ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၅/၁ စာ. ၁၀-၁၅
  • စင်ကြယ်သော ဘာသာစကားအားဖြင့် စည်းလုံးလာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စင်ကြယ်သော ဘာသာစကားအားဖြင့် စည်းလုံးလာခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့ဘုရား–ပေးဘာသာစကား
  • စင်ကြယ်သောဘာသာစကားကို ပိုင်းခြားဖော်ပြ
  • ယခုပင် စင်ကြယ်သောဘာသာစကားကို သင်ယူပါလေ
  • လူမျိုးအပေါင်းတို့အတွက် စင်ကြယ်သောဘာသာစကားတစ်မျိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စင်ကြယ်သောဘာသာစကားကိုပြောဆို၍ အစဉ်အသက်ရှင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “စင်ကြယ်သောဘာသာစကား” ကို ကျွမ်းကျင်စွာ သင်ပြောနေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “သန့်ရှင်းသောဘာသာစကား” ပြောခြင်း
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၅/၁ စာ. ၁၀-၁၅

စင်ကြယ်သော ဘာသာစကားအားဖြင့် စည်းလုံးလာခြင်း

“အကယ်စင်စစ်လူမျိုးအပေါင်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ] ၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း နာမတော်ကိုပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော [စင်ကြယ်သော၊ သမ္မာကျမ်း] ဘာသာစကားကို သူတို့အားငါပြန်ပေးမည်။”—ဇေဖနိ ၃:၉။ NW

၁။ လူတို့သည် ယေဟောဝါဘုရားစကားပြောသည်ကို ကြားဖူးပါသလော။

ယေဟောဝါဘုရားရှင်၏ ဘာသာစကားသည် စင်ကြယ်၏။ သို့သော်လူများသည် ကိုယ်တော်စကားပြောသည်ကို ကြားဖူးပါသလော။ ကြားဖူးသည်မဟုတ်ပေလော။ လွန်ခဲ့သည့် ၁၉ ရာစုကကိုယ်တော်၏သားတော်ယေရှုခရစ် မြေကြီးပေါ်တွင် ရှိစဉ်ဖြစ်ခဲ့သည်။ ယေရှုနှစ်ခြင်းခံခဲ့စဉ် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟုဘုရားရှင်မြွက်ဆိုသည်ကို ကြားခဲ့ရသည်။ (မဿဲ ၃:၁၃-၁၇) ယင်းသည်လူသားစကားဖြင့် ယေရှုနှင့်နှစ်ခြင်းဆရာယောဟန်ကြားခဲ့ရသော စင်ကြယ်သည့်အမှန်စကားဖြစ်သည်။

၂။ တမန်တော်ပေါလုက “ကောင်းကင်တမန်ဘာသာစကား” ဟုရည်ညွှန်းရာ၌ ဘာကိုတင်ပြသနည်း။

၂ နှစ်အတန်ကြာပြီးနောက် ခရစ်ယာန်တမန်တော်ပေါလုက “လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း” ဟုဆိုခဲ့သည်။ (၁ ကောရိန္သု ၁၃:၁) ယင်းကဘာကိုတင်ပြသနည်း။ ယင်းကလူသားများသာမဟုတ်ဘဲ နာမ်ဝိညာဉ်ပုဂ္ဂိုလ်များလည်း ဘာသာစကားရှိကြောင်း တင်ပြသည်မဟုတ်ပေလော။ ဘုရားရှင်နှင့်ကောင်းကင်တမန်တို့သည် တစ်ဦးနှင့်တစ်ဦး ကျွန်ုပ်တို့ကြားနိုင်လောက်အောင်၊ နားလည်နိုင်လောက်အောင် အသံနှင့်ဘာသာစကားဖြင့် ဆက်သွယ်ကြခြင်းတော့မဟုတ်ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ လူ့နားသည် ကြားသိ၊ နားလည်နိုင်ရန် စကားအသံလှိုင်းများကို ဆင့်ပွားစေနိုင်မည့် မြေကြီးကိုဝန်းရံထားသော လေထုမျိုး လိုအပ်သောကြောင့်ဖြစ်သည်။

