ယုံကြည်ခြင်းကိုခိုင်ခံ့စေသော ရင်သပ်ရှုမောဖွယ် ရူပါရုံများ
ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏ကျေးကျွန်ယောဟန်သည် အာရှမိုင်းနားကမ်းခြေ၏အနောက်ဘက် ပတ်မုကျွန်းတွင်ရှိနေသည်။ ထိုတွင်သက်ကြီးရွယ်အိုယောဟန်သည် အံ့ဖွယ်ဖြစ်သည့်အရာများဖြစ်သော ပုံဆောင်ချက်၊ အများအားဖြင့်စိတ်လှုပ်ရှားဖွယ်နှင့် အမှန်ပင်ထူးခြားလှသည်များ မြင်တွေ့ရသည်။ သူသည် ၁၉၁၄ တွင်ယေရှု၏နန်းတက်ခြင်းမှ ကိုယ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးအထိ သခင်၏နေ့တော်တွင် ရောက်ရှိနေသည်။ ယောဟန်သည် လူသားတို့၏အမှောင်မိုက်ဆုံးအချိန်အတွင်း ဖြစ်ပျက်လာမည့်အရာများကို မြင်ရငြားလည်း ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေး ကိုသူကြိုမြင်ရခြင်းသည် မည်မျှကောင်းမြတ်လှပါသည်တကား။ နာခံသောလူသားများသည် ထိုတွင်မည်မျှကောင်းချီးများ ခံစားရပါမည်တကား။
ယောဟန်သည်ဤရူပါရုံများကို ဗျာဒိတ်ကျမ်းတွင် မှတ်တမ်းတင်ထားခဲ့သည်။ ၉၆ စီအီးတွင်ရေးသားခဲ့ပြီး၊ ယင်းသည်ပရောဖက်ပြုချက်များ၏ဘုရားယေဟောဝါနှင့် ကိုယ်တော်၏သားတော်ယေရှုခရစ်၌ ယုံကြည်ခြင်းကိုခိုင်ခံ့စေနိုင်သည်။—အသေးစိတ်အနေနှင့် နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော Revelation—Its Grand Climax At Hand! ကိုကြည့်ပါ။
ခရစ်တော်သည်မေတ္တာပါသွန်သင်ချက်ပေး
ဘုရားသခင်ထံမှခရစ်တော်အားဖြင့် ပေးခဲ့သောစောစောပိုင်းဗျာဒိတ်တော်တွင် ယေရှု၏နိုင်ငံတော်အမွေခံချင်းတို့၏ အသင်းတော်ခုနစ်ခုသို့စာပါဝင်သည်။ (၁:၁–၃:၂၂) ခြုံ၍ကြည့်လျှင်၊ စာစောင်များသည်ချီးမွမ်းခြင်း၊ ပြဿနာကိုဖော်ပြခြင်း၊ ပြုပြင်ပေးခြင်း သို့မဟုတ် အားပေးခြင်းနှင့် သစ္စာရှိစွာနာခံခြင်းမှရရှိသော ကောင်းချီးများကိုဖော်ပြသည်။ ဧဖက်သားများသည် ခံရပ်ခဲ့သော်လည်း သူတို့သည်မူလကရှိခဲ့သော သူတို့၏မေတ္တာကို စွန့်ပစ်ခဲ့ကြသည်။ ဝိညာဉ်ရေးတွင်ကြွယ်ဝသော စမုရနအသင်းတော်သည် ဒုက္ခဆင်းရဲအလယ်၌ သစ္စာရှိနေရန် အားပေးခဲ့သည်။ နှိပ်စက်ညှဉ်းပန်းခြင်းက ပေရဂံအသင်းတော်ကို မအောင်နိုင်ခဲ့။ သို့သော်ထိုတွင်သင်းကွဲမှုများကို ခွင့်ပြုထားသည်။ သွာတိရရှိခရစ်ယာန်များသည် တိုးပွားလုပ်ဆောင်နေငြားလည်း ထိုတွင်ယေဇဗေလ၏လွှမ်မိုးမှုရှိနေသည်။ သာဒိအသင်းတော်သည် ဝိညာဉ်ရေးအရနိုးကြားလာရန်လိုသည်။ ဖိလဒေလဖိရှိသူတို့ကို ယခင်စွဲကိုင်ခဲ့သည်ကိုစွဲကိုင်ထားရန် အားပေးခဲ့ပြီး၊ နွေးရုံရှိသောလောဒိကိသည် ဝိညာဏကုသမှုလိုအပ်သည်။
ခရစ်ယာန်အားလုံးအပါဝင် အနာဂတ်ကောင်းကင်ဆိုင်ရာဘုရင်များကို လေ့ကျင့်ပေးရန်မည်မျှကောင်းမြတ်လှသော စကားများပါတကား။ ဥပမာ၊ ကျွန်ုပ်တို့တွင်တစ်ဦးဦးသည် နွေးရုံဖြစ်လာပြီလော။ သို့ဖြစ်လျှင် လှုပ်လှုပ်ရှားရှားရှိပါလေ။ ပူပြင်းသောနေ့တစ်နေ့တွင် ရေအေးတစ်ခွက်ကဲ့သို့ လန်းဆန်းကာ၊ ယေဟောဝါနှင့်ကိုယ်တော်၏အမှုတော်အတွက် ပူပြင်းသောဇွဲကိုလည်းတင်ပြပါလေ။—မဿဲ ၁၁:၂၈၊ ၂၉။ ယောဟန် ၂:၁၇နှင့်နှိုင်းယှဉ်။
သိုးသငယ်စာစောင်လိပ်ကိုဖွင့်
ယေဟောဝါကိုဆက်လက်၍ ကိုယ်တော်၏ပလ္လင်ပေါ်တွင်ထွန်းပစွာ မြင်တွေ့ရသည်။ (၄:၁–၅:၁၄) ကိုယ်တော်အား အသက်ကြီးသူ ၂၄ ပါးနှင့်အသက်ရှင်သောသတ္တဝါလေးပါးက ဝိုင်းရံလျက်ရှိသည်။ ကိုယ်တော်၏လက်တွင် တံဆိပ်ခုနစ်ချက်ပိတ်ထားသော စာလိပ်ရှိနေသည်။ စာလိပ်ကိုမည်သူဖွင့်နိုင်သနည်း။ သိုးသငယ်၊ ယေရှုခရစ်သည် ဖွင့်ရန်ထိုက်တန်သူပါတကား။
သိုးသငယ်သည် တံဆိပ်ခြောက်ချက်ကိုဖွင့်သည်နှင့် ထူးခြားလှသောဖြစ်ရပ်များပေါ်လာသည်။ (၆:၁–၇:၁၇) ပထမတံဆိပ်ကိုဖွင့်သည်နှင့် မြင်းဖြူပေါ်တွင်ခရစ်တော်ပေါ်လာပြီး၊ သရဖူကိုရရှိကာ (၁၉၁၄ တွင်) အောင်မြင်ခြင်းငှာထွက်သွား၏။ နောက်ထပ်တံဆိပ်သုံးခုကိုဖွင့်သောအခါ အခြားမြင်းစီးသူများသည် လူသားတို့အပေါ်စစ်မက်၊ အစာခေါင်းပါးခြင်းနှင့်သေခြင်းကို သက်ရောက်စေသည်။ ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ခရစ်တော်အတွက်အသတ်ခံရသောသူတို့သည် သူတို့အသွေးအတွက် ဂလဲ့စားချေရန်တောင်းဆိုကြသည်။ တစ်ဦးစီအားဘုရင်အခွင့်အရေးနှင့် မသေနိုင်သောဝိညာဏသတ္တဝါများအဖြစ် သူတို့၏ကောင်းကင်ရှင်ပြန်ထမြောက်ခြင်းနှင့်ဆက်နွယ်သော ဖြောင့်မတ်သည့်ရပ်တည်ချက်ကိုတင်ပြသည့် “ဖြူသောဝတ်လုံ” ကိုပေးသည်။ (ဗျာဒိတ် ၃:၅။ ၄:၄ နှင့်နှိုင်းယှဉ်) ဆဌမတံဆိပ်ကိုဖွင့်သောအခါ ဘုရားရှင်နှင့်သိုးသငယ်၏အမျက်တော်ကို မြေလှုပ်ခြင်းအားဖြင့် ကြွေးကြော်သည်။ သို့သော်ဖျက်ဆီးခြင်း တရားစီရင်ခြင်းကိုပုံဆောင်သည့် “မြေလေးမျက်နှာလေ” များကို ဘုရားရှင်၏ ၁၄၄,၀၀၀ သောကျေးကျွန်များကို တံဆိပ်မခတ်မီတိုင်အောင် ဆိုင်းငံ့ထားသည်။ သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်နှင့် ဘိသိက်ခံရပြီး၊ ကိုယ်တော်၏သားများဖြစ်လာပြီးနောက် သူတို့ကောင်းကင်အမွေ၏ အကြိုစရန်ဖြစ်သောတံဆိပ် သို့မဟုတ် ကတိသစ္စာကိုရရှိသည်။ စုံစမ်းခြင်းပြီးမှသာ တံဆိပ်ခတ်ခြင်းသည် အတည်ဖြစ်မည်။ (ရောမ ၈:၁၅-၁၇။ ၂ ကောရိန္သု ၁:၂၁၊ ၂၂) ယောဟန်သည် မြေကြီးပရဒိသုတွင် ထာဝရအသက်မျှော်လင့်ချက်ရှိကြသော လူအမျိုးအနွယ်ခပ်သိမ်းမှ “လူအုပ်ကြီး” ကိုမြင်ရသောအခါ မည်မျှအံ့သြမိပါမည်တကား။ သူတို့သည်လူသားများအတွက် မနှိုင်းယှဉ်နိုင်သောဒုက္ခဖြစ်သည့် “ကြီးစွာသောဒုက္ခ” ထဲမှထွက်လာကြသည်။
သတ္တမတံဆိပ်ဖွင့်သည်နှင့် ရင်တုန်ဖွယ်များဖြစ်ပျက်လာပါသည်တကား။ (၈:၁–၁၁:၁၄) နာရီဝက်တိတ်ဆိတ်သွား၍ သန့်ရှင်းသူများ၏ဆုတောင်းခြင်းကို ကြားဖို့ဖြစ်စေသည်။ နောက်ပလ္လင်မှမီး မြေကြီးသို့ချလိုက်သည်။ သို့နှင့်ကောင်းကင်တမန် ခုနစ်ဦးသည် ခရစ်ယာန်ဘောင်အပေါ် ဘုရားရှင်၏ဘေးဒဏ်များကို ကြေညာသည့်တံပိုးခုနစ်လုံးကို မှုတ်ရန်ပြင်ဆင်သည်။ တံပိုးများကို နောက်ဆုံးကာလ ကြီးစွာသောဒုက္ခအထိ တောက်လျှောက်မှုတ်ခဲ့သည်။ တံပိုးလေးခုသည် ဘေးဒဏ်များကိုမြေကြီး၊ ပင်လယ်၊ စမ်းရေတွင်း၊ နေ၊ လနှင့် ကြယ်များအပေါ် ကြေညာသည်။ ပဉ္စမမြောက်တံပိုးမှုတ်သောအခါ ဘိသိက်ခံခရစ်ယာန်များကိုပုံဆောင်သည့် ကျိုင်းကောင်များအုပ်လိုက်ထွက်လာရန် ခေါ်လိုက်သည်။ ဆဌမတံပိုးမှုတ်သောအခါ မြင်းစီးသူရဲတိုက်ခိုက်မှုဖြစ်လာသည်။ ပြည့်စုံချက်တွင်၊ ၁၉၃၅ မှစ၍ “လူအုပ်ကြီး” ဖြင့် အားဖြည့်တင်းထားသော ဘိသိက်ခံများသည် ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်များအပေါ် ညှဉ်းဆဲရာတရားစီရင်ခြင်းသတင်းများကို ကြေညာခဲ့သည်။
ဆက်လက်၍ယောဟန်သည် စာလိပ်ငယ်ကိုစား၍ ဘိသိက်ခံများသည် သူတို့၏တာဝန်ကိုလက်ခံပြီး၊ ခရစ်ယာန်ဘောင်အပေါ် သူတို့ကြေညာသည့် ဘုရားတရားစီရင်ချက်များပါသော ဘုရားနှုတ်ကပါဌ်တော်အပိုင်းမှ အာဟာရ,ရရှိခြင်းကိုဖော်ပြသည်။ တမန်တော်ကို ဗိမာန်တော်သန့်ရှင်းရာဌာနအား တိုင်းရန်အမိန့်ပေး၍ ဗိမာန်တော်အစီအစဉ်နှင့်စပ်လျဉ်း၍ အချို့အပိုင်းသည်ပြည့်စုံလာခြင်းနှင့် ယင်းနှင့်ဆက်နွယ်သူတို့သည် ဘုရားရေးစံချိန်တော်များကို မီရမည်ကိုတင်ပြလေသည်။ ထို့နောက်ဘုရားရှင်၏ “သက်သေခံနှစ်ဦး” သည်လျော်တေအဝတ်နှင့်ပရောဖက်ပြုကြကာ အသတ်ခံရသည်။ သို့သော်ပြန်ရှင်ပြန်လာသည်။ ယင်းက ၁၉၁၈-၁၉ တွင်ရန်သူများကြောင့် သူတို့၏ဟောပြောခြင်းလုပ်ငန်း ရပ်တန့်လုနီးပါးဖြစ်သွားသည်။ သို့သော်ယေဟောဝါ၏ကျေးကျွန်များသည် သူတို့၏ဓမ္မလုပ်ငန်းအတွက်အံ့ဖွယ် ပြန်လည်ရှင်သန်လာသည်။
ဘုရားသခင့်နိုင်ငံတော်မွေးဖွားလာပါပြီတကား
သတ္တမတံပိုးမှုတ်ခြင်းသည် နိုင်ငံတော်မွေးဖွားခြင်းကို ကြေညာသည်။ (၁၁:၁၅–၁၂:၁၇) ကောင်းကင်တွင် ပုံဆောင်ရာမိန်းမတစ်ဦး (ယေဟောဝါဘုရား၏ ကောင်းကင်ဆိုင်ရာအဖွဲ့အစည်း) သည်သားယောက်ျား (ခရစ်တော်သည်ဘုရင်အဖြစ်နှင့် ဘုရားနိုင်ငံတော်) ကိုမွေးဖွားသည်။ သို့သော်နဂါး (စာတန်) သည်ယင်းကို ကိုက်စားရန်ကြိုးပမ်းခြင်းသည် အချည်းနှီးဖြစ်ရသည်။ ၁၉၁၄ တွင်နိုင်ငံတော်မွေးဖွားပြီးနောက် အောင်နိုင်သူမိက္ခေလ (ယေရှုခရစ်) သည်နဂါးနှင့်သူ၏ကောင်းကင်တမန်များကို မြေသို့ချပစ်ခြင်းဖြင့် ကောင်းကင်စစ်ပွဲကို အထွတ်အထိပ်သို့ရောက်စေသည်။ မြေပေါ်တွင်နဂါးသည် ကောင်းကင်ဆိုင်ရာမိန်းမ၏မျိုးနွယ်တော်ကို ဆက်လက်စစ်ခင်းကျင်းသည်။
