ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁၅ စာ. ၂၈-၂၉
  • အဘယ်ကြောင့်ခရစ်ယာန်ဝတ်ပြုရေးသည် ကြီးမြတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်ကြောင့်ခရစ်ယာန်ဝတ်ပြုရေးသည် ကြီးမြတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်သည်ကောင်းကင်တမန်များနှင့် မောရှေထက်သာလွန်ကြီးမြတ်
  • ခရစ်ယာန်များဘုရားရှင်၏ငြိမ်ဝပ်ချမ်းသာထဲဝင်
  • သာ၍ကြီးမြတ်သောယဇ်ပုရောဟိတ်နှင့်ပဋိညာဉ်
  • ယုံကြည်ခြင်းသည်အရေးပါ
  • အခြားသိုးနှင့် ပဋိညာဉ်သစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပဋိညာဉ်သစ်အားဖြင့် သာ၍ကြီးမားသော ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • လူသားအားလုံးကို အကျိုးပြုမယ့် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁၅ စာ. ၂၈-၂၉

အဘယ်ကြောင့်ခရစ်ယာန်ဝတ်ပြုရေးသည် ကြီးမြတ်

ဟေဗြဲစာစောင်မှပေါ်လွင်ချက်များ

ယေဟောဝါဘုရားသခင်သည် မိမိသားတော်ယေရှုခရစ်ကို မြေကြီးပေါ်သို့စေလွှတ်စဉ် သာလွန်ကြီးမြတ်သောဝတ်ပြုရေးကို အစပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ ခရစ်ယာန်ဘာသာကိုတည်ထောင်သူယေရှုသည် ကောင်းကင်တမန်များနှင့် ပရောဖက်မောရှေထက် ကြီးမြတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်၏ယဇ်ပုရောဟိတ်လုပ်ငန်းသည် ရှေးဣသရေလတွင်ရှိ လေဝိများနှင့်နှိုင်းယှဉ်လျှင် ပို၍သာလွန်ကြီးမြတ်သည်။ ထို့ပြင်ယေရှု၏ပူဇော်သက္ကာသည် မောရှေပညတ်အောက်တွင် ပူဇော်သောတိရစ္ဆာန်များထက် လွန်စွာသာလွန်သည်။

ယင်းအချက်များကို ဟေဗြဲစာစောင်တွင် ရှင်းလင်းစွာဖော်ပြထားသည်။ ယင်းစာစောင်ကို ၆၁ စီအီးခန့်တွင်တမန်တော်ပေါလု ရေးသားခဲ့သည်မှာထင်ရှားပြီး ယုဒနယ်ရှိဟေဗြဲယုံကြည်သူများထံ ပို့ခဲ့သည်။ စောစောပိုင်းကတည်းမှ၊ ဂရိနှင့်အာရှခရစ်ယာန်များသည် ပေါလုရေးသားသည်ဟုခံယူခဲ့ပြီး၊ ယင်းကိုရေးသားသူ၏ ဟေဗြဲကျမ်းစောင်များကို အကျွမ်းဝင်နားလည်ပုံနှင့် တမန်တော်၏ရေးသားပုံဖြစ်သော ကျိုးကြောင်းဆင်ခြင်အသုံးပြုသွားပုံတို့က ထောက်ခံလျက်ရှိသည်။ သူ၏နာမည်ကိုချန်လှပ်ထားခြင်းသည် သူ့အပေါ်ရှိနေသောဂျူးဆိုင်ရာစိတ်စွန်းကွက်မှုနှင့် သူ့အား “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သောတမန်တော်” အဖြစ်သိထားကြသောကြောင့်ဖြစ်သည်။ (ရောမ ၁၁:၁၃) ယခုကျွန်ုပ်တို့သည် ပေါလု၏ဟေဗြဲစာစောင်တွင် ဖော်ပြထားသော ခရစ်ယာန်ဘာသာ၏သာ၍ကြီးမြတ်သော ကဏ္ဍများကိုအနီးကပ်ကြည့်ကြပါစို့။