၃။ လူ့ဘာသာစကား မည်သို့အစပြုခဲ့သနည်း။

၃ လူ့စကားသည် မည်သို့အစပြုလာသနည်း။ အချို့ကကျွန်ုပ်တို့၏ဘိုးဘေးတို့သည် တစ်ဦးနှင့်တစ်ဦးညည်းသံနှင့်ပြောလျက် ဆက်သွယ်ကြသည်ဟုဆိုသည်။ Evolution (သဘာဝဘဝစာကြည့်တိုက်) ကဆိုသည်။ “နှစ်ပေါင်းတစ်သန်းခန့်က လူဝံသည်. . . စကားသံအနည်းအကျဉ်းကို တတ်ကျွမ်းခဲ့ပုံရသည်။” ထင်ရှားသော ဘာသာခြားအဘိဓာန်ပြုစုသူ လုဒဝစ်ချ်ခိုလာက “လူ့စကားသည် လျှို့ဝှက်ရာဖြစ်သည်၊ ယင်းသည်ဘုရားပေးဆုကျေးဇူး၊ အံ့ဖွယ်တစ်ခုဖြစ်သည်” ဟုဆိုသည်။ မှန်သည်၊ ‘လူ့စကားသည် ဘုရားပေးဆုကျေးဇူးဖြစ်သည်။’ အကြောင်းမှာ၊ ဘုရားရှင်သည် ဦးဆုံးလူအာဒံကို စကားတစ်ခုပေးခဲ့သောကြောင့်ပင်။ ဟေဗြဲဟုခေါ်သော စကားဖြစ်ကြောင်းထင်ရှားသည်။ ယင်းစကားကို သင်္ဘောဆောက်ခဲ့သူနောဧ၏သား ရှေမမှဆင်းသက်သူ သစ္စာရှိဘိုးဘေး “ဟေဗြဲလူအာဗြံ” မှမွေးဖွားလာသူများဖြစ်သည့် ဣသရေလများပြောခဲ့သည်။ (ကမ္ဘာဦး ၁၁:၁၀-၂၆။ ၁၄:၁၃။ ၁၇:၃-၆) ရှေမအပေါ်ဘုရားသခင်၏ ပရောဖက်ပြုကောင်းချီးများကို ကြည့်ခြင်းဖြင့် ၄၃ ရာစုခန့်ကယေဟောဝါဘုရားရှင် အံ့ဖွယ်လုပ်ဆောင်ခဲ့သည့်အရာကြောင့် သူ့စကားသည်ထိခိုက်မှုမရှိခဲ့ဟုယူမှတ်လျှင် လျောက်ပတ်ပေသည်။—ကမ္ဘာဦး ၉:၂၆။

၄။ နိမ်ရောဒကားမည်သူနည်း။ သူအားစာတန်မာရ်နတ် မည်သို့အသုံးပြုခဲ့သနည်း။

၄ ထိုအချိန်တွင် ‘မြေကြီးသားအပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိကြသည်။’ (ကမ္ဘာဦး ၁၁:၁) ထိုအချိန်ကအသက်ရှင်နေသူသည် “ထာဝရဘုရား [ယေဟောဝါ၊ NW] ရှေ့မှာအားကြီးသောမုဆိုး” ဖြစ်သည့် နိမ်ရောဒဖြစ်သည်။ (ကမ္ဘာဦး ၁၀:၈၊ ၉) လူသားတို့၏ရန်သူချုပ်စာတန်မာရ်နတ်သည် သူ၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းကိုတည်ထောင်ရန် အထူးသဖြင့် နိမ်ရောဒကိုအသုံးပြုခဲ့သည်။ နိမ်ရောဒသည် ကျော်စောလိုသည်။ ကိုယ်ကိုအထင်ကြီးသောထိုစိတ်သည် သူ၏နောက်လိုက်များထံကူးစက်သွားကာ သူတို့သည်ရှိနာလွင်ပြင်၌ အထူးဆောက်လုပ်ရေးစီမံကိန်းတွင် ပါဝင်လာကြသည်။ ကမ္ဘာဦး အခန်းကြီး ၁၁၊ အငယ် ၄ တွင်သူတို့က “လာကြ။ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့” ဟုဆိုကြ၏။ ဘုရားရှင်၏ “မြေကြီးကိုပြည့်စေကြလော့” ဟူသည့်အမိန့်ကို ဆန့်ကျင်လုပ်ကိုင်မှုသည် ပုန်ကန်သူများ၏စကားကို ယေဟောဝါရှုပ်ထွေးစေသောအခါ ရပ်တန့်ခဲ့ရသည်။ သို့နှင့်ယေဟောဝါသည် “သူတို့ကိုမြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့် သူတို့သည်မြို့ကို မတည်ဘဲနေကြ၏။” (ကမ္ဘာဦး ၉:၁။ ၁၁:၂-၉) ထိုမြို့ကိုဗေဗယ်လ် (ဝါ) ဗာဗုလုန် (“ရှုပ်ထွေးခြင်း” ဟုဆိုလို) ဟုခေါ်၏။ အကြောင်းမှာယေဟောဝါသည် “မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး” စေသောကြောင့်ဖြစ်သည်။

၅။ (က)ဘုရားရှင်သည် လူ့ဘာသာစကားကို ရှုပ်ထွေးလိုက်သောအခါ ဘာကိုတားဆီးခဲ့သနည်း။ (ခ) နောဧနှင့်ရှေမ၏စကားနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဘာဆိုနိုင်သနည်း။

