ချိန်၊ လွန်ခဲ့သောသုံးနှစ်အချိန်ကကဲ့သို့ ကိုယ်တော်သည် အရေးယူဆောင်ရွက်တော်မူသည်။ ဗိမာန်တော်တွင် အရောင်းအဝယ်လုပ်နေသူများကို နှင်ထုတ်တော်မူ၍ ငွေလဲလှယ်သူများ၏စားပွဲ၊ ချိုးငှက်များရောင်းသူတို့၏ခုံများကို မှောက်လှန်ပစ်တော်မူ၏။ ဗိမာန်တော်တွင် အသုံးအဆောင်ပစ္စည်းများထမ်း၍ ဖြတ်သန်းသွားလာသူတို့ကိုလည်း ဆီးတားတော်မူ၏။

ဗိမာန်တော်တွင်း ငွေလဲလှယ်သူများနှင့် တိရစ္ဆာန်များရောင်းသူများကို ဤသို့ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။ “‘ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့’ ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကား။” လူတို့သည်ယဇ်ပူဇော်ရန်အတွက် တိရစ္ဆာန်များကို သူတို့ထံမှမဝယ်လျှင်မဖြစ်သောကြောင့် အဆမတန်ဈေးနှုန်းများတောင်းဆိုကြသဖြင့် သူတို့သည် ဓားပြများဖြစ်ကြသည်။ ထိုကြောင့် ဤစီးပွားရှာနည်းများကို ငွေညှစ်ခြင်း သို့မဟုတ် ဓားပြတိုက်ခြင်းကဲ့သို့ ယေရှုယူမှတ်တော်မူသည်။

ယေရှု၏လုပ်ရပ်ကို ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုများ နှင့် လူတို့တွင် အကြီးအကဲတို့ ကြားသိသောအခါ ကိုယ်တော်အား မည်ကဲ့သို့သတ်ပစ်နိုင်မည်ကို တစ်ဖန်ကြံရွယ်ကြလေသည်။ သို့ဖြင့် သူတို့သည် နောင်တယူပြောင်းလဲမည့်သူများမဖြစ်နိုင်ကြောင်း တင်ပြကြသည်။ သို့နှင့်ပင် လူအပေါင်းတို့က ကိုယ်တော်၏ဒေသနာကို စေ့စေ့နားထောင်ကြသောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ရကြ။

ဇာတိဂျူးများအပြင် တစ်ပါးအမျိုးသားတို့လည်း ပသခါပွဲတော်သို့ လာကြသည်။ ဤသူတို့သည် ဂျူးဘာသာဝင်များဖြစ်ကြသည်။ ဘာသာဝင်ဂရိအချို့တို့သည် ဖိလိပ္ပုထံသွား၍ ယေရှုကိုမြင်လိုကြောင်း ပြောဆိုသည်။ ဤသို့တွေ့ဆုံသင့်မသင့်သိလို၍ ဖိလိပ္ပုက အန္ဒြေကိုကြားပြောသည်။ ယေရှုမှာမူ ဗိမာန်တော်၌ပင်ရှိနေသေးသည်။ ထိုတွင် ဂရိအမျိုးသားတို့ ကိုယ်တော်ကိုတွေ့နိုင်ပေသည်။

အသက်ရှင်ရန် ရက်အနည်းငယ်သာကျန်ကြွင်းကြောင်း ယေရှုသိတော်မူ၍ အခြေအနေကို ဤသို့ဖေါ်ပြတော်မူသည်။ “လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတတ်၏။”

စပါးစေ့တစ်စေ့တည်းသည် တန်ဖိုးမရှိချေ။ သို့သော် ၄င်းကိုမြေထဲမြှုပ်နှံ၍ မျိုးစေ့အဖြစ်မှ အသွင်ပြောင်းကာ “ပျက်” သွားလျှင်ကော။ ထိုအခါ မျိုးစွဲကာအညှောက်ထိုးထွက်လာ၍ အပင်ပေါက်ပြီး၊ များစွာသောအသီးတို့ကို သီးလေသည်။ ထိုနည်းထပ်တူ ယေရှုသည် စုံလင်သောလူသားတစ်ဦးတည်းသာဖြစ်သည်။ သို့သော် ဘုရားသခင်ကိုသစ္စာရှိရှိ သေလွန်တော်မူလျှင် ကိုယ်တော်နည်းတူ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိ၊ သစ္စာသမာဓိစောင့်သိသူများ ထာဝရအသက်ရရာလမ်းကြောင်းဖြစ်လာတော်မူသည်။ သို့ဖြစ်၍ ယေရှုဤသို့မိန့်တော်မူသည်။ “မိမိအသက်ကိုနှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထာဝရအသက်ကိုစောင့်ရှောက်လျက်နေ၏။”

မိမိအကြောင်းသာ ယေရှုစဉ်းစားနေခြင်းမဟုတ်ကြောင်း ဤသို့ဆက်မိန့်တော်မူသည်။ “ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလတံ့။” ယေရှုနောက်တော်လိုက်ကာ ကိုယ်တော်၏အမှုကိုဆောင်ရွက်ပေးသည့်အတွက် ထူးမြတ်လှသော ဆုလာဘ်ပါတကား။ နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ အမွေခံစားရန် ခမည်းတော်၏ချီးမြှင့်ခြင်းကို ခံရခြင်းဆုကျေးဇူးပါတကား။

ကိုယ်တော်ကြုံရလုဆဲ ဆင်းရဲဒုက္ခနှင့် နာကျည်းဖွယ်သေခြင်းကိုတွေးမိလျက် ယေရှုဤသို့ဆက်မိန့်တော်မူသည်။ “ငါသည်ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ငါလျှောက်ရမည်နည်း။ ထိုအချိန်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါအဖဟုလျှောက်ရမည်။” ကိုယ်တော်ခံရလုဆဲဒုက္ခကိုသာ ရှောင်လွှဲနိုင်ခဲ့လျှင် မည်မျှကောင်းမည်ဖြစ်ခြင်း။ သို့သော် ထိုသို့မဖြစ်လေရာ။ ကိုယ်တော်က “အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ” ဟုမိန့်တော်မူသည်။ သူ့ကိုယ်ကို ယဇ်ပူဇော်သက္ကာအဖြစ်သေခြင်းအပါအဝင် ဘုရားသခင်၏အစီအစဉ်တစ်ခုလုံးကို ယေရှုသဘောတူညီ လက်ခံခဲ့သည်။ မဿဲ ၂၁:၁၂၊ ၁၃၊ ၁၈၊ ၁၉။ မာကု ၁၁:၁၂-၁၈။ လုကာ ၁၉:၄၅-၄၈။ ယောဟန် ၁၂:၂၀-၂၇။

◆ အချိန်အခါမဟုတ်ပဲ သင်္ဘောသဖန်းသီးများကို ယေရှုတွေ့ရှိမည်ဟု အဘယ်ကြောင့်မျှော်လင့်ခဲ့ရသနည်း။

◆ ဗိမာန်တော်တွင် အရောင်းအဝယ်လုပ်နေသူများကို “ဓားပြများ” ဟုယေရှုအဘယ်ကြောင့်ခေါ်ဝေါ်ခဲ့ရသနည်း။

◆ ပျက်သွားသောစပါးစေ့နှင့် ယေရှုအဘယ်နည်းဖြင့်တူညီသနည်း။

◆ ကိုယ်တော်ကြုံကြိုက်လုဆဲ ဆင်းရဲဒုက္ခနှင့်သေခြင်းကို ယေရှုမည်သို့သဘောထားသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