ခရစ်တော်သည်ကောင်းကင်တမန်များနှင့် မောရှေထက်သာလွန်ကြီးမြတ်

ဦးစွာဘုရားသခင့်သားတော်၏ ကြီးမြတ်ပုံကိုဖော်ပြထားသည်။ (ဟေဗြဲ ၁:၁–၃:၆) ကောင်းကင်တမန်များသည် ကိုယ်တော်အားကိုင်းညွတ်ရိုသေမှုပြခဲ့ပြီး၊ ကိုယ်တော်၏ဘုရင်ဆိုင်ရာအုပ်ချုပ်မှုသည် ဘုရားရှင်အပေါ်တည်နေသည်။ ထို့ကြောင့်သားတော်ပြောသည့်စကားကို သာမန်ထက်ပို၍ဂရုမူသင့်သည်။ ထို့ပြင်လူသားယေရှုသည် ကောင်းကင်တမန်များထက်နိမ့်ခဲ့သော်လည်း သူတို့အထက်တွင်ချီးမြှောက်ခံရပြီး၊ လာမည့်လူနေထိုင်ရာမြေကြီးကို အုပ်ချုပ်ခွင့်ပေးထားသည်။

ယေရှုခရစ်သည်မောရှေထက်လည်းကြီးမြတ်သည်။ မည်သို့နည်းဖြင့်နည်း။ မောရှေသည်ဘုရားရှင်၏ဣသရေလအိမ်တော်တွင် အစေအပါးတစ်ဦးသာဖြစ်သည်။ သို့သော်လည်း၊ ယေဟောဝါသည်ယေရှုအား ထိုအိမ်တော်တစ်ခုလုံး သို့မဟုတ် ဘုရားလူမျိုးတော်၏အသင်းတော်အပေါ် ခန့်အပ်ခဲ့သည်။

ခရစ်ယာန်များဘုရားရှင်၏ငြိမ်ဝပ်ချမ်းသာထဲဝင်

တမန်တော်ကဆက်လက်၍ ဘုရားရှင်၏ငြိမ်ဝပ်ချမ်းသာထဲ ဝင်နိုင်ကြောင်းထောက်ပြသည်။ (၃:၇–၄:၁၃) အီဂျစ်အချုပ်အနှောင်မှ လွတ်မြောက်ခြင်းခံခဲ့ရသူများ ထိုတွင်မဝင်ခဲ့ရချေ။ သူတို့သည်နာခံမှုမရှိဘဲ ယုံကြည်ခြင်းမဲ့သောကြောင့်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့သည် ဘုရားရှင်၌ယုံကြည်ခြင်းတင်ပြပြီး၊ ခရစ်တော်ကိုနာခံလျက် လိုက်လျှောက်သွားလျှင် ထိုငြိမ်ဝပ်ချမ်းသာထဲ ဝင်နိုင်သည်။ ထိုအခါတွင်၊ ပတ်စဉ်ဥပုသ်ကိုစောင့်မည့်အစား ကိုယ်ကျိုးရှာလုပ်ငန်းဟူသမျှမှ အနားယူခဲ့ပြီဖြစ်၍ ကျွန်ုပ်တို့သည်နေ့စဉ် သာ၍ကြီးမြတ်သော ကောင်းချီးများခံစားရမည်။

ဘုရားရှင်၏ငြိမ်ဝပ်ရာထဲဝင်ခြင်းသည် “သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို. . . ထုတ်ချင်းခွင်း” သောကိုယ်တော့်နှုတ်ကပါဌ်တော်က ကတိပြုထားသောအရာဖြစ်သည်။ သွေးသားဆန္ဒများနှင့် စိတ်နေစိတ်ထားစပ်ကြားပိုင်းခြားရန် ယင်းသည်သဘောထားများကိုသိရှိရန် ထိုးဖောက်ခြင်းဖြင့်လုပ်ဆောင်သည်။ (ရောမ ၇:၂၅နှင့်နိုင်းယှဉ်) ကျွန်ုပ်တို့၏ “စိုးလ်” (ဝါ) လူတစ်ဦးအနေနှင့်အသက်တာသည် ဘုရားရေးရာ “စိတ်ဝိညာဉ်” (ဝါ) သဘောနှင့် ယှဉ်တွဲနေလျှင် ကျွန်ုပ်တို့သည်ဘုရားရှင်၏ ငြိမ်ဝပ်ရာထဲဝင်နိုင်ပေမည်။