၅ ထိုအံ့ဖွယ်ဖြစ်သော လူ့စကားကိုရှုပ်ထွေးစေခြင်းသည် နောဧကိုဘုရားရှင်မိန့်တော်မူသည့်အတိုင်း ကမ္ဘာကြီးကိုပြည့်စေခဲ့သည်။ ယင်းသည်ကောင်းကင်၊ မြေကြီးအချုပ်အခြာရှင် တစ်ဖက်၌ပုန်ကန်သော လူသားများအားဖြင့် မိမိအားစည်းလုံးစွာ မသန့်ရှင်းသောဝတ်ပြုရေး တည်ထောင်ရန်ဖြစ်နိုင်သည့် စာတန်၏ကြံရွယ်ချက်အားလုံးကို ပိတ်ဆို့လိုက်သည်။ မှန်ပါသည်၊ မည်သို့ပုံစံနှင့်မဆို မှားယွင်းစွာကိုးကွယ်ခြင်းဖြင့် လူများသည်မာရ်နတ်၏ သားကောင်များဖြစ်ကြသည်။ (၁ ကောရိန္သု ၁၀:၂၀) သို့သော်ဗေဗယ်လ်တွင် တစ်ဆူတည်းသောမှန်သောဘုရား၏ အရေးယူမှုကြောင့် စာတန်တောင့်တခဲ့သော သူ့အားကိုးကွယ်သည့်စည်းလုံးသည့်ဘာသာ ဖြစ်ပေါ်လာမှုကို တားဆီးခဲ့သည်။ ဖြောင့်မတ်သောနောဧနှင့် သူ၏သားရှေမမူကား ရှိနာလွင်ပြင်ရှိ ထိုရုတ်တရက်ပြိုကွဲကြဲပြန့်မှုတွင် တစ်ခါမျှမပတ်သက်ခဲ့ချေ။ ထို့ကြောင့်သူတို့၏စကားသည် ဧဒင်ဥယျာဉ်တွင် အာဒံအားဘုရားရှင်ပြောဆိုခဲ့သောစကား၊ သစ္စာရှိအာဗြံ (သို့မဟုတ် အာဗြဟံ) ပြောခဲ့သောစကားသာဖြစ်သည်ဟု ယူမှတ်ခြင်းသည်လျောက်ပတ်ပေသည်။

၆။ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေဟောဝါသည် စကားအမျိုးမျိုးပြောဆိုနိုင်ရန် လုပ်ဆောင်နိုင်ကြောင်း မည်သို့ပြတော်မူခဲ့သနည်း။

၆ လူသားတို့၏မူလစကားကို ရှုပ်ထွေးစေနိုင်သောယေဟောဝါသည် ဘာသာစကားအမျိုးမျိုးနှင့် ပြောနိုင်သောစွမ်းရည်ကိုလည်း ပေးနိုင်သည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ် ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ထိုသို့ပင်ပြုလုပ်ခဲ့သည် မဟုတ်ပေလော။ တမန်တော် ၂:၁-၁၁ အရ၊ ယေရှုခရစ်၏နောက်လိုက် ၁၂၀ သည်ယေရုရှလင်ရှိ အထက်ခန်းမတွင် စုရုံးနေကြစဉ်ဖြစ်သည်။ (တမန်တော် ၁:၁၃၊ ၁၅) ရုတ်တရက်၊ “လေပြင်းမုန်တိုင်းကဲ့သို့သောအသံ” ကောင်းကင်မှပေါ်လာသည်။ “လျှာတို့သည်မီးလျှာကဲ့သို့” ထင်ရှား၍ အသီးအသီးအပေါ်၌တည်နေကြ၏။ ထိုအခါတပည့်တော်တို့သည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” ထိုသို့သောဘုရားပေးစကားဖြင့်သူတို့သည် “ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို” ကြားပြောကြ၏။ ဝေးလံသောနေရာများဖြစ်သည့် မက်ဆိုပိုတေးမီးယား၊ အီဂျစ်၊ လစ်ဗျား၊ ရောမမှ ဂျူးများနှင့်ဘာသာစကားအမျိုးမျိုးပြောသော ဘာသာဝင်များသည် အသက်ပေးသတင်းကိုနားလည်ခဲ့သောအခါ မည်မျှအံ့ဖွယ်ဖြစ်ခဲ့ပါသည်တကား။

ယနေ့ဘုရား–ပေးဘာသာစကား

၇။ ကမ္ဘာတစ်ဝန်းတွင် ဘာသာစကားတစ်မျိုးတည်းသာပြောလျှင် မည်သည့်အလားအလာရှိသနည်း။

၇ ဘုရားရှင်သည် အံ့ဖွယ်နည်းဖြင့်စကားအမျိုးမျိုးပေးနိုင်လျှင် ကမ္ဘာတစ်ဝန်းတွင် စကားတစ်မျိုးတည်းသာပြောရန် ကိုယ်တော်ပြုလုပ်တော်မူလျှင် မထူးမြတ်ပေလော။ ယင်းသည်လူသားမိသားစုအတွင်း ပိုမိုနားလည်မှုကိုတိုးပွားစေမည်။ The World Book Encyclopedia စာအုပ်တင်ပြသည့်အတိုင်း “လူသားအားလုံးသည် စကားတစ်မျိုးတည်းသာပြောကြလျှင် ယဉ်ကျေးမှုနှင့်စီးပွားရေးဆက်သွယ်မှုများ ပိုမိုနီးကပ်မည်။ နိုင်ငံချင်းစပ်ကြားလည်းဆက်ဆံရေးကောင်း ပိုမိုရှိမည်” ဟုဆိုထားသည်။ ပြီးခဲ့သောနှစ်များအတွင်း၊ ကမ္ဘာသုံးစကားအနည်းဆုံး ၆၀၀ အဆိုတင်သွင်းခဲ့ကြသည်။ ထိုအထဲတွင်၊ အက်စ်ပရင်တိုသည် အထိရောက်ဆုံးဖြစ်သည်။ အကြောင်းမှာယင်းစကားစထွင်ခဲ့သည့် ၁၈၈၇ ခုနှစ်မှစ၍လူပေါင်း ၁၀,၀၀၀,၀၀၀ သည်ထိုစကားကို သင်ကြားခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ သို့ပင်ငြားလည်း၊ ကမ္ဘာသုံးစကားဖြင့် လူသားများကိုစုစည်းရန် လူ့ကြိုးပမ်းချက်သည် တစ်ခါမျှမအောင်မြင်ခဲ့ချေ။ အမှန်တွင်၊ ‘ဆိုးညစ်သောသူသည်ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားစဉ်’ တိုးများလာနေသောပြဿနာများသည် ဤကမ္ဘာကြီးကိုကွဲပြားနေစေသည်။—၂ တိမောသေ ၃:၁၃။