ဆက်လက်၍ယောဟန်သည် သားရဲတစ်ကောင်ကိုမြင်သည်။ (၁၃:၁-၁၈) ဤခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်သားရဲသည် လှုပ်ရှားနေသောလူသားထု “ပင်လယ်” အတွင်းမှ ပေါ်လာသည်။ (ဒံယေလ ၇:၂-၈။ ၈:၃-၈၊ ၂၀-၂၅ နှင့်နှိုင်းယှဉ်) ဤပုံဆောင်ရာသတ္တဝါ အာဏာရရှိရာပင်ရင်းကား အဘယ်နည်း။ စာတန်၊ နဂါးမှလွဲ၍မရှိပါတကား။ စဉ်းစားကြည့်ပါ။ ဤကြောက်မက်ဖွယ်သားရဲ၏ ယခုယူအဲန်ဟုသိရှိကြသော “ရုပ်တု” ကိုချိုနှစ်ချောင်းနှင့်သားရဲ (အင်္ဂလို-အမေရိကန်ကမ္ဘာ့အာဏာစက်) ကထုလုပ်သည်။ အများသည်သားရဲကိုကိုးကွယ်ရန်နှင့်ယင်း၏နည်းလမ်းအတိုင်းလုပ်ရန်၊ ယင်းကိုသူတို့အသက်တာတွင် လွှမ်းမိုးစေခြင်းဖြင့်ယင်း၏ “တံဆိပ်လက်မှတ်” ကိုခံစေခြင်းငှာ အနိုင်အထက်ပြုလုပ်ခံရသည်။ သို့သော်ယေဟောဝါသက်သေများသည် သားရဲ၏နတ်ဆိုးဆိုင်ရာတံဆိပ်ကို ခိုင်မာစွာငြင်းပယ်ကြပါသည်တကား။
ယေဟောဝါကျေးကျွန်များ လှုပ်ရှားနေ
အမျက်တော်ဖလားခုနစ်လုံးကို သွန်းလောင်းသည်တွင် ဘုရားရှင်၏ကျေးကျွန်အသီးသီး လှုပ်ရှားနေသည်ကို မြင်တွေ့ရသည်။ (၁၄:၁–၁၆:၂၁) နားထောင်လော့။ ကောင်းကင်ဇိအုန်တောင်တွင် ယောဟန်သည် သီချင်းသစ်ပမာ ၁၄၄,၀၀၀ သီဆိုနေသည်ကိုကြားရသည်။ ကောင်းကင်အလယ်တွင် ပျံဝဲနေသောကောင်းကင်တမန်တစ်ပါး၌ မြေကြီးတွင်နေထိုင်သူတို့အား ကြေညာရန်သတင်းကောင်းရှိသည်။ ယင်းကဘာကို တင်ပြသနည်း။ ယေဟောဝါသက်သေများသည် ဘုရားနိုင်ငံတော်သတင်းကောင်းကြေညာရာတွင် ကောင်းကင်တမန်ဆိုင်ရာ အကူအညီရှိကြောင်း တင်ပြသည်။
ယောဟန်သည် မြေကြီးပေါ်မှစပျစ်သီးရိတ်သိမ်းပြီး၊ ဘုရားရှင်၏ဒေါသစပျစ်ကျင်းကို နင်းနယ်သောအခါ လူမျိုးတစ်ခုလုံးချေမွခံရသည်ကို မြင်ရ၍ အံ့သြမိမည်။ (ဟေရှာယ ၆၃:၃-၆။ ယောလ ၃:၁၂-၁၄နှင့်နှိုင်းယှဉ်) ယေဟောဝါ၏အမိန့်နှင့် ကောင်းကင်တမန်ခုနစ်ပါးသည် ဘုရားရှင်အမျက်ဖလားခုနစ်လုံးကို ဆက်လက်သွန်းချသည်။ ဖလားခြောက်လုံးမှ ပထမဆုံးကိုသွန်းလောင်းသည်တွင် မြေကြီး၊ ပင်လယ်၊ စမ်းရေတွင်းများ၊ နေအပါအဝင်၊ သားရဲ၏ပလ္လင်နှင့်ဥဖရမြစ်တို့သည် ထိခိုက်ခဲ့သည်။ ယောဟန်အနေနှင့် နတ်ဆိုးဝါဒဖြန့်မှုများသည် လူသားဘုရင်များအား ဘုရားရှင်၏ဟာမေဂေဒုန်စစ်ပွဲသို့ စုဝေးနေသည်ကိုကြည့်ရှုနေစဉ် သူ၏စိတ်လှုပ်ရှားမှုကို စဉ်းစားကြည့်ပါ။ သတ္တမဖလားကို လေပေါ်တွင်သွန်းလောင်းချစဉ် သိမ်းရုံးဖျက်ဆီးမှုကြီးဖြစ်ပေါ်သည်။
ပုံဆောင်ရာမိန်းမနှစ်ဦး
ယောဟန်သည် မဟာဗာဗုလုန်၏ဆုံးခန်းကိုသက်သေခံခြင်းနှင့်၊ သူမအားဖျက်ဆီးပြီးနောက် လိုက်ပါလာသောရွှင်လန်းဖွယ်ဖြစ်ရပ်များကြောင့် အမှန်ပင်ရင်ဖိုခဲ့ပေမည်။ (၁၇:၁–၁၉:၁၀) သန့်ရှင်းသူများ၏သွေးနှင့်ယစ်မူးလျက် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် သားရဲနီ (နိုင်ငံပေါင်းချုပ်နှင့်ယင်း၏နောက်ဆက်ခံယူအဲန်) အပေါ် သူမခွထိုင်နေသည်ကို မြင်ရသည်။ အလိုလေး၊ ချိုများသူမဘက်သို့ ဦးလှည့်သောအခါ မည်မျှကြီးမားသောဖျက်ဆီးမှု ခံရမည်ပါတကား။
မဟာဗာဗုလုန်မြို့ကြီးအား ဖျက်ဆီးသည့်အတွက် ဂျားအားချီးမွမ်းသော ကောင်းကင်အသံများကြားရသည်။ သိုးသငယ်နှင့်သူ၏ ထမြောက်ခဲ့သောဘိသိက်ခံများဖြစ်သည့် သတို့သမီးထိမ်းမြားပွဲကို မိုးခြိမ်းသံတမျှ ထောမနာပြုကြွေးကြော်ကြပါသည်တကား။
ခရစ်တော်၏အောင်ပွဲများနှင့်အုပ်ချုပ်ရေး
ယောဟန်သည်ဆက်လက်၍ ဘုရင်တကာတို့၏ဘုရင်သည် စာတန်၏စနစ်များကိုဖျက်ဆီးရာ၌ ကောင်းကင်ဆိုင်ရာ ဗိုလ်ခြေများကို ဦးစီးသွားသည်ကိုမြင်ရသည်။ (၁၉:၁၁-၁၂) မှန်ပါသည်၊ “ဘုရားသခင်၏နှုတ်ကပါဌ်တော်” ယေရှုသည် တိုင်းနိုင်ငံများတစ်ဖက်၌ စစ်တိုက်တော်မူ၏။ သားရဲ (စာတန်၏နိုင်ငံရေးအဖွဲ့အစည်း) နှင့်မိစ္ဆာပရောဖက် (အင်္ဂလို-အမေရိကန်ကမ္ဘာ့အာဏာစက်) ကို လုံးဝ၊ ထာဝရဖျက်ဆီးခြင်းကို ပုံဆောင်သည့် “မီးအိုင်” ထဲသို့ချပစ်သည်ကို တမန်တော်တွေ့မြင်ရသည်။