သာ၍ကြီးမြတ်သောယဇ်ပုရောဟိတ်နှင့်ပဋိညာဉ်

ပေါလုကဆက်လက်၍ သာ၍ကြီးမြတ်သော ခရစ်တော်၏ယဇ်ပုရောဟိတ်လုပ်ငန်းနှင့် ပဋိညာဉ်သစ်အကြောင်း တင်ပြသည်။ (၄:၁၄–၁၀:၃၁) အပြစ်မဲ့ယေရှုခရစ်သည် အပြစ်သားများကို ကြင်နာသနားသည်။ အကြောင်းမှာ၊ ကျွန်ုပ်တို့ကဲ့သို့ကိုယ်တော်သည် အဘက်ဘက်တွင် စမ်းသပ်ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင်၊ ဘုရားရှင်သည်၊ ကိုယ်တော်အား “မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်” ခန့်အပ်ပြီးဖြစ်သည်။ လေဝိဆိုင်ရာယဇ်ပုရောဟိတ်ကြီးများနှင့်မတူဘဲ ယေရှုသည်ဖျက်ဆီး၍မရသော အသက်တာကိုပိုင်ဆိုင်ထားသောကြောင့် ကိုယ်တော်၏အသက်ကယ်လုပ်ငန်းတွင် နောက်ဆက်ခံမည့်သူမလိုချေ။ ကိုယ်တော်သည်တိရစ္ဆာန်ပူဇော်သက္ကာများ ပူဇော်ရန်မလိုအပ်ချေ။ အကြောင်းမှာ၊ ကိုယ်တော်သည် မိမိ၏သာ၍ကြီးမြတ်လှသော အပြစ်မဲ့ကိုယ်ခန္ဓာကိုပူဇော်ခဲ့ပြီး၊ မိမိ၏အသွေးတန်ဖိုးနှင့် ကောင်းကင်သို့ဝင်သွားခဲ့သောကြောင့်ဖြစ်သည်။

ယေရှု၏အသွေးနှင့်တရားဝင်သော ပဋိညာဉ်သစ်သည် ပညတ်ပဋိညာဉ်ထက် သာလွန်ကြီးမြတ်သည်။ ပဋိညာဉ်သစ်တွင်ပါဝင်သူများ၏နှလုံးတွင် ဘုရားသခင့်ပညတ်တော်များရှိပြီး၊ အပြစ်လွှတ်ခြင်းကိုခံစားရသည်။ (ယေရမိ ၃၁:၃၁-၃၄) ယင်းကိုကျေးဇူးတင်ခြင်းက သူတို့အားသူတို့၏မျှော်လင့်ခြင်းကို ကြေညာရန်နှင့်ယုံကြည်သူချင်းများနှင့် စုဝေးရန်လှုံ့ဆော်ပေးလေသည်။ သူတို့နှင့်မတူဘဲ စိတ်ပါကိုယ်လျောက်အပြစ်ကျူးလွန်သူများသည် အပြစ်အတွက်ပူဇော်သက္ကာမရှိတော့ချေ။

ယုံကြည်ခြင်းသည်အရေးပါ

သာ၍ကြီးမြတ်သော ပဋိညာဉ်သစ်မှအကျိုးရရှိနိုင်ရန် ကျွန်ုပ်တို့သည်ယုံကြည်ခြင်းလိုအပ်သည်။ (၁၀:၃၂–၁၂:၂၉) ယေဟောဝါကတိထားခဲ့ရာကို ကျွန်ုပ်တို့ရရှိနိုင်ရန် ခံနိုင်ရည်လည်းလိုအပ်သည်။ ခံနိုင်ရည်ရှိရန် အားပေးမှုအဖြစ် ကျွန်ုပ်တို့အားဝန်းရံနေသော ခရစ်ယာန်ခေတ်မတိုင်မီ ‘များစွာသော’ သက်သေများကျွန်ုပ်တို့တွင်ရှိသည်။ သို့သော်၊ ကျွန်ုပ်တို့သည်အထူးသဖြင့် ဒုက္ခခံရစဉ် ယေရှု၏အပြစ်မဲ့လမ်းစဉ်ကို အနီးကပ်စဉ်းစားသင့်သည်။ ကျွန်ုပ်တို့တွင်ကျရောက်သော ဘုရားရှင်ခွင့်ပြုသောမည်သည့်ဒုက္ခကိုမဆို ဖြောင့်မတ်သောငြိမ်သက်ခြင်းအသီးကို သီးစေမည့် ပဲ့ပြင်မှုသဘောရှုမြင်နိုင်သည်။ ယေဟောဝါ၏ကတိတော်များ ယုံကြည်စိတ်ချရခြင်းက ကိုယ်တော်အား “ဘုရားရေးရာကြောက်ရွံ့ရိုသေခြင်း” နှင့် သန့်ရှင်းမြင့်မြတ်စွာအမှုဆောင်ရန် ကျွန်ုပ်တို့၏ဆန္ဒကိုတိုးပွာ:စေသင့်သည်။