၈။ ယနေ့ကမ္ဘာတွင် ကမ္ဘာသုံးစကားတစ်ခု သုံးလျှင်ပင်၊ ဘာရှိနေဦးမည်နည်း။ အဘယ်ကြောင့်နည်း။

၈ ဘာသာရေးအရပြောရလျှင်၊ ကြီးစွာသောရှုပ်ထွေးမှု ဖြစ်ပေါ်နေသည်။ သို့သော်သမ္မာကျမ်းစာစောင်ဗျာဒိတ်ကျမ်းက မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပါယာကို “ဗာဗုလုန်မြို့ကြီး” ဟုခေါ်ထားသောကြောင့် ထိုသို့မမျှော်လင့်ထားသင့်ပေလော။ (ဗျာဒိတ် ၁၈:၂) မှန်သည်၊ “ဗာဗုလုန်” ဟူသည် “ရှုပ်ထွေးခြင်း” ဟုဆိုလိုသောကြောင့်တည်း။ အကယ်၍တီထွင်ထားသောစကား သို့မဟုတ် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် သို့မဟုတ် ရုရှားစကားတစ်ခုခုကို ယနေ့ကမ္ဘာတွင် ကမ္ဘာသုံးစကားအဖြစ် အသုံးပြုလျှင်လည်း ဘာသာရေးအရ စည်းလုံးမှုမရှိဘဲဖြစ်နေဦးမှာပင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “လောကီသားအပေါင်းတို့သည် [စာတန်] မာရ်နတ်၏လက်၌ရှိကြ” သောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၅:၁၉) သူသည်ကိုယ်ကျိုးရှာမှုတွင် အချုပ်ဖြစ်သည်။ သူသည်နိမ်ရောဒနှင့် ဗေဗယ်လ်ရဲတိုက်ခေတ်ကပြုလုပ်ခဲ့သကဲ့သို့ လူသားအားလုံးသူ့ကိုကိုးကွယ်ရန် လောဘတကြီးတောင့်တနေသည်။ အပြစ်သားများပြောဆိုသည့် ကမ္ဘာသုံးစကားသည်စာတန်အား စည်းလုံးသောမာရ်နတ်ဝတ်ပြုရေးကို တည်ထောင်ရန်ဖြစ်ပေါ်စေနိုင်သည် မဟုတ်ပေလော။ သို့သော်ယေဟောဝါသည် ထိုသို့ဘယ်တော့မျှခွင့်ပြုတော်မမူ။ အမှန်ပင်၊ ကိုယ်တော်သည်မကြာမီ မှောက်မှားသော မာရ်နတ်-မှုတ်သွင်းခံဘာသာအားလုံးကို အဆုံးတိုင်စေတော့မည်။

၉။ လူအမျိုးအနွယ်ခပ်သိမ်းမှ သူများသည် ယခုမည်သို့စည်းလုံးလာကြသနည်း။

၉ သို့ပင်ငြားလည်း၊ အံ့ဖွယ်ကား လူမျိုးခပ်သိမ်းမှ ကောင်းသောသူတို့သည် ယခုလောလောဆယ်ပင် စည်းလုံးလျက်ရှိကြသည်။ ယင်းသည်ဘုရားရှင်အပိုင်းကဖြစ်ပြီး၊ ကိုယ်တော်၏ဝတ်ပြုရေးအတွက်ဖြစ်သည်။ ယနေ့၊ ဘုရားရှင်သည်လူသားများအား တစ်ခုတည်းသောစင်ကြယ်သောစကားကို မြေကြီးပေါ်တွင် သင်ကြားပြောဆိုနိုင်ရန် လုပ်ဆောင်ပေးနေတော်မူသည်။ ယင်းသည်အမှန်ပင် ကမ္ဘာသုံးစကားဖြစ်သည်။ အမှန်တွင်၊ ယေဟောဝါဘုရားရှင်သည် ဤစင်ကြယ်သောစကားကို ယနေ့မြေကြီးပေါ်ရှိ လူမျိုးအပေါင်းမှလူအများအား ဤစင်ကြယ်သောဘာသာစကားကို သွန်သင်ပေးနေသည်။ ယင်းသည်ဘုရားရှင်၏ပရောဖက်နှင့်သက်သေခံ ဇေဖနိအားဖြင့် ကတိပြုခဲ့သော ပရောဖက်ပြုချက်ဆိုင်ရာ ပြည့်စုံချက်ဖြစ်သည်။ “အကယ်စင်စစ်လူမျိုးအပေါင်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ NW] ၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း နာမတော်ကိုပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော [စာသားအရ “စင်ကြယ်သောနှုတ်ခမ်း” ] ဘာသာစကားကို သူတို့အားငါပြန်ပေးမည်။” (ဇေဖနိ ၃:၉) ထို “စင်ကြယ်သောဘာသာစကား” ကားအဘယ်နည်း။

စင်ကြယ်သောဘာသာစကားကို ပိုင်းခြားဖော်ပြ

၁၀။ စင်ကြယ်သောဘာသာစကားကားအဘယ်နည်း။

၁၀ စင်ကြယ်သောဘာသာစကားသည် ဘုရားရှင်ကိုယ်နှိုက်၏ နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် တွေ့ရသော ကိုယ်တော်၏သမ္မာတရားဖြစ်သည်။ ယင်းသည်အထူးသဖြင့် လူသားတို့အားငြိမ်းချမ်းမှုနှင့် အခြားကောင်းချီးများဖြစ်ပေါ်စေမည့် ဘုရားနိုင်ငံတော်နှင့်စပ်လျဉ်း၍ သမ္မာတရားဖြစ်သည်။ စင်ကြယ်သောဘာသာစကားသည် ဘာသာရေးအမှားများနှင့် မှောက်မှားသောဝတ်ပြုရေးကို ဖယ်ရှားသည်။ ယင်းသည်အသက်ရှင်၍မှန်သောဘုရားယေဟောဝါကို စင်ကြယ်၊ သန့်ရှင်း၊ ကျန်းခံ့စွာဝတ်ပြုမှုတွင် ၄င်းကိုပြောဆိုသောသူအားလုံးအား စည်းလုံးစေသည်။ ယနေ့တွင်၊ ၃၀၀၀ ခန့်သောစကားများက နားလည်နိုင်ရန်အတားအဆီး ဖြစ်နေပြီး၊ ရာပေါင်းများစွာသောဘာသာရေးများက လူသားများကို ရှုပ်ထွေးစေသည်။ ထို့ကြောင့်၊ ဘုရားရှင်သည်လူများကို ဤထူးမြတ်လှသည့်၊ စင်ကြယ်သောဘာသာစကားသို့ ပြောင်းလဲပေးခြင်းအတွက် ကျွန်ုပ်တို့မည်မျှ ဝမ်းမြောက်စရာပါတကား။

၁၁။ စင်ကြယ်သောဘာသာစကားက လူအမျိုးအနွယ်ခပ်သိမ်းအတွက် ဘာပြုလုပ်ပေးခဲ့ပြီနည်း။

၁၁ မှန်ပါသည်၊ စင်ကြယ်သောဘာသာစကားကို လူအမျိုးအနွယ်ခပ်သိမ်းမှသူများသည် တတ်ကျွမ်းနေကြပြီ။ မြေကြီးပေါ်ရှိတစ်ခုတည်းသော ဝိညာဏဆိုင်ရာစင်ကြယ်သောစကားအနေနှင့် ယင်းသည်အားကြီးလှသည့် စည်းလုံးစေသောစွမ်းအားအဖြစ် လုပ်ဆောင်နေသည်။ ယင်းသည်ထိုစကားကိုပြောသူအားလုံးအား ‘ယေဟောဝါ၏အမှုတော်ကို တညီတညွတ်တည်း သို့မဟုတ် စာသားအရ ‘တညီတည်း’ ဆောင်ရွက်မည်အကြောင်း နာမတော်ကိုပတ္ထနာပြုစေ’ နိုင်လေသည်။ သို့ဖြင့် သူတို့သည် ဘုရားရှင်အား “တစ်သဘောတည်း” (The New English Bible;The Amplified Bible) “တစ်စိတ်တစ်သဘောတည်းနှင့် တစ်ပြေးတည်း” အမှုထမ်းနိုင်ကြသည်။ စတီဗင်တီဘိုင်ရင်တန်ဘာသာပြန်ကျမ်းတွင် “ထိုအခါတွင်ငါ [ယေဟောဝါဘုရား] သည်လူအပေါင်းတို့၏နှုတ်ခမ်းကို သန့်ရှင်းစေမည်။ သူတို့သည်ယေဟောဝါ၏နာမကို ပတ္ထနာပြုရန်နှင့်ကိုယ်တော်၏အမှုတော်တွင် ပူးပေါင်းဆောင်ရွက်ရန် အလို့ငှာဖြစ်သည်” ဟုဖတ်ရသည်။ ဘုရားရှင်လုပ်ငန်းတော်တွင် ထိုသို့သောကမ္ဘာချီ စကားပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ယေဟောဝါ၏သက်သေများအတွင်း၌သာ တည်ရှိလေသည်။ ယနေ့ ၂၁၂ နိုင်ငံတွင်၊ လေးသန်းကျော်သော ဤဘုရားနိုင်ငံတော်ကြွေးကြော်သူများသည် လူ့ဘာသာစကားများစွာဖြင့် သတင်းကောင်းကိုကြေညာလျက်ရှိသည်။ သို့ပင်ငြားလည်း၊ သက်သေခံများသည် “စကားတညီတညွတ်တည်းဖြစ်၍” “စိတ်သဘောတသံတသမတ်တည်း” ရှိကြသည်။ (၁ ကောရိန္သု ၁:၁၀) ယင်းသို့ဖြစ်ရခြင်းမှာ၊ မည်သည့်မြေကြီးအပိုင်းတွင် သူတို့နေပါစေ ယေဟောဝါသက်သေအားလုံးသည် သူတို့၏ကောင်းကင်ခမည်းတော်အား ချီးမွမ်းခြင်းနှင့်ဂုဏ်တင်ရန်အတွက် တစ်ခုတည်းသောစင်ကြယ်သည့် ဘာသာစကားကိုသာ ပြောဆိုသောကြောင့်ဖြစ်သည်။