ဆက်လက်၍ဘာဖြစ်သနည်း။ စာတန်အားတွင်းနက်ထဲချသည်ကို ယောဟန်မြင်ရသည်။ ထိုနောက်ခရစ်တော်အနှစ်တစ်ထောင်အုပ်ချုပ်ရေးအတွင်း ယေရှုနှင့်ကိုယ်တော်၏ထမြောက်ပြီးသော ပူးတွဲအုပ်စိုးရှင်များသည် လူသားများကိုတရားစီရင်ကာ နာခံသူများအား လူ့စုံလင်မှုသို့ မြှင့်တင်ပေးသည်ကို ရှေ့ပြေးမြင်တွေ့ရပါသည်တကား။ (၂၀:၁-၁၀) ယခုနောက်ဆုံးစမ်းသပ်ချက်ဖြစ်သည်။ တွင်းထဲမှလွတ်ပြီးနောက် စာတန်သည်စုံလင်ပြီးလူသားများအားလှည့်ဖြားရန် ထွက်လာသည်။ သို့သော်ဘုရားသခင့်အား ဆန့်ကျင်သည့်လမ်းလိုက်သော နတ်ဆိုးအားလုံးနှင့် ပုန်ကန်သူလူသားအားလုံးကို ဖျက်ဆီးပစ်မည်။
နောက်ပိုင်းသို့ပြန်ကြည့်လျှင်၊ သေခြင်း၊ ဟေးဒီးစ် (လူသားတို့သင်္ချိုင်း) နှင့်ပင်လယ်ရှိ လူသေအားလုံးထမြောက်လာကာ ကြီးမားသောပလ္လင်ဖြူပေါ်တွင် ထိုင်နေတော်မူသည့် ဘုရားရှင်ရှေ့တရားစီရင်ခံရသည်ကို ယောဟန်တွေ့ရသောအခါ မည်မျှရင်ဖိုခဲ့ပါမည်တကား။ (၂၀:၁၁-၁၅) သေခြင်းနှင့်ဟေးဒီးစ်သည် မီးအိုင်ထဲသို့ချပစ်ခံရသောအခါ လူသေများမြှုပ်ရန်မလိုတော့သည့်အခါ ရိုးဖြောင့်သူများ မည်မျှစိတ်သက်သာမှု ခံစားရပါမည်တကား။
ယောဟန်ရူပါရုံ အဆုံးသတ်သည်နှင့် ယေရုရှလင်မြို့သစ် ကိုသူတွေ့သည်။ (၂၁:၁–၂၂:၂၁) ထိုအုပ်ချုပ်ရေးဆိုင်ရာမြို့သည် ကောင်းကင်မှဆင်းသက်လာပြီး တိုင်းနိုင်ငံများကိုထွန်းလင်းပေးသည်။ ယေရုရှလင်မြို့သစ် မှတစ်ဆင့် “အသက်ရေစီးရာမြစ်” စီးလာသည်။ ယင်းသည်သမ္မာကျမ်းဆိုင်ရာသမ္မာတရား၊ အပြစ်နှင့်သေခြင်းမှနလံထလာကာ ထာဝရအသက်ရရှိမည့် နာခံသည့်လူသားများအတွက် ယေရှု၏ပူဇော်သက္ကာအပေါ်အခြေခံသည့် အခြားဘုရား-ပေးပြင်ဆင်ပေးချက်အားလုံးကို ပုံဆောင်သည်။ (ယောဟန် ၁:၂၉။ ၁၇:၃။ ၁ ယောဟန် ၂:၁၊ ၂) ဤမြစ်တစ်ဖက်စီ၌ ယောဟန်သည်ရောဂါငြိမ်းစေသော အရွက်များဖြင့်အပင်များကို တွေ့ရသည်။ နာခံသောလူသားများကို ထာဝရအသက်ပေးရန် ယေဟောဝါ၏ပြင်ဆင်ပေးချက်အပိုင်းကို ပုံတင်ပြသည်။ ဘုရားရှင်နှင့်ခရစ်တော်၏ နိဂုံးသတင်းများကို ဖိတ်ခေါ်ချက်တစ်ခုအားဖြင့်ဖော်ပြထားသည်။ ဝိညာဉ်တော်နှင့်သတို့သမီးက ရေငတ်သူခပ်သိမ်းအား ‘အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ’ ဟုဖိတ်ခေါ်သံကို ကြားရသည့်အခါ မည်မျှထူးမြတ်ပါသည်တကား။ ကျွန်ုပ်တို့သည် ဗျာဒိတ်ကျမ်း၏နိဂုံးစကားများကို ဖတ်ရှုစဉ် “အာမင်။ သခင်ယေရှုကြွလာတော်မူပါ” ဟူသည့်ယောဟန်၏ စိတ်ထက်သန်သောကြွေးကြော်ချက်တွင် ကျွန်ုပ်တို့လည်းထပ်တူပြုသည်မှာအမှန်ပင်။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