ပေါလုကတိုက်တွန်းချက်ဖြင့် နိဂုံးချုပ်ထားသည်။ (၁၃:၁-၂၅) ယုံကြည်ခြင်းသည်ကျွန်ုပ်တို့အား ညီအစ်ကိုချင်းမေတ္တာတင်ပြရန်၊ ဧည့်ဝတ်ပြုရန်၊ ဒုက္ခခံနေရသူ ယုံကြည်သူချင်းတို့အားသတိရရန်၊ အိမ်ထောင်ပြုခြင်းအမှုကို အသရေရှိစေရန်၊ ကိုယ်၌ရှိသမျှသောအရာနှင့်ရောင့်ရဲရန် လှုံ့ဆော်သင့်သည်။ ကျွန်ုပ်တို့သည် အသင်းတော်တွင်ဦးစီးနေသူများ၏ ယုံကြည်ခြင်းကိုတုပသင့်ပြီး၊ သူတို့ကိုနာခံသင့်သည်။ ထို့ပြင်၊ အယူဖောက်ပြန်ခြင်းကို ရှောင်ရှားသင့်ပြီး၊ ယေရှုခံခဲ့ရသော ကဲ့ရဲ့ခြင်းကိုခံကာ “ချီးမွမ်းခြင်းယဇ်ကို. . . ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြ” ကာကောင်းကျိုးကိုဆက်လက် လုပ်ဆောင်သွားကြရန်ဖြစ်သည်။ ယင်းအပြုအမူများသည်လည်း စစ်မှန်သောခရစ်ယာန်ဘာသာ၏ ကြီးမြတ်သောကဏ္ဍတွင်ပါဝင်သည်။

[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အမျိုးမျိုးသောနှစ်စရာ—ဣသရေလတဲတော်တွင် ဝတ်ပြုရေးကဏ္ဍများသည် “စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသောနှစ်စရာ (နှစ်ခြင်း၊ NW) ” များနှင့်ဖြစ်သည်။ (ဟေဗြဲ ၉:၉၊ ၁၀) ဤနှစ်ခြင်းများသည် မောရှေပညတ်ကတောင်းဆိုသော အထုံးအဖွဲ့ဆိုင်ရာ ဆေးကြောမှုများဖြစ်သည်။ မသန့်ရှင်းသွားသောအိုးခွက်များကို ဆေးကြောရပြီး၊ သန့်ရှင်းစေခြင်းတရားတွင် အဝတ်များလျော်ခြင်းနှင့်ရေချိုးခြင်းပါဝင်သည်။ (ဝတ်ပြုရာ ၁၁:၃၂။ ၁၄:၈၊ ၉။ ၁၅:၅) ယဇ်ပုရောဟိတ်များရေချိုးခြင်းနှင့် မီးရှို့ရာယဇ်နှင့်ပတ်သက်နေသော အရာများကိုရေတွင် ဆေးကြောရသည်။ (ထွက်မြောက်ရာ ၂၉:၄။ ၃၀:၁၇–၂၁။ ဝတ်ပြုရာ ၁:၁၃။ ၂ ရာဇဝင်ချုပ် ၄:၆) သို့သော် “နှစ်စရာအမျိုးမျိုး” တွင် မေရှိယရောက်ရှိချိန်တွင် အချို့ဂျူးများ ထုံးတမ်းအရပြုလုပ်လျက်ရှိသော ‘ခွက်များ၊ အိုးများနှင့် ကြေးအိုးများကိုရေနှစ်ခြင်း’ မပါဝင်ခဲ့ချေ။ ဟေဗြဲ ၉:၁၀ သည်နှစ်ခြင်းဆရာယောဟန်ပေးသော ရေနှစ်ခြင်း သို့မဟုတ် ခရစ်ယာန်များအဖြစ် ဘုရားထံဆက်ကပ်အပ်နှံခြင်းကိုပုံတင်ပြသော ရေနှစ်ခြင်းကိုလည်း မရည်ညွှန်းချေ။—မဿဲ ၂၈:၁၉၊ ၂၀။ မာကု ၇:၄။ လုကာ ၃:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