ယခုပင် စင်ကြယ်သောဘာသာစကားကို သင်ယူပါလေ

၁၂၊ ၁၃။ (က) သင်သည်စင်ကြယ်သောဘာသာစကားကို ပြောဆိုခြင်းနှင့်စပ်လျဉ်း၍ အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။ (ခ) ဇေဖနိ ၃:၈၊ ၉ ရှိစကားတို့သည် အဘယ်ကြောင့်ယနေ့တွင် ထူးခြားလှရသနည်း။

၁၂ သင်သည် စင်ကြယ်သောဘာသာစကားကိုပြောဆိုရန် အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။ တစ်ခုမှာ၊ သင့်အသက်သည် ထိုစကားကိုသင်ယူပြောဆိုခြင်းအပေါ် မူတည်နေသောကြောင့်ဖြစ်သည်။ ဘုရားရှင်သည် ‘စင်ကြယ်သောဘာသာစကားကို သူတို့အားငါပြန်ပေးမည်’ ဟုကတိမပေးမီလေးတွင် ကိုယ်တော်က “ထာဝရဘုရားမိန့်တော်မူသည်ကား. . . ‘ငါမထမီတိုင်အောင် ငါ့ကိုငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင်သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကို လောင်ရလိမ့်မည်’” ဟုသတိပေးခဲ့သည်။—ဇေဖနိ ၃:၈။

၁၃ ထိုစကားများကို အချုပ်အခြာသခင်ယေဟောဝါသည် ၂၆ ရာစုက ဦးစွာယေရုရှလင်မြို့တော်ဖြစ်ခဲ့သော ယုဒပြည်တွင် မိန့်ဆိုခဲ့သည်။ သို့သော်ထိုမိန့်ဆိုချက်သည် အထူးသဖြင့်ကျွန်ုပ်တို့ခေတ်အတွက် ဆိုလိုသည်။ အကြောင်းမှာယေရုရှလင်သည် ခရစ်ယာန်ဘောင်ကို ပုံဆောင်သောကြောင့်ဖြစ်သည်။ ၁၉၁၄ တွင်ဘုရားရှင်၏ကောင်းကင်နိုင်ငံတော်သည် တည်ထောင်ပြီးကတည်းက ကျွန်ုပ်တို့အချိန်သည် လူမျိုးများကိုစုသိမ်းရာ၊ တိုင်းနိုင်ငံများကိုစုဝေးရာ ယေဟောဝါ၏နေ့တော်ဖြစ်သည်။ ကိုယ်တော်သည်သူတို့အားလုံးကို ကြီးမားသောသက်သေခံခြင်းလုပ်ငန်းအားဖြင့် ကိုယ်တော်၏အာရုံအောက်၌ ရောက်ရှိစေခဲ့သည်။ သို့ဖြင့်၊ ယင်းကသူတို့အား ကိုယ်တော့်ရည်ရွယ်ချက်တစ်ဖက်၌ ဆန့်ကျင်ရန်လှုံ့ဆော်မှုကို ဖြစ်ပေါ်စေသည်။ သို့သော်၊ ယေဟောဝါဘုရားရှင်သည် ကရုဏာဖြင့် ဤလူမျိုးများအားလုံးအထဲမှသူများအား စင်ကြယ်သောဘာသာစကားကို ပြောဆိုရာတွင် တစည်းတလုံးတည်း ရှိစေတော်မူသည်။ အာမဂေဒုန်ဟုအများခေါ်သော “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌” တိုင်းနိုင်ငံများသည် အမျက်တော်မီးဖြင့် လောက်ကျွမ်းမခံရမီ ထိုစကားအားဖြင့် ကိုယ်တော်၏ကတိထားရာကမ္ဘာသစ်တွင် အသက်ရရန် ရှာနေသူအားလုံး ကိုယ်တော်အားစည်းလုံးစွာ အမှုထမ်းရွက်နိုင်ရန်ဖြစ်သည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၂ ပေတရု ၃:၁၃) စစ်မှန်သောစည်းလုံးသည့်ဝတ်ပြုသူများအဖြစ် စင်ကြယ်သောဘာသာစကားကိုပြောဆို၍ ယေဟောဝါ၏နာမ၌ ယုံကြည်ခြင်းနှင့်ပတ္ထနာပြုသူများသည် ထိုကမ္ဘာ့ဘေးဒဏ်ကြီးတွင် ကာကွယ်တော်မူခြင်းခံစားရမည်မှာ ပျော်ရွှင်စရာပင်။ ဘုရားရှင်သည်သူတို့အား ကမ္ဘာသစ်အတွင်းသို့ လုံခြုံစွာခေါ်ဆောင်သွားမည်။ ထိုတွင်နောက်ဆုံး၌ စင်ကြယ်သောဘာသာစကားသည် လူသားအားလုံးနှုတ်ခမ်း၌ တည်ရှိနေပါလိမ့်မည်။