နိုးလျက်နေ—ဘုရားရှင်၏ဟာ–မဂေဒုန် (အာမဂေဒုန်) နှင့်စပ်လျဉ်း၍ “သူခိုးကဲ့သို့ငါ [ယေရှုခရစ်] လာ၏။ အဝတ်အချည်းစည်းနှင့်သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှာ နိုးလျက်နေ၍ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာရှိ၏။” (ဗျာဒိတ် ၁၆:၁၅) ယင်းသည်ယေရုရှလင်ရှိဗိမာန်တော်တောင်ရှိ ကြီးကြပ်ရေးမှူး၊ သို့မဟုတ် တာဝန်မှူး၏တာဝန်ကို ရည်ညွှန်းနိုင်သည်။ ကင်းစောင့်စဉ် သူသည်လေဝိကင်းသမားများ သူတို့၏တာဝန်ကျရာနေရာတွင် နိုးကြား (ဝါ) အိပ်ပျော်နေသလောဟု ဗိမာန်နယ်တစ်လျှောက် လိုက်လံကြည့်ရသည်။ အိပ်ပျော်နေသူကင်းစောင့်ကိုတွေ့ရလျှင် တုတ်နှင့်ရိုက်ပြီး၊ ရှက်ဖွယ်ဒဏ်ပေးမှုအဖြစ် သူ၏အပြင်ဝတ်လုံကိုမီးရှို့လိုက်နိုင်သည်။ အာမဂေဒုန်နီးလှသောကြောင့် “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်” သို့မဟုတ် “ဝိညာဏအိမ်တော်မှ” ဘိသိက်ခံအကြွင်းအကျန်များသည် ဝိညာဉ်ရေးအရနိုးကြားနေရန် အခိုင်အမာဆုံးဖြတ်ထားကြသည်။ သူတို့နှင့်ပေါင်းသင်းနေသူ မြေကြီးမျှော်လင့်ချက်ရှိသူများဖြစ်သည့် “လူအုပ်ကြီး” လည်းအလားတူဖြစ်ရမည်။ သူတို့လည်း ဘုရားသခင်အား ဗိမာန်တော်တွင် မြင့်မြတ်သောအမှုတော်ကို ထမ်းရွက်နေကြသောကြော့င်ဖြစ်သည်။ (၁ ပေတရု ၂:၅၊ ၉။ ဗျာဒိတ် ၇:၉–၁၇) အထူးသဖြင့် ခရစ်ယာန်ကြီးကြပ်မှူးများသည် အသင်းတော်အတွင်း ဆိုးသွမ်းသောအခြေအနေများ ဖြစ်ပေါ်မလာရန် စောင့်ကြည့်နေရမည်။ သူတို့သည်နိုးကြားနေသောကြောင့် ဘုရားသခင့်ဝိညာဏဗိမာန်ရှိ သစ္စာစောင့်ဝတ်ပြုသူအားလုံးသည် ယေဟောဝါ၏သက်သေများအဖြစ် သူတို့၏ဂုဏ်အသရေရှိ အမှုတော်ကိုရည်ညွှန်းသည့် “အပြင်ဝတ်လုံ” ကိုဝတ်ဆင်ထားကြသည်။