၁၄။ ဤအစီအစဉ်စနစ်များကို လွတ်မြောက်လိုသူများသည် ချက်ချင်းလုပ်ဆောင်ရန်လိုကြောင်း ဇေဖနိအားဖြင့်ဘုရားရှင် မည်သို့ပြသ,သနည်း။

၁၄ ကိုယ်တော်၏ပရောဖက်ဇေဖနိအားဖြင့် ယေဟောဝါက လက်ရှိဆိုးယုတ်မှုများအဆုံးကို လွတ်မြောက်ရန်မျှော်လင့်သူအားလုံးသည် ချက်ချင်းလုပ်ဆောင်ရန် ရှင်းလင်းစွာဖော်ပြထားသည်။ ဇေဖနိ ၂:၁-၃ အရဘုရားရှင်က “အရှက်မရှိသောအမျိုးသားတို့၊ ကိုယ်ကိုစစ်ကြောကြလော့။ အမိန့်တော်အတိုင်းမစီရင်၊ သင်တို့အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား [ယေဟောဝါ၊NW] ၏ပြင်းစွာသော အမျက်တော်သည် သင်တို့အပေါ်သို့မရောက်၊ ထာဝရဘုရား [ယေဟောဝါ၊NW] ၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့မရောက်မီ ကိုယ်ကိုစစ်ကြောကြလော့။ တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရား [ယေဟောဝါ၊NW] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊NW] အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည်ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။”

၁၅။ (က) ဇေဖနိ ၂:၁-၃ ၏ဦးဆုံးပြည့်စုံချက်ကား အဘယ်နည်း။ (ခ) ယုဒအပေါ်ဘုရားရှင်၏တရားစီရင်ရာတွင် မည်သူများလွတ်မြောက်ခဲ့၍ ကျွန်ုပ်တို့အချိန်တွင်လည်း မည်သည့်အလားတူ လွတ်မြောက်ခြင်းရှိမည်နည်း။

၁၅ ထိုစကားများသည် ရှေးယုဒနှင့်ယေရုရှလင်တွင် ဦးစွာပြည့်စုံခဲ့သည်။ ယုဒမှပြစ်မှားသူတို့သည် ဘုရားရှင်၏တောင်းပန်ချက်ကို လိုလိုလားလားမတုံ့ပြန်ခဲ့ကြကြောင်း ၆၀၇ ဘီစီအီးတွင် ဗာဗုလုန်လက်၌ ကိုယ်တော်သည်သူတို့အား တရားစီရင်ခဲ့ခြင်းကတင်ပြသည်။ ယုဒသည် ဘုရားရှင်ရှေ့တော်၌ “အရှက်မရှိ” သကဲ့သို့ ခရစ်ယာန်ဘောင်သည် ယေဟောဝါရှေ့တော်၌ အရှက်မဲ့သော “လူမျိုး” ဖြစ်ခဲ့သည်။ သို့သော်၊ ဘုရားရှင်စကားတော်ကို နာယူသည့်အတွက် ယုဒအချို့နှင့်အခြားသူများ လွတ်မြောက်ခဲ့ကာ၊ သူတို့တွင်ယေဟောဝါသစ္စာရှိပရောဖက် ယေရမိပါဝင်သည်။ အခြားလွတ်မြောက်သူများမှာ ဧဗဒမေလက်အမည်ရှိ အဲသယောပိလူမျိုးတစ်ဦးနှင့် ယောနဒပ်မှဆင်းသက်သူများဖြစ်သည်။ (ယေရမိ ၃၅:၁၈၊ ၁၉၊ ၃၉:၁၁၊ ၁၂၊ ၁၆-၁၈) ယနေ့တွင်အလားတူပင်၊ ယေရှု၏ “အခြားသိုး” မှ “လူအုပ်ကြီး” သည် လူမျိုးခပ်သိမ်းမှ စုသိမ်းထားကာ အာမဂေဒုန်ကိုကျော်နင်း၍ ဘုရားရှင်၏ကမ္ဘာသစ်ထဲသို့ ဝင်ရောက်ကြမည်။ (ဗျာဒိတ် ၇:၉။ ယောဟန် ၁၀:၁၄-၁၆) စင်ကြယ်သောဘာသာစကားကို သင်ယူ၍ပြောဆိုသူများသာ ရွှင်လန်းသောလွတ်မြောက်သူများဖြစ်မည်။

၁၆။ ယေဟောဝါ၏ “အမျက်တော်ထွက်ရာနေ့” တွင်ကာကွယ်ခြင်းခံရရန် ဘာပြုလုပ်ရမည်နည်း။

၁၆ ယေဟောဝါ၏ပြဌာန်းချက်မှာ ယုဒနှင့်ယေရုရှလင်ကို သုတ်သင်ပစ်ရန်ဖြစ်သကဲ့သို့ ခရစ်ယာန်ဘောင်သည်လည်း ပျက်သုဉ်းရမည်။ အမှန်ပင်၊ မှောက်မှားသောဘာသာကို ဖျက်ဆီးရန်နီးနေသောကြောင့် လွတ်မြောက်လိုသူများသည် ချက်ချင်းလုပ်ဆောင်ရမည်။ စပါးလှေ့ရာတွင် လေထဲ၌ဖွဲသည် အလျင်အမြန်လွင့်သွားသကဲ့သို့ “အချိန်သည်ဖွဲကဲ့သို့မလွန်မီ” သူတို့လုပ်ဆောင်ရမည်။ ဘုရားရှင်၏အမျက်တော်မှလွတ်မြောက်ရန် ကျွန်ုပ်တို့သည်စင်ကြယ်သောဘာသာစကားကို ပြောဆိုရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့အပေါ် ယေဟောဝါ၏တောက်လောင်နေသောအမျက်မီး မကျရောက်မီ ဘုရားရှင်၏သတိပေးချက်ကို တုံ့ပြန်ရမည်။ ဇေဖနိအချိန်နှင့်ယနေ့အချိန်တွင် စိတ်နှိမ့်ချသူများသည် ယေဟောဝါဘုရားရှင်နှင့်တကွ ဖြောင့်မတ်ခြင်း၊ စိတ်နှိမ့်ချခြင်းကိုရှာကြသည်။ ကျွန်ုပ်တို့ယေဟောဝါကိုရှာသည်ဆိုရာ၌ ကိုယ်တော်အားကျွန်ုပ်တို့၏နှလုံး၊ စိုးလ်၊ စိတ်နှင့်ခွန်အားရှိသမျှဖြင့် ချစ်ခြင်းကိုဆိုလိုသည်။ (မာကု ၁၂:၂၉၊ ၃၀) ယေဟောဝါ “အမျက်ထွက်တော်မူသောနေ့၌ [ထိုသို့ပြုနေသူများ] သည်ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။” သို့သော်ပရောဖက်ပြုချက်က “တွေ့ကောင်းတွေ့” မည်ဟုအဘယ်ကြောင့်ဆိုသနည်း။ အကြောင်းမှာကယ်တင်ခြင်းသည် သစ္စာရှိခြင်းနှင့် ခံနိုင်ရည်ရှိခြင်းအပေါ် မူတည်သောကြောင့်ဖြစ်သည်။ (မဿဲ ၂၄:၁၃) ဘုရားရှင်၏ဖြောင့်မတ်သော စံချိန်များအတိုင်းပုံသွင်းခံပြီး၊ ဆက်လက်၍စင်ကြယ်သောဘာသာစကားကို ပြောဆိုနေသူများသည် ယေဟောဝါ၏အမျက်တော်နေ့တွင် ကာကွယ်ခြင်းခံရမည်။

၁၇။ ကျွန်ုပ်တို့သုံးသပ်ရန် ဘာမေးခွန်းများကျန်ရှိသနည်း။

၁၇ ယေဟောဝါ၏ အမျက်တော်နေ့သည်နီးကပ်နေကာ ကယ်တင်ခြင်းသည်စင်ကြယ်သောဘာသာစကားကို သင်ယူ၍ပြောဆိုခြင်းအပေါ် မူတည်နေသောကြောင့် ယခုအချိန်သည် ယင်းကိုအလေးအနက်လေ့လာ၍ ပြောဆိုနေရမည့်အချိန်ဖြစ်သည်။ သို့သော်လူတစ်ဦးသည် စင်ကြယ်သောဘာသာစကားကို မည်သို့သင်ယူနိုင်သနည်း။ ယင်းကိုပြောဆိုခြင်းမှသင်မည်သို့ အကျိုးရရှိနိုင်သနည်း။

သင်မည်သို့ ဖြေဆိုမည်နည်း

▫ လူ့စကားမည်သို့ အစပြုသနည်း။

▫ စင်ကြယ်သောဘာသာစကားကားအဘယ်နည်း။

▫ ဇေဖနိ ၃:၈၊ ၉ မှစကားများသည် ယနေ့တွင်အဘယ်ကြောင့် ထူးခြားလှရသနည်း။

▫ ယေဟောဝါ၏ “အမျက်တော်ထွက်ရာနေ့” တွင်ကာကွယ်မှုရနိုင်ရန် ကျွန်ုပ်တို့ဘာပြုလုပ်ရမည်နည်း။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဗေဗယ်လ်တွင် ဘုရားရှင်သည်သူတို့၏စကားကို ရှုပ်ထွေးစေခြင်းဖြင့် လူများကိုကွဲလွင့်စေခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